Monday, May 11, 2015

ဦးပိန်တံတားအကြီး စားပြင်ဆင်မှုအတွက် ကျပ် သိန်းနှစ်ထောင်ကျော် ပြည်ထောင် စု အစိုးရ ဘတ်ဂျက် မှ တောင်း ခံထားဟုဆို


ရန်ကုန်၊ မေ ၁၀-မန္တလေး တိုင်းဒေသ ကြီး အမရပူရမြို့နယ်ရှိ ဦးပိန်တံတား အကြီးစားပြင်ဆင်မှုအတွက် ကျပ် သိန်းပေါင်းနှစ်ထောင်ကျော် ကို ပြည် ထောင် စု အစိုးရဘတ်ဂျက်မှ တောင်း ခံထားကြောင်း မန္တလေး တိုင်းဒေသ ကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေး ဝန်ကြီး ဒေါက် တာမြင့်ကြူက ဒီမိုကရေစီတူ ဒေးသတင်းစာသို့ ပြောသည်။

ဦးပိန်တံတား ကို ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ခုနှစ်တွင်လည်း အ သေးစားပြင် ဆင်မှုများပြုလုပ်ခဲ့ပြီး ယခုတဖန် အကြီးစားပြင်ဆင်မှုပြုလုပ် သွားရန် စီစဉ်နေကြောင်း သိရသည်။ဒေါက်တာမြင့်ကြူက ''ဦးပိန်တံ တား ကို အကြီးစားပြင်ဆင် ဖို့အ တွက် ပြည်ထောင်စု အစိုးရအဖွဲ့ကနေပြီး ကျပ် သိန်းပေါင်းနှစ်ထောင်ကျော် တောင်း ခံ ထား တယ် ။ အခုအချိန်ထိ တော့ မကျသေးဘူး။ ကျဖို့တော့များ ပါတယ်'' ဟု ပြောသည်။

ယခင်က ဦးပိန်းတံတားပြင်ဆင် ရာတွင် သစ်သားအစား ကွန်ကရစ် တိုင်များအစား ထိုးသုံးစွဲခဲ့ခြင်းကြောင့်ဦးပိန်တံတားကို အကျည်း တန် ရုပ် ဆိုးစေသည်ဟု နိုင်ငံခြားသားဧည့် သည်များနှင့် သမိုင်းဆိုင်ရာပညာ ရှင်များက ဝေဖန်မှုများပြုလုပ်ကြ ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မန္တလေး တိုင်းဒေသကြီး အမရပူရမဲဆန္ဒနယ် မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးမိုးနိုင်ကျော်က ''ဦးပိန် တံတားကို အကြီးစားပြင်ဆင်ဖို့အ တွက်ပါ။ ဘယ်လိုပြင်ဆင်မယ်ဆို တာတော့ မသိသေးပါဘူး။ ပြင်ဆင် တုန်းမှာ ပိတ်ထား မှာလား။ ဖွင့်ထား မလား။ ဒါတွေကိုလဲ အသေးစိတ် တော့မသိသေးပါဘူး။ အဓိကက တော့ ပြင် ဆင် တဲ့အခါမှာ ရှေး မူမပျက် ပြင်ဆင် သွားရမှာပါ။ သင်္ကြန်လိုပွဲ တွေရှိတဲ့အခါမျိုးတွေမှာဆိုရင် လူအင် အားအများကြီးနဲ့တက်ကြ တယ်။ အဲ ဒီအခါမျိုးတွေမှာဆိုရင် စိုးရိမ်ရ တယ်။ အကြီးစား ပြင်ဆင် ဖို့လိုအပ် နေပါပြီ'' ဟု ပြောသည်။

ဦးပိန်တံတား ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် လာရောက်လည် ပတ်သည့်သူများအနေဖြင့် သတ်မှတ် စည်းကမ်းများနှင့်အညီ လိုက်နာရန် လိုအပ်ကြောင်း သိရသည်။

တံတားပြုပြင်ထိန်း သိမ်းရေး ကော်မတီအတွင်းရေးမှူးဖြစ်သူ ဦးစိုး ဝင်းက ''ဦးပိန်တံတားကိုပြင်မယ်ဆို ရင် မဖြစ်မနေလဲရမှာက တိုင်လုံးကိုး ဆယ်ကျော်ရှိပါတယ်။ အဲဒီတိုင်လုံး တွေက မဖြစ်မနေလဲရမယ့် တိုင်လုံး တွေပါ။ ဦးပိန်တံတားပေါ်ကို တစ် နေ့မှာ လူဦးရေ ၁၅၀၀၀၊ ၂၀၀၀၀ လောက်ဝင်ရောက်နေတယ်။ ကျွန် တော်တို့အနေနဲ့ ကတော့ ကော်မတီ လေးတစ်ခုဖွဲ့ထားပြီး တတ်နိုင်သ လောက် နဲ့ ပြင်ဆင်နေ တယ်။ တစ် နိုင်တစ်ပိုင်ပြင်ဆင်နေတာပါ။ ပရဟိ တသက်သက် ပါ။ အမြဲတမ်းလဲ ပြင် ဆင်နေဦးမှာပါ။ အားလုံးပူးပေါင်းပါ ဝင်ဖို့တော့လို အပ်ပါတယ်။ ကိုယ်မ လုပ်နိုင်ရင် လုပ်နိုင်တဲ့သူတွေလုပ်နေ တာတွေကိုတော့ အားပေးဖို့တော့ လိုအပ်ပါတယ်'' ဟု ပြောသည်။

ဦးပိန်တံတားသည် နှစ်ပေါင်း ၁၆ဝကျော်သက်တမ်းရှိပြီး ကမ္ဘာကျော် သည့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် တစ်ခုလည်းဖြစ်သည်။

AA
#Democracytoday

No comments:

Post a Comment