Monday, June 8, 2015

အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်နိုင်မည့် စက်မှုဇုန်များ ဧရာဝတီတိုင်းအတွင်း တည်ဆောက်ရန်ရှိ

 ဂျပန်နိုင်ငံမှ ငွေကြေးအ ကူအညီဖြင့် ဧရာဝတီတိုင်းဒေသ ကြီးအတွင်း အထည်ချုပ်လုပ်ငန်းဦးစားပေးစက်မှုဇုန်များကို တည်ဆောက်အကောင်အထည်ဖော် ရန် စီစဉ်နေကြောင်း တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။
‘‘မိဘတွေက လယ်ယာလုပ် ငန်းလုပ်ကိုင်နေတော့ သားသမီး တွေက အလုပ်မရှိဘူး။ သူတို့တွေ အလုပ်အကိုင်ရအောင်လို့ အခုလို စီစဉ်တာပါ။ အထည်ချုပ်လုပ်ငန်း က ပညာသိပ်တတ်စရာမလိုဘူး။ သုံးလေးတန်းအောင်ရုံနဲ့ လုပ်လို့ ရပါတယ်’’ဟု တိုင်းဝန်ကြီးချုပ် ဦး သိန်းအောင်က ပြောကြားသည်။

လက်ရှိ ဧရာဝတီတိုင်းဒေသ ကြီးတွင် အထည်ချုပ်စက်ရုံသုံးခု ရှိနေပြီး အလုပ်သမားခြောက် ထောင်ခန့်အား အလုပ်အကိုင် ပေးထားနိုင်ကြောင်း သိရသည်။ အဆိုပါ အလုပ်သမားများ၏ တစ်လ ဝင်ငွေသည် အနည်းဆုံး ကျပ်ခုနစ်သောင်းမှ တစ်သိန်းလေးသောင်း ကြားရရှိကြောင်း သိရသည်။
လက်ရှိ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်စက်မှုဇုန်တစ်ခု သာရှိပြီး ဂျပန်နိုင်ငံမှ ငွေကြေး အကူအညီဖြင့် ညောင်တုန်း၊ ဒေးဒရဲ၊ မအူပင်၊ မြောင်းမြ၊ ကန်ကြီးဒေါင့်တို့တွင်လည်း စက်မှုဇုန်များ အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း ဦးသိန်းအောင်က ပြော သည်။  ထို့အပြင် ပုသိမ်စက်မှုဇုန် တွင် မကြာမီ စက်ရုံ ၁၀ ခုကို ထပ်မံဖွင့်လှစ်ပြီး တိုင်းဒေသကြီးမှ လူငယ်နှစ်သောင်းခန့် အလုပ်အကိုင်ရနိုင်မည်ဟု ၎င်းက ပြောကြားသည်။
‘‘စက်ရုံတွေပေါ်လာတော့ ကောင်းပါတယ်။ မဟုတ်ရင် ရန်ကုန်သွားပြီး လုပ်နေရတာ။ ဦးသားသမီးတွေတောင် ရန်ကုန် မှာသွားပြီးလုပ်နေတယ်’’ဟု ဓနု ဖြူမြို့နယ်အကျော် တိုက်နယ် ကျေးရွာမှ လယ်သမားတစ်ဦးက ပြောကြားသည်။
ဧရာဝတီ တိုင်းဒေသကြီး တွင် စက်မှုဇုန်များသာမက ပင် လယ်၊ မြစ်တို့နှင့်နီးသော နေရာများ၌ ဆိပ်ကမ်းများ တည်ဆောက်ရန် စီစဉ်ထားသည်။
ထို့အပြင် လျှပ်စစ်ဓာတ်အားအတွက် ငရုတ်ကောင်းမြို့နယ်တွင် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်ရှိနေသည်။
7 day

No comments:

Post a Comment