Thursday, June 11, 2015

အီရတ်သို့ စစ်ရေးအကြံပေးများ ပို၍ စေလွှတ်မည်ဟု အိမ်ဖြူတော်ထုတ်ပြန်

အိုင်အက်စ်တို့ကို တိုက်ခိုက်နေသည့် အီရတ်လေ့ကျင့်ရေး တပ်ဖွဲ့များအတွက် ပိုထိရောက်စွာကူညီနိုင်ရန် စစ်ရေးအကြံပေး ၄၅၀ အထိ စေလွှတ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောခဲ့သည်။
အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ်အဘာဒီ၏ မေတ္တာရပ်ခံတောင်းဆိုချက်ကြောင့် သမ္မတအိုဘားမားက ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စစ်ရေးအကြံပေးတပ်ဖွဲ့ကို အန်ဘာပြည်နယ်ရှိ Taqaddum စစ်အခြေစိုက်စခန်းတွင် ဖြန့်ကျက်ပေးမည် ဖြစ်သည်။

အန်ဘာပြည်နယ်၏ မြို့တော် ရာမာဒီမှာလည်း အိုင်အက်စ်တို့လက်တွင်း ကျရောက်သွားခဲ့ပြီ ဖြစ်သည်။
အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များ၏ လေကြောင်းထိုးစစ်များ ဆင်နွှဲနေလင့်ကစား အိုင်အက်စ်တို့က အီရတ်မြေတွင် နယ်မြေများစွာကို သိမ်းပိုက်လိုက်ထားသည်။
ယခု စစ်ရေးအကြံပေးများ စေလွှတ်ခြင်းသည် အီရတ်တပ်မတော်အတွင်း စစ်မှုထမ်းဝင်ရောက်မည့်သူများ အများစု ဆွန်နီများကို တပ်တွင်းအင်အားဖြည့်တင်း ဖွဲ့စည်းနိုင်ရေးနှင့် အိုင်အက်စ်တို့လက်မှ နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ဖြစ်သည်။
REF : BBC

No comments:

Post a Comment