Monday, May 11, 2015

NCCT ၏ ထိပ်သီးအစည်းအဝေး ကေအင်န်ယူ ထိန်းချုပ်နယ်မြေတွင် ကျင်းပနိုင်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) ထိပ်သီး အစည်းအ ဝေးကို ကရင်အမျိုးသားအစည်း အရုံး(KNU)ထိန်း ချုပ်နယ်မြေ၌ ဇွန်လဆန်းတွင် ပြုလုပ်နိုင်ခြေများ ကြောင်း ယင်း အဖွဲ့ခေါင်းဆောင် နိုင် ဟံသာက ပြောသည်။

‘‘လော်ခီးလာမှာ ဖြစ်မလား၊ မိုင်းလားမှာ ဖြစ်မလားတော့ မ ပြောတတ်သေး ဘူး။ လော်ခီးလာ မှာဖြစ်ဖို့တော့ ရာနှုန်းများတယ်’’ ဟု NCCT ခေါင်းဆောင် က ဆို သည်။
မေလ ၆ ရက်က ‘ဝ’ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ထိန်းချုပ် နယ်မြေ ပန် ဆန်းမြို့တွင် ပြုလုပ်ခဲ့သော ထိပ် သီးအစည်းအဝေးသို့ NCCT အဖွဲ့ဝင်(၁၆)ဖွဲ့အနက် ကိုးဖွဲ့သာ ဖိတ်ကြားခြင်းခံခဲ့ရသည်။ ယင်း အ တွက်ကြောင့် NCCT အဖွဲ့ဝင် အားလုံးပါဝင်သော ထိပ်သီးအ စည်းအဝေးကို သီး သန့် ပြုလုပ် ရခြင်းဖြစ်ကြောင်း NCCT ကိုယ်စားလှယ် များက ပြောကြားသည်။
လာမည့် NCCT ထိပ်သီးအ စည်းအဝေးတွင် တစ်နိုင်ငံလုံး အ ပစ်အခတ် ရပ်စဲရေးသဘောတူညီ ချက်စာချုပ်(NCA)မူကြမ်းနှင့် အ ဖွဲ့ဝင် သုံး ဖွဲ့ နုတ် ထွက်မည့်ကိစ္စ ရပ်များ ဆွေးနွေးမည်ဖြစ်ကြောင်း NCCT မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
NCCT အဖွဲ့ဝင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များထိပ် သီးအစည်း အဝေးကို ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာတွင် နှစ် ကြိမ်၊ KNU ဗဟိုဌာနချုပ်တည်ရှိ ရာ လော်ခီးလာတွင် တစ်ကြိမ် ပြု လုပ်ခဲ့ဖူးသည်။
7 Day

No comments:

Post a Comment