Saturday, May 30, 2015

Miss Golden Land Myanmar 2015 ပြိုင်ပွဲ၏ Myanmar's Choice Award အတွက် အွန်လိုင်း မဲပေးနိုင်ပြီ

Miss Golden Land Myanmar 2015 ပြိုင်ပွဲတွင် ချီးမြှင့်မည့် Myanmar's Choice Award အတွက် အွန်လိုင်း မဲပေးမှုကို မေလ ၂၉ရက်တွင် စတင်လိုက်ပြီဖြစ်ရာ ပြိုင်ပွဲဝင် ဆန်ကာတင် အလှမယ် ၃၁ဦးကို စတင် မဲပေးနိုင်ပြီ ဖြစ်သည်။

Miss Golden Land အလှမယ် များကို အွန်လိုင်း မဲပေးလိုလျှင် ပထမဆုံး Miss Golden Land Myanmar (Official Facebook Page) ကို ၀င်ရောက်ပြီး Page ကို Like ပေးရမည် ဖြစ်သည်။ Official Page ကို Like မလုပ်ထားသော Facebook User များ၏ Vote များကို ထည့်သွင်း ရေတွက်မည် မဟုတ်ပေ။


Miss Golden Land Myanmar 2015 Official Voting(1) Album မှ မိမိ ကြိုက်နှစ်သည့် အလှမယ် များ၏ ဓာတ်ပုံ များကို Like ပေးခြင်းဖြင့် မဲပေးနိုင်မည် ဖြစ်သည်။ Like ၁ခုကို မဲ၁ခု အဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း Miss Golden Land Myanmar Organization စည်ကမ်းချက် ထုတ်ပြန် ထားသည်။

အွန်လိုင်းမဲ ပေးမှုကို Miss Golden Land Myanmar 2015 ဖိုင်နယ် ပြိုင်ပွဲ ကျင်းပမည့်ရက် ဇွန်လ (၂၁)ရက် ညနေ (၅) နာရီ အချိန်ထိ နောက်ဆုံးထား သတ်မှတ် ထားသည်။

အလှမယ် များကို မဲပေးနိုင်ရန် Miss Golden Land Myanmar 2015 Voting System အတွက် စာမျက်နှာ နှစ်ခု ထားရှိပေးမည် ဖြစ်ပြီး Voting(1) နှင့် Voting(2) ဟူ၍ နှစ်ခုဖြစ်မည်ဖြစ်ကာ Voting System (၁)ခုစီမှ မဲအရေအတွက် များ၏ (၅၀)ရာခိုင်နှုန်းစီ ရေတွက် သတ်မှတ်မည် ဖြစ်သည်။

Voting System (၂)ခုပေါင်း မဲရာခိုင်နှုန်း အမြင့်ဆုံး ရရှိသည့် အလှမယ်သည် Myanmar's Choice Award ကို ရရှိမည် ဖြစ်ပြီး ဖိုင်နယ် ပြိုင်ပွဲ၏ Top (15) စာရင်းကို အလို အလျောက် တက်လှမ်းခွင့် ရရှိမည် ဖြစ်သည်။

ကမ္ဘာ့ အလှမယ် ပြိုင်ပွဲ (၅)ပွဲအတွက် Miss Myanmar ငါးဦး ရွေးချယ်ရန် တစ်လ ကြာ ကျင်းပ လျက် ရှိသည့် Miss Golden Land Myanmar 2015 ရွေးချယ်ပွဲ၏ FITNESS & LIFESTYLE (SWIMSUIT) COMPETITION ကို ပြင်ဦးလွင်မြို့  ၊ ဆောင်းသဇင် Hotel ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး ရွှေတံဆိပ်ဆုကို အလှမယ် အိမ့်မျက်ခြယ် မှ ရရှိ ခဲ့ပြီး ငွေတံဆိပ်ဆုကို အလှမယ် ဂျာထွယ်လု ၊ ကြေးတံဆိပ်ကို အလှမယ် နန်ဆိုင်းအိန် တို့မှ ရရှိ ခဲ့သည်။

ယင်းအပြင် Miss Golden Land Myanmar 2015 ပြိုင်ပွဲ၏ Multimedia (Special Award) အတွက် Social Media Presentation ပြိုင်ပွဲ စတင်ပြီ ဖြစ်သလို Miss Golden Land အလှမယ်(၃၁) ဦးသည် မိမိတို့ ၏ Official Facebook Page များကို နေ့စဉ် ကိုယ်တိုင် အသုံးပြုကြ ရမှာဖြစ်ပြီး ပြိုင်ပွဲ ကာလ တစ်လျှောက်လုံးတွင် ဓာတ်ပုံ၊ Video ရုပ်သံ တင်ဆက်မှု များစွာဖြင့် Social Media ကို အကျိုးရှိစွာ အသုံးပြု ကြရမည် ဖြစ်သည်။

Miss Golden Land Myanmar 2015 နောက်ဆုံး ပြိုင်ပွဲ ကာလ တစ်လျှောက်လုံးတွင် Social Media ကို အကောင်းမွန်ဆုံး အကျိုးရှိရှိ အသုံးပြု တင်ဆက်နိုင်သည့် အလှမယ်ကို Multimedia Winner ဆုရှင် အဖြစ် ရွေးချယ် ကြေညာပြီး ချီးမြှင့်မည် ဖြစ်သည်။
mizzima

No comments:

Post a Comment