Tuesday, June 9, 2015

ဂျနီဖာလိုပက်(ဇ်) ၏ ဂီတပွဲအား ထုတ်လွှင့်ခဲ့ခြင်းအပေါ် ရုပ်သံအာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးရန် မော်ရိုကို ဝန်ကြီးချုပ် တောင်းဆို

မော်ရိုကို ရုပ်သံလွှင့်ဌာန တစ်ခုသည် ဂျနီဖာလိုပက်(ဇ်) ၏ ဂီတပွဲတစ်ခုအား ထုတ်လွှင့်ခဲ့ရာ၊ ထိုကိစ္စအပေါ် မော်ရိုကို ရုပ်သံလွှင့်ဆိုင်ရာ အာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးရန် မော်ရိုကိုဝန်ကြီးချုပ် Abdelilah Benkirane က တောင်းဆိုလိုက်သည်။“မသင့်လျော်”၊ “တဏှာရာဂ နှိုးဆွပေးသည်”၊ “ဂုဏ်သရေပျက်စေသည်” စသော စကားလုံးများဖြင့် ဂျနီဖာလိုပက်(ဇ်)၏ သီဆိုကပြဖျော်ဖြေမှုအား မော်ရိုကို ဝန်ကြီးချုပ်က ဝေဖန်ရှုတ်ချခဲ့ကာ ထိုဆိုးဝါးသော လုပ်ရပ်နှင့် ပတ်သတ်၍ တာဝန်ရှိသူများအား ဥပဒေအရ အရေးယူနိုင်ရန်အတွက် မော်ရိုကို ရုပ်သံလွှင့်ဆိုင်ရာ အာဏာပိုင်အဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးရန် မော်ရိုကို ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။


ပြီးခဲ့သည့် အပတ်ကလည်း ဝန်ကြီးချုပ်၏ ပါတီဖြစ်သည့် အစ္စလာမ်မစ် တရားမျှတမှု နှင့် ဖွံ့ဖြိုးရေးပါတီမှ လူငယ်များသည် လွှတ်တော်၏ အပြင်ဘက်တွင် ဂျနီဖာလိုပက်(ဇ်)၏ ကပွဲ ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

ဂျနီဖာလိုပက်(ဇ်)သည် “ရပ်ရွာအေးချမ်း တည်ငြိမ်မှုကို အနှောင့်အယှက်ပေးကာ အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို စွန်းထင်းစေခဲ့ကြောင်း” အကြောင်းပြချက်များဖြင့် အမည်မသိရသော မော်ရိုကို ပညာရေးအဖွဲ့ တစ်ဖွဲ့ကလည်း တရားစွဲခဲ့ကြောင်း TMZ ဝက်(ဘ်)ဆိုဒ်တွင် ရေးသားဖော်ပြထားသည်။

REF : BBC

No comments:

Post a Comment