Thursday, May 21, 2015

ဗိုလ်ချုပ်အောင်ဆန်းတို့ ကြိုးစားခဲ့တဲ့သမိုင်းကို ရိုက်ဖြုတ်လိုက်တာနဲ့အတူတူပဲ

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ရန်အတွက် မန်္တလေးမှရန်ကုန်သို့ခရီးရှည်ချီတက်သပိတ်မှောက်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ လက်ပံတန်းတွင် အကြမ်းဖက်ဖြိုခွဲခံခဲ့ရပြီး ယခုအချိန်တွင် သာယာဝတီတရားရုံး၌ တရားရင်ဆိုင်နေရသည်။ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်နိုင်ရေးအတွက် ကျောင်းသားခေါင်းဆောင်တချို့၏အမြင်များကိုမေးမြန်းတင်ပြလိုက်ပါသည်။

မအိသဉ္ဇာမောင်
ကျွန်မတို့ဟာပြုပြင်ပြောင်လဲဖို့အတွက် ကြိုးစား ခဲ့တဲ့ကျောင်းသူ၊ကျောင်းသားတွေဖြစ်တယ်။ ဒီလို ကျောင်းသားတွေကို ဖမ်းဆီးတာကပညာရေးကို လုံခြုံရေးအမြင်နဲ့ ကြည့်နေတဲ့ ပုံပေါ်နေတယ်။ အဲဒီ လိုပညာရေးအတွက်ကိုလုံခြုံရေးအမြင်နဲ့ ကြည့်နေ ရင်တော့ ပညာရေးက ဒီထက်ဆိုးရွားဖို့ပဲရှိတယ်။ နောက်ပြီး ကျွန်မတို့ကို လက်ပံတန်းမှာ ရုံးတင် ကတည်းက ပြောလာတာက တရားစစ်တဲ့အခါမှာ ပြည်သူအများကြားနိုင်အောင် လုပ်ပေးရမယ်။ လူ အများကြီးရှိတာကို လက်ခံတယ်။ တရားစီရင်တဲ့ အခါမှာ အမှန်တရားကိုစီရင်ကြောင်းကို လူအများ ကိုပြသရမှာဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့ တစ် လျှောက်လုံးတောင်းဆိုလာ တာက ပြည်သူများ ကြားနာခွင့်ဖြစ်တယ်။ ကျွန်မတို့ လက်ကိုင်ထားတဲ့ ပညာရေးဥပဒေမူကြမ်းကိုလည်း လုံးဝမမေ့ပါဘူး။ အခုလွှတ်တော်မှာပြောနေတဲ့ ပညာရေးဥပဒေကို လုံးဝလက်မခံနိုင်ဘူးလို့ ပြောချင်တယ်။
ကိုသီဟ၀င်းတင်
အဓိကအနေနဲ့ ကျွန်တော်ပြောချင်တာက အစိုးရကနေသမဂ်္ဂဆိုတဲ့ ရပ်တည်ခွင့်ကိုလုံးဝမလို လားဘူးလို့ပြောချင်တယ်။ ကျွန်တော်တို့တောင်းဆို ထားတဲ့အချက်တွေကို နိုင်ငံရေးအခြေအနေအရ တကယ်သဘောတူသယောင်ပြပြီး တကယ်တမ်းကျ တော့ ကျွန်တော်တို့လိုချင်တဲ့အချက်အလက်တွေက တစ်ခုမှမရဘူး။အဲဒါတွေက ဘာကိုကြည့်ပြီး ပြော တာလဲဆိုရင် ပထမတစ်ချက် အနေနဲ့ သမဂ်္ဂကို တက်္ကသိုလ်ရဲ့ ပဋိညာဉ်အောက်မှာလုပ်ဆိုတဲ့ ပုံစံမျိုး ပြောတယ်။ ပြီးတော့ တက်္ကသိုလ်ပဋိညာဉ်မှာကျောင်း သားသမဂ်္ဂကိုယ်စားလှယ်တွေမပါဘူး။ ဒါကိုကြည့် ခြင်းအားဖြင့် သမဂ်္ဂရဲ့အခန်းကဏ္ဍကိုဖျောက်ဖျက် ထားတယ်။ ကျွန်တော်တို့ပြဿနာက သမဂ်္ဂဆိုတာ အဓိကပဲဖြစ်တယ်။ ဒီသမဂ်္ဂကိုဖျောက်ဖျက်မှတော့ နဂိုမူလပုံစံအတိုင်းစစ်အာဏာရှင်စနစ်ကပေးတဲ့ စစ်ကျွန်ပညာရေးစနစ်လို့ပဲလို့ ကျွန်တော်တို့သတ်မှတ် ရလိမ့်မယ်။
ကိုမိုးထက်နေ
အဓိကကတော့ အခုအချိန်ထိအမျိုးသား ပညာရေးနဲ့ ပတ်သက်လို့ကျွန်တော်တို့သဘောတူ ထားတဲ့ အချက် (၁၁) ချက်လုံးဘာမှမရသေးဘူး။ လေးပွင့်ဆိုင်ကိစ်္စမှာလည်း ကျွန်တော်တို့နဲ့ သဘော တူထားတဲ့ကတိတွေကို အကြိမ်ကြိမ်ထပ်ပြီတော့ ချိုးဖောက်နေတယ်။ ဒါတွေဟာ ကျွန်တော်တို့နိုင်ငံ အတွက်မကောင်းဘူးလို့နားလည်တယ်။ ကျွန်တော် တို့ကျောင်းသားတွေအပေါ်မှာရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေပေါ်မှာရော၊ နောက် ပြီး ပါတီတွေနဲ့ အလုပ်သမား၊ လယ်သမားတွေ အပေါ်မှာ ဒီလိုမျိုးတွေချိုးဖောက်နေတာများလာရင် တိုင်းပြည်ရဲ့ အနာဂတ်မှာ ဒီမိုကရေစီအတွက် ဒီအစိုးရကအာမခံနိုင်မှုမရှိတော့ဘူးလို့ စွပ်စွဲချင် တယ်။ အစိုးရအနေနဲ့ ကတိတွေချိုးဖောက်တာများ လာရင် ရွေးကောက်ပွဲကိစ်္စတွေနဲ့ ဒီမိုကရေစီနိုင်ငံ တော်သွားမယ်လို့ပြောနေတာတွေဟာ မြောင်းထဲ ကန်ချပစ်ဖို့ပဲရှိတယ်။
မဟန်နီဦး
ကျွန်မတို့တောင်းနေတာက ဒီမိုကရေစီပညာ ရေးနဲ့ ပတ်သက်ပြီးတောင်းနေတာဖြစ်တဲ့အတွက် ကျောင်းသားသမဂ်္ဂတွေလွတ်လပ်စွာဖွဲ့စည်းခွင့်ဆို တာကမဖြစ်မနေပါဝင်သင့်တယ်။ ကျောင်းသားတွေ တင်မဟုတ်ဘဲ ဆရာများသမဂ်္ဂကိုလည်း လွတ်လပ် စွာဖွဲ့စည်းခွင့်ရှိဖို့လိုတယ်။ ကျောင်းသားသမဂ်္ဂတွေ၊ ဆရာများသမဂ်္ဂတွေဖွဲ့စည်းခွင့်တွေကျန်ခဲ့မယ်ဆိုရင် တော့ လုံးဝရိုးသားမှုမရှိဘူး။ အစိုးရရော၊ လွှတ်တော် ရော၊ ဒီမိုကရေစီပညာရေးကိုသွားချင်တယ်ဆိုရင် တော့ အခုလုပ်ရပ်တွေကိုပြင်သင့်တယ်။ ဒီလိုမပြင် ရင်တော့ ဒီအစိုးရရဲ့လုပ်ရပ်တွေက တကယ်ယုံကြည် စရာမရှိဘူးလို့မြင်ပါတယ်။
မဖြိုးဖြိုးအောင်
ကျွန်မတို့က ပြည်သူ့လွှတ်တော်မှာရော၊ အမျိုး သားလွှတ်တော်ကိုရော၊ အမျိုးသားပညာရေးဥပဒေ ကြမ်းတစ်ခုကိုတင်သွင်းထားတာရှိပါတယ်။ အဲဒီ ဥပဒေကြမ်းကလေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးက နေသဘောတူညီထားတဲ့အချက်တွေဖြစ်တယ်။ ဒီဥပဒေကြမ်းကလေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ ပါတဲ့ သူတွေရဲ့သဘောထားဆန်္ဒတွေဖြစ်တယ်။ ဒီလို သဘောတူခဲ့တာတွေကို ကျွန်မတို့အနေနဲ့ အမျိုးသား ပညာရေး ဥပဒေကြမ်းအဖြစ်တင်ထားပြီးသားဖြစ် တယ်။ ဒီလိုတင်ထားရဲ့သားနဲ့ ကွဲလွဲနေမယ်။ သဘောတူညီချက်တွေမပါဘူး။ လက်ရှိအနေအထား မှာမြင်တွေ့ရသလောက်ကျွန်မတို့ယုံကြည်မျှော်လင့် ထားသလိုမဖြစ်လာဘူး။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နှစ်ရပ်လုံးမှာကျောင်းသားတွေဘက် ကရပ်တည်တာနည်းပါးတာကိုတွေ့ရတယ်။ ဒီလို့ဖြစ် တာတွေတာ ၀မ်းနည်းဖို့ကောင်းတယ်။ ကျွန်မတို့ကို အလိမ်ခံရတယ်လို့ပဲပြောချင်တယ်။ ကျွန်မတို့အနေ နဲ့ အလိမ်ခံရတယ်ပြောပေမယ့် ကြိုတင်မျှော်လင့် ထားပြီးသားဖြစ်တယ်။ ကြိုတင်မျှော်လင့်ထားတဲ့ အတွက် ကျွန်မတို့ကသံသယတွေ့တဲ့အတွက် ရန်ကုန် ဆက်သွားဖို့နဲ့ သပိတ်ကိုဆက်သွားဖို့ကို ဆုံးဖြတ် ခဲ့ကြတာဖြစ်တယ်။ အရင်တုန်းက သံသယတွေဟာ အခုအချိန်မှာဖြစ်လာပါပြီ။ အခုအမျိုးသားပညာရေး နဲ့ အတည်ပြုဖို့တော့လိုသေးတယ်။ ဒီလိုဆုံးဖြတ် အတည်ပြုရင်လည်း ကျွန်မတို့အနေနဲ့ အများကြီး မမျှော်လင့်တော့ဘူး။ ဒါကြောင့် ဒီမိုကရေစီပညာ ရေးမှာ ကျွန်မတို့လိုချင်တဲ့ ဒီမိုကရေစီစံချိန်စံညွှန်းတွေ ရဖို့အတွက်ဆက်ပြီး ကြိုးစားရဦးမှာဖြစ်တယ်။ ကျွန်မ တို့ ထောင်ထဲမှာရောက်နေပေမယ့် အပြင်မှာ ရှိတဲ့ ကျောင်းသူ ကျောင်းသားတွေက ဆက်ပြီးတော့ ဆက်လက်တောင်းဆိုသွားမှာဖြစ်တယ်။
ကိုအောင်မှိုင်းဆန်း
အစိုးရကကျောင်းသားသမဂ်္ဂကို တက်္ကသိုလ်တွေ မှာ ဖွဲ့စည်းခွင့်ပေးမယ်လို့ပြောတယ်။ လွတ်လပ်စွာ ဖွဲ့စည်းခွင့်မဟုတ်ဘဲနဲ့ တက်္ကသိုလ်ပဋိညာဉ်အောက် မှာဖွဲ့ဖို့ပြောတဲ့အတွက် ကျောင်းသားသမဂ်္ဂကို လွတ်လပ်စွာဖွဲ့စည်းခွင့်ပေးထားတာမဟုတ်တဲ့ အတွက် လက်မခံဘူး။ နောက်တစ်ချက်ကအခြေခံ ပညာကျောင်းသားတွေမှာပါ။ သမဂ်္ဂကိုဖွဲ့ခွင့်ရှိရမယ်။ ဒီလိုပေးမဖွဲ့တာကိုလည်း လက်မခံဘူး။ ဒီလို့ပေးမဖွဲ့ တဲ့အတွက် လက်မခံဘူး။ သမဂ်္ဂဆိုတဲ့ အသုံးအနှုန်း မှာ တက်္ကသိုလ်အုပ်ချုပ်ရေး ကောင်စီမှာ၊ သမဂ်္ဂ ကိုယ်စားလှယ်အသုံးအနှုန်းမှာ သမဂ်္ဂကိုဖြုတ် ချင်တယ်။ ကျောင်းသားကိုယ်စားလှယ်၊ ဆရာကိုယ် စားလှယ်ကိုပဲ ထည့်မယ်ဆိုတာကိုလက်မခံနိုင်ဘူး။ သမဂ်္ဂဆိုတာကကျောင်းသားကိုကိုယ်စားပြုပြီးသား ကျောင်းသားသမဂ်္ဂဟာ၊ ကျောင်းသားအားလုံးကို ကိုယ်စားပြုထားတဲ့အတွက် သမဂ်္ဂကိုယ်စားလှယ်သုံး တာကိုပဲလိုချင်တယ်။ သမဂ်္ဂကိုဖြုတ်တာဟာ သမဂ်္ဂ ရဲ့ တရားဝင်မှုကျောင်းသားတွေအပေါ်ကိုယ်စားပြု မှုကိုအသိအမှတ်မပြုရာကျတယ်။ သမဂ်္ဂရဲ့ သမိုင်း အစဉ်အလာကိုလည်းချိုးဖဲ့ရာကျတယ်။ သမဂ်္ဂကိုယ် စားလှယ်ဆိုတာ ဟိုအရင်အင်္ဂလိပ်လက်ထက်က တည်းက တက်္ကသိုလ်အုပ်ချုပ်ရေးကောင်စီမှာဥပဒေ အရတရားဝင်ပြဋ္ဌာန်းပေးပြီးသားဖြစ်တယ်။ အဲဒီလို ပြဋ္ဌာန်းခွင့်ရခဲ့တာလည်း အလကားရခဲ့တာမဟုတ် ဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့ကိုယ်တိုင်တိုက်ယူခဲ့ပြီး တော့ ဥပဒေထဲမပါပါအောင် ထည့်ခဲ့တာ။ ဒါတွေ ဟာ သမိုင်းမှာ ရှိပြီးသားပါ။ အဲဒါကြောင့်မလို့ သမဂ်္ဂတွေရဲ့ ကိုယ်စားလှယ်ဆိုတဲ့နေရာမှာသမဂ်္ဂကို ဖြုတ်တာဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ကြိုးစားခဲ့တဲ့ သမိုင်းကိုရိုက်ဖြုတ်လိုက်တာနဲ့အတူတူပဲ။ ဒါကြောင့် မလို့ကျွန်တော်တို့လက်ခံလို့မရဘူး။ ကျွန်တော်တို့ အားကိုးမျှော်လင့်ထားတဲ့ပါတီက လွှတ်တော်အမတ် တွေကိုယ်၌ကိုယ်ကသမဂ်္ဂဆိုတဲ့အသုံးအနှုန်းကိုဖယ် ရှားဖို့အဆိုတင်တယ်လို့ကြားလိုက်ရတဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုသူတို့အပေါ်အားလုံးကို ပြောင်းပြန်လှန်သလိုခံစားခဲ့ရတယ်။ ပြီးတော့ သူတို့ တွေအားလုံးကလည်း သမဂ်္ဂတွေရဲ့အမှတ်တံဆိပ် ဖြစ်တဲ့ ခွပ်ဒေါင်းအလံကိုအသုံးပြုထားတဲ့ ပါတီကိုယ် စားလှယ်တွေက သူတို့အသုံးပြုထားတဲ့အမှတ်အသား ကိုအားမနာဘဲနဲ့ ဒီလိုလုပ်တာကျွန်တော်တို့အတွက် ကြေကွဲရတယ်လို့ပြောချင်တယ်။
မျိုးကျော်
Hot News Journal

No comments:

Post a Comment