Saturday, June 13, 2015

ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှုကို ရထားလမ်းနှင့် ရေကြောင်းအဆင့်မြှင့်တင်မှုဖြင့် ဖြေရှင်းရန် နိုင်ငံတကာကျွမ်းကျင်သူများ အကြံပြု

ရန်ကုန်မြို့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းရန် ရထားလမ်းနှင့် ရေလမ်းကြောင်းများကို အဆင့်မြှင့်တင်သင့်ကြောင်း နိုင်ငံ တကာကျွမ်းကျင်သူများက အကြံ ပြုပြောကြားခဲ့ကြသည်။
ရန်ကုန်မြို့ ယာဉ်ကြောကျပ် တည်းမှု ပြဿနာနှင့် ပတ်သက် သည့် ညီလာခံကို ဇွန်လ ၁၂ ရက်တွင် မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ နိုင်ငံတကာမြို့ပြစီမံကိန်းရေးရာကျွမ်းကျင်သူများက အထက်ပါအတိုင်း အကြံပြုပြောကြားခဲ့ကြခြင်း ဖြစ်သည်။
‘‘မြန်မာနိုင်ငံအနေနဲ့ သဘာ ၀ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ သယ်ယူပို့ဆောင်ရေးကဏ္ဍ ပြေ လည်အောင် ဖြေရှင်းနိုင်မယ့် အရင်းအမြစ်တွေ ရှိပြီးသားပါ။ ရထားလမ်းတွေ ဆိုရင်လည်း အဆင့်မြှင့်တင်မှုတွေ ကောင်းကောင်းလုပ်နိုင်သလို ရေလမ်းကြောင်းကနေ သယ်ယူပို့ဆောင်မှုပေးနိုင်တဲ့ အနေအထားတွေရှိပါတယ်။ ဒါတွေကို ဖွံ့ဖြိုးအောင် လုပ်နိုင်ရင် ယာဉ်ကြောကျပ်တည်းမှုကလည်း ပြေလျော့သွားနိုင်တယ်’’ဟု Green Lotus အဖွဲ့ ဥက္ကဋ္ဌ ပါရီဒေသဆိုင်ရာလွှတ်တော်အဖွဲ့ဝင် Mr. Jean-Marc Brule က ပြောကြားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့ တော် ရန်ကုန်မြို့တွင် အဓိကကြုံ တွေ့နေရသည့် ယာဉ်ကြောကျပ် တည်းမှုပြဿနာဖြေရှင်းရန် နည်းလမ်းများစွာရှိနေပြီး ရထားပို့ဆောင်ရေးလမ်းပိုင်း ချိတ်ဆက် မှုများက အဓိကအရေးပါနေသည် ဟု Surbana (မြန်မာ) ကုမ္ပဏီ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြီးတန်း မန်နေဂျာ ဦးသန်း ထိုက်ဝင်းတိုနီက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီအနေဖြင့်မူ ယာဉ်ကြောကျပ်တည်းမှုဖြေရှင်း ရန် မြို့တွင်း ပတ်နှစ်ထပ်လမ်းတည်ဆောက်ခြင်းနှင့် BRT ယာဉ်လိုင်းပြေးဆွဲမှုများဖြင့် စတင်ရန် ရည်ရွယ်နေကြောင်း သိရသည်။
‘‘BRT ကတော့ ပထမအဆင့်စတင်နိုင်ပြီလို့ ပြောလို့ရတယ်။ မြို့တွင်းပတ်နှစ်ထပ်လမ်းတည် ဆောက်ဖို့အတွက်လည်း ရည် ရွယ်ထားပါတယ်’’ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော် မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့် ခွဲမှုဌာန ညွှန်ကြားရေးမှူး ဦးတိုး အောင်က ပြောသည်။
နှစ်ထပ်လမ်းတည်ဆောက် ရန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့် ကုန်ကျနိုင်ကာ လိုအပ်သည့်ဒီဇိုင်းများရေးဆွဲထားပြီး ဖြစ်သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအကြံပေးမြို့ပြ စီမံကိန်းဆိုင်ရာ ပညာရှင် ဒေါက် တာကျော်လတ်က ပြောသည်။
‘‘နှစ်ထပ်လမ်း ဆောက်ပြီး ရင်တော့ လက်ရှိယာဉ်ကြောပိတ် ဆို့မှုရဲ့ ထက်ဝက်လောက်လျော့ ကျသွားနိုင်ပါတယ်’’ ဟု ၎င်းက ပြောကြားသည်။
7 Day Daily

No comments:

Post a Comment