Friday, June 12, 2015

ဂျပန် ဗဟိုဘဏ် အကြီးအကဲ၏ မှတ်ချက်စကားကြောင့် ယန်းငွေ တန်ဖိုးတက်လာ

ဂျပန်ဘဏ်ရဲ့ အကြီးအကဲက ဂျပန်ငွေကြေး နောက်ထပ်ကျဆင်းမှု ဖြစ်နိုင်ဖွယ်ရာ မရှိတော့ကြောင်း ပြောကြားအပြီးတွင် ဗုဒ္ဓဟူးနေ့ (ဇွန် ၁၀ ရက်)က ဂျပန်ယန်းငွေသည် ဒေါ်လာ၊ ယူရိုတို့နဲ့ ယှဉ်ပြီး တန်ဖိုးတက်လာခဲ့သည်။
ဂျပန်ငွေကြေးသည် ငွေကြေးလှုံ့ဆွမှု အစီအစဉ်၏ အကျိုးဆက်အဖြစ် သိသိသာသာ ကျဆင်းသွားခဲ့ပြီးဖြစ်ကြောင်း ဂျပန်ဗဟိုဘဏ်၏ အုပ်ချုပ်ရေးမှူး ဟာရူဟီကို ကူရိုဒါက ပါလီမန် ကော်မတီတစ်ရပ်ကို ပြောကြားခဲ့သည်။ အမေရိကန် ဗဟိုဘဏ်၏ အတိုးနှုန်း မြှင့်တင်ရန် လှုပ်ရှားမှုကြောင့် ယန်းငွေကြေး ဈေးပေါသွားမည် မဟုတ်ဟုလည်း ကူရိုဒိုက ပြောကြားခဲ့သည်။

ယန်းငွေ သိသိသာသာ ကျဆင်းမှုသည် ဂျပန် ပို့ကုန်သမားတွေအတွက် သတင်းကောင်းဆိုသော်လည်း သွင်းကုန်သမားများအတွက်မူ ကုန်ကျစရိတ် မြင့်တက်စေပြီး ဖောက်သည်၏ ဝယ်အားကိုလည်း ပွန်းစားလျော့ပါးစေသည်။
BK Asset Management မှ ဘောရစ် ရှလော့ဘာ့က ကူရိုဒါ၏ ‘‘ဈေးကွက်ကို လုံးဝ ပြင်ဆင်မထားဘဲ အမိဖမ်း’’ ဆိုသည့် မှတ်ချက်စကားနှင့် ပတ်သက်၍ ပြောကြားရာတွင် ပြည်တွင်း ဈေးကွက်များ၏ ပြောင်းလဲနိုင်ဖွယ် အလားအလာက ငွေကြေးကို ပိုမိုအားနည်းသွားစေမည်ကို စိုးရိမ်သည်ဟု ဆိုသည်။
ဥရောပ ဘွန်းဈေးကွက် မှန်မှန်မြင့်တက်မှုက တစ်ခုတည်းသော ငွေကြေး၏ အောင်မြင်မှုကို ကျားကန်ပေးထားသောကြောင့် ဒေါ်လာသည် ယူရိုနှင့်ယှဉ်ပြီး နိမ့်ကျသွားခဲ့ရသည်ဟု Western Union Business Solutions မှ အကြီးတန်း ဈေးကွက်သုံးသပ်သူ ဂျိုး မနင်ဘိုက ပြောကြားသည်။
mizzima

No comments:

Post a Comment