Sunday, June 28, 2015

အေအိုင်ဒီအက်စ်ကူးစက်ခံ မိဘမဲ့မြန်မာကလေးများဂေဟာ ဖွင့်လှစ်

အေအိုင်ဒီအက်စ်ကူးစက်ခံရတဲ့ မိဘမဲ့မြန်မာကလေးတွေအတွက် စောင့်ရှောက်ကူညီရေးဂေဟာတခုကို ဂျပန်နိုင်ငံ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုအကူအညီနဲ့ မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်မှာ ဖွင့်လှစ်လိုက်ပါတယ်။ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့က ဖွင့်လှစ်လိုက်တယ်လို့ ဂျပန်အခြေစိုက် အန်အိပ်ခ်ျကေသတင်းမှာ ဖော်ပြပါတယ်။
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ ကူမာမိုတိုခရိုင်ရှိ ၀ိုင်အမ်စီအေအုပ်စုက ဦးဆောင်ပြီး လှူဒါန်းငွေတွေနဲ့ အဲဒီအဆောက်အုံတည်ဆောက်ဖို့ ရန်ပုံငွေမြှင့်တင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာပါ။

လက်ရှိ ဖွင့်လှစ်လိုက်တဲ့ အဲဒီဂေဟာမှာ အသက် ၉ နှစ်ကနေ ၁၆ နှစ်ကြား မိဘမဲ့ကလေး ၁၁ ယောက်ရှိပြီး အဲဒီထဲက ၂ ဦးဟာ မိခင်က ကလေးဆီ အိပ်ခ်ျအိုင်ဗွီရောဂါပိုး မွေးရာပါ ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။

ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ အမျိုးသမီးတဦးက မိဘမဲ့ကလေးတွေကို ပညာသင်ကြားပေးရုံသာမကပဲ မိသားစုဝင်တွေလို စောင့်ရှောက်သွားမှာဖြစ်ပြီး သူတို့တွေ ကြီးပြင်းလာတဲ့အခါ အောင်မြင်စေချင်တယ်လို့ ပြောပါတယ်။

အခု စောင့်ရှောက်ထားတဲ့ ကလေးအများစုဟာ ကချင်ပြည်နယ် ကျောက်မျက်မိုင်းတွင်းတွေထဲမှာ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ မူးယစ်ဆေး အသုံးပြုမှုတွေ ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေပြီး မူးယစ်ဆေး ထိုးအပ် အချင်းချင်း မျှဝေသုံးစွဲတာဟာလည်း သူတို့တွေကြားမှာ အိပ်ခ်ျအိုင်ဗွီကူးစက်မှုနှုန်းကို မြင့်တက်လာစေတယ်လို့ အဲဒီသတင်းက ဆိုပါတယ်။

ဆွေမျိုးသားချင်းဘိုးဘွားတွေ မရှိတော့တဲ့ အေအိုင်ဒီအက်စ် ကူးစက်ခံထားရတဲ့ ကလေးတွေ အခုအချိန်မှာ တနေ့တခြား များလာနေပြီး ကူညီစောင့်ရှောက်ပေးမယ့်သူ မရှိသလောက် ဖြစ်နေပါတယ်။

ကူမာမိုတိုခရိုင်ရှိ ၀ိုင်အမ်စီအေအုပ်စု ခေါင်းဆောင် ဟီရူးဆုဆူမီက အေအိုင်ဒီအက်စ် ကူးစက်ခံထားရတဲ့ မိဘမဲ့ကလေး အယောက် ၄၀ လောက် ဂေဟာကို ထပ်ရောက်လာဖို့ ရှိပြီး အကူညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
dvb

No comments:

Post a Comment