Monday, May 11, 2015

ရွှေဝါရောင်မြွေဖြူကြီးနှစ်ကောင် ရောက်ရှိပြီးနောက် ဓာတ်စုံပေါင်းစု အောင်မင်းခေါင်စေတီမှ ရောင်ခြည်တော်ကွန့်မြူးခဲ့ဟုဆို

ရွှေဝါရောင် မြွေဖြူကြီးနှစ်ကောင် ဒိုက် ဦးမြို့ ခေမာသီဝံသာသနာ ပြုနယ်မြေသို့ ရောက်ရှိလာ ခဲ့ပြီးနောက် ဓာတ်စုံပေါင်းစု အောင်မင်းခေါင်စေတီမှ ရောင်ခြည်တော် ကွန့်မြူးခဲ့ပြီး ပျားကြီးများလည်း အုံဖွဲ့ရောက် လာကာ စေတီတော်အားပူ ဇော်ခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့မှ ဓာတ်စုံပေါင်းစု အောင်မင်း ခေါင်စေတီ ရောင်ခြည်တော် ကွန့်မြူးမှုကို စတင်တွေ့ရှိသူမှာ ပန်းရန်ဆရာ ဦးစံရွှေမြင့် ဖြစ်ပြီး တန်ခူးလပြည်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ရောင်ခြည်တော်များ လျှပ်စီး လျှပ်သကဲ့သို့ တွေ့မြင်ခဲ့ရပြီး ရောင်ခြည် တော်များ ဖြာထွက်သွားသည်ကို အံသြဖွယ် မြင်တွေ့ခဲ့ရ၍ ဖုန်းကင်မရာဖြင့် ရိုက်ပြီး မှတ်တမ်းတင်ထားခဲ့သည်ဟု ဆိုသည်။

မြွေစာကျွေးရန်သွားရောက်သည့် သာသနာပြုယောဂီ နန္ဒမာလာမှ ထူးခြား သော ရောင်ခြည်တော်ဖူးခွင့်ရစေဟု ဆု တောင်းအဓိဌာန်ပြုနေစဉ် ထင်ရှားစွာရောင် ခြည်တော်များ လွှင့်ပြခဲ့သည်ကို နာရီဝက် ခန့်အကြာ တွေ့မြင်ခဲ့ရ၍ ဖုန်းဖြင့် ဗီဒီယို ရိုက်ကူး မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ ခေမာသီဝံကျောင်းတိုက် သာသနာပြုနယ် မြေသို့ လွန်ခဲ့သော နှစ်လကျော်ခန့်က ထူး ဆန်းသော မြွေကြီးငါးကောင်ကို သာသနာ ပြုယောဂီ နန္ဒမာလာမှ သာသနာပြုရန် လာ ရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရပြီး ထပ် မံရောက်ရှိလာသည့် မြွေဖူကြီးနှစ်ကောင် ကို ဦးရဲကံဇော်နှင့် ဒေါ်မေဖြိုးထွန်းတို့မှ မွေး နေ့အလှူအဖြစ် လာရောက် ပို့ဆောင်ခဲ့ခြင်း ဖြစ်ပြီး၊ မြွေဖြူဟုဆိုသော်လည်း တစ်ကိုယ် လုံး ဖြူဖွေးနေခြင်းမဟုတ်ဘဲ အဖြူပေါ်တွင် လှပသော ရွှေဝါရောင်အကွက်များ ပေါ် နေသည့် ရှားပါးသောြေ>ွမဖြူကြီးများဖြစ် ကြောင်း သိရသည်။
အဆိုပါ မြွေဖူကြီးနှစ်ကောင် မှာ အပြင်သို့လွှတ်ထားချိန်တွင် ဘုရား၊ စေ တီ၊ ရုပ်ပွားတော်တို့အား သွားရောက်ပူဇော် သည်ဟုဆိုသည်။
|───────────Yangon Media Group ──────────|

No comments:

Post a Comment