Tuesday, June 9, 2015

လယ်ယာမြေပိုင်ဆိုင်ခွင့်လက်မှတ်ပုံစံ(၇)ထုတ်ယူမှု မသမာမှုများကြောင့် လယ်သမားများနစ်နာနေ

အစိုးရဘဏ်မှ ချေးငွေ ရရှိရန် လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ် ပုံစံ (၇)ထုတ်ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ မသမာမှုများကြောင့် လယ်သမား များ လယ်မြေပိုင်ဆိုင်ခွင့်များပါ ဆုံးရှုံးခဲ့ရသည်ဟု တောင်သူလယ် သမားထံမှ သတင်းရရှိသည်။
‘‘ဒီပုံစံ (၇) လုပ်ရင် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့်  လုပ်ရတာ အဆင်မပြေတာတွေ ရှိတယ်။ ရွာထဲမှာ ပွဲစားတွေက အလိမ်ခံရတာ တချို့တွေခံရတာ ရှိတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဆီ တင်ထားပြီး ပုံစံ (၇)မကျသေး တဲ့ လယ်သမားတွေရှိတယ်’’ဟု မအူပင်မြို့နယ်မှ လယ်သမား ဦး စိန်ဝင်းက  ပြောသည်။
ပုံစံ (၇) သည် ဘဏ်လုပ်ငန်း အဆင်ပြေရေး ပိုင်ဆိုင်မှုတင်ပြ ရန်ဖြစ်ပြီး     ပုံစံ(၇)မတိုင်မီ လယ်သမားများအနေဖြင့်ဘဏ်မှ ချေးငွေယူရာတွင် လယ်ယာပိုင် ဆိုင်မှုအတွက် ပိုင်ဆိုင်ကြောင်းအ ထောက်အထား စာရွက်များပြရ ကြောင်း တောင်သူလယ်သမား များဖွံ့ဖြိုးတိုးတက်ရေးပါတီအ တွင်းရေးမှူး ဒေါ်ခင်သန်းဦးက ပြောသည်။

‘‘ဒီပုံစံ (၇) ပါမှ ငွေချေးလို့ရ မယ်ဆိုတာ သိနေတော့ တချို့က သူများလယ်ယာမြေကို ပုံစံ (၇) သွားလျှောက်ပြီး ငွေထုတ်တဲ့ပြ ဿနာတွေအများကြီး   ဖြစ်နေတယ်’’ဟု ၎င်းက ဆက်လက်ပြော သည်။
လယ်မြေပိုင်ဆိုင်ကြောင်း အရောင်းအ၀ယ်လက်မှတ်နှင့် လယ်မြေပြေစာတစ်ခုရှိရုံဖြင့် ပုံစံ (၇) ထုတ်ယူနိုင်သည်။ ထို့ပြင် ပုံစံ (၇) ရရှိရန် ရပ်ကျေးအုပ်ချုပ်ရေး မှူးကို အာဏာကုန်လွှဲထားသည် ဟု တွံတေးမြို့နယ် မြေစာရင်းဦး စီးဌာနမှ အရာရှိတစ်ဦးက ပြော သည်။
တွံတေးမြို့နယ် လမုတန်း ကျေးရွာမှ ဦးဟံတင်၏ ဘိုးဘွား ပိုင်မြေမှာ ၁၁ ဧကရှိပြီး ပုံစံ(၇) ကျလာချိန်တွင် ခြောက်ဧကခန့် သာရှိကာ ကျန်လယ်ဧကမှာ အခြားလူတစ်ဦးက  ပိုင်ဆိုင်နေသည်။
ဦးဟံတင်က အုပ်ချုပ်ရေး မှူးကို တရားစွဲဆိုရန် ကြိုးစားခဲ့ သော်လည်း တရားစွဲခွင့်မရခဲ့ ကြောင်း ဦးဟံတင်ကပြောသည်။ ထို့ပြင် တွံတေးမြို့နယ် ကျွဲဒရွက် အုပ်စုနေ ဦးထွန်းရွှေမှာ ၎င်း၏ လယ်ကိုလွန်ခဲ့သည့် ငါးနှစ်ခန့်က လယ်ပေါ်ငွေပေါ်ပေါင်ထားခဲ့ပြီး သုံးနှစ်အကြာတွင် ပြန်ရွေးခဲ့ သည်။ သို့သော် ၎င်းပေါင်ထား သည့် လူမှာ ပြေစာတစ်ခုတည်းဖြင့် ပုံစံ(၇) သွားရောက်ထုတ်ယူ ထားပြီး  တရားပြန် စွဲထားသည်ဟု ဦးထွန်းရွှေကပြောသည်။
‘‘ပုံစံ(၇) ထုတ်ပေးဖို့က အုပ် ချုပ်ရေးမှူးရယ်၊ မြေစာရင်းပေါင်း ပြီးလုပ်ပေးနေပါတယ်။ လက်ရှိ အချိန်အထိ ပြဿနာတက်တာ မ ရှိသေးဘူး’’ဟု တွံတေးမြို့နယ်တံ ခါးလှည့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စန်းက ပြောသည်။
ထို့ပြင် ပုံစံ (၇) ထုတ်ပေးရန် လယ်လုပ်ကြောင်း ပြေစာအပြင် အခြားလယ်သမားများပါ သေချာ စစ်မေးပြီးမှ ထုတ်ပေးကြောင်း၎င်း က ဆက်လက်ပြောသည်။

No comments:

Post a Comment