Sunday, June 14, 2015

ဟီတာချီကုမ္ပဏီက မြန်မာနိုင်ငံတွင် လုပ်သားတိုးမြှင့် ခန့်အပ်မည်

ဂျပန်နိုင်ငံ အခြေစိုက် ဟီတာချီလီမိတက်က မြန်မာနိုင်ငံတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှု တိုးမြှင့်သည့်အနေဖြင့် ငါးနှစ်အတွင်း ပြည်တွင်းလုပ်သားအင်အား ငါးဆခန့် တိုးမြှင့်ခန့်အပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 ၎င်းတို့အနေဖြင့် လက်ရှိအ ချိန်တွင် လုပ်သားအင်အား ၂၀၀ ခန့် ခန့်အပ်ထားရှိခဲ့ရာမှ ၂၀၂၀ တွင် ဦးရေ ၁,၀၀၀ ခန့်အထိ ခန့်ထားနိုင်ရန် ရည်ရွယ်ထားကြောင်း ဟီတာချီ လီမိတက်မှ သတင်းထုတ်ပြန်ထားသည်။
‘‘ကျွန်တော်တို့ အနေနဲ့ အနာဂတ် မြန်မာ့စီးပွားရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဝင် ရောက် လုပ်ကိုင်နိုင်ဖို့ မျှော်မှန်း ထားပါတယ်။ မြန်မာနိုင်ငံဟာ ကျွန်တော်တို့အတွက် အရေးကြီး အာရုံပြုစရာ ဈေးကွက်များအ နက် တစ်ခုဖြစ်နေတာကြောင့်ပါ’’ ဟု ဟီတာချီလီမိတက် ဥက္ကဋ္ဌနှင့် လုပ်ငန်း အဖွဲ့အကြီးအကဲ၊ အမှု ဆောင် ညွှန်ကြားရေးမှူးနှင့် ဒါ ရိုက်တာ မစ္စတာတိုရှီအာကီဟီဂါ ရှီဟာရာက ပြောသည်။


ဟီတာချီမှာ ဂျပန်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးအုပ်စုဝင် တစ်ခုဖြစ်ပြီး လျှပ်စစ်စွမ်းအင်နှင့်   အ ခြေခံ အဆောက်အအုံစနစ်များ၊  သတင်းအချက်အလက်နှင့်  ဖုန်းဆက်သွယ်ရေးစနစ်များ၊ ဆောက်လုပ်ရေးနှင့် စက်ပစ္စည်းလုပ်ငန်း များ၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့် နည်းပညာလုပ်ငန်းများ လုပ် ကိုင်နေသည်။

မြန်မာနိုင်ငံအတွင်း ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ဝင်ရောက်နိုင်ရန် ဈေးကွက်စောင့်ကြည့်မှုများ ပြု လုပ်လျက် ရှိသော်လည်း မည် သည့်ကဏ္ဍများသို့ ၀င်ရောက်မည်ဆိုသည်ကို ၎င်းတို့အနေဖြင့် မဆုံးဖြတ်ရသေးဟု ဆိုသည်။

လက်ရှိအချိန်တွင် ၎င်းတို့ အနေဖြင့် ထုတ်ကုန်ပစ္စည်းတင်ပို့ ရောင်းချခြင်းနှင့် နည်းပညာတပ် ဆင်ခြင်း ၀န်ဆောင်မှု လုပ်ငန်းများဖြင့်သာ ပြည်တွင်းဈေးကွက်အတွင်း စတင် အခြေချထားခဲ့သည်။ ၎င်းတို့စီးပွားရေးအုပ်စုအ နေဖြင့် ၂၀၁၅ နှစ်လယ် အုပ်ချုပ် ရေးစီမံချက်တွင် နိုင်ငံခြားရောင်း ရငွေ အချိုးအဆကို  ၅၀ ရာခိုင် နှုန်း တိုးတက်ရန်ရည်မှန်းထားပြီး မြန်မာနိုင်ငံကိုလည်း ဈေးကွက်သစ်တစ်ခု အနေဖြင့် ထည့်သွင်းတွက်ချက်ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ရထားလမ်းပိုင်း အချက်ပြစနစ် တပ်ဆင်မှုအတွက် ဂျပန်အစိုးရက ၎င်းတို့အား ရွေးချယ်ထား၍ ကနဦး အခြေချလုပ်ကိုင်ခွင့်ရရှိထားပြီး မစ်ဆူဘီရှီအကြီးစားစက်မှုလုပ်ငန်းနှင့် ပူးပေါင်းကာ သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် မြင်းကောင်ရေ ၂၅အားရှိ Gas Turbine Generator များ တပ်ဆင်ရန် အမှာစာရရှိထားကြောင်း သိရသည်။
7 day

No comments:

Post a Comment