Friday, June 5, 2015

လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ အထူးဂရုပြုရမည်

 မြန်မာနိုင်ငံ အလယ် ပိုင်းနှင့် မြောက်ပိုင်းဒေသတို့တွင် မိုးတိမ်တောင်ကြောင့် မိုးထစ်ချုန်းရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေကျခြင်းနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ဇွန်လလယ်အထိ အထူးဂရုပြုရန် လို အပ်ကြောင်း မိုး/ဇလဌာနမှ သတင်းရရှိသည်။
လေထုတွင် ရေငွေ့ပါဝင်မှု၊ မတည်ငြိမ်သည့် လေထုအခြေ အနေကြောင့် မိုးတိမ်တောင်ကြီး များ အားကောင်းလာကာ နောက် ဆက်တွဲဘေးအန္တရာယ်ဖြစ်သည့် မိုးထစ်ချုန်းရွာသွန်းခြင်း၊ လေ ပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ် ခြင်း၊ မိုးသီးကြွေကျခြင်းများ ဖြစ် ပေါ်နိုင်ကြောင်း အထက်မြန်မာ ပြည်မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကျော်လွင်ဦးက ပြော သည်။

မိမိဒေသတွင် မိုးထစ်ချုန်း ရွာသွန်းမှုများ ဖြစ်ပေါ်ပါက အား ကောင်းသည့် မိုးတိမ်တိုက်ကြီးရှိ နေသည်ဟု အလွယ်တကူ သတိ ပြုနိုင်၍ ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ခြင်းများ လုပ်ဆောင်နိုင်ကြောင်း ၎င်းကပြောကြားသည်။

‘‘မိုးတိမ်တောင်ကြီးတွေ ဖြစ် တယ်ဆိုတာ မတည်ငြိမ်တဲ့ လေ ထုအခြေအနေကြောင့် ဖြစ်ရတာ။ အဲဒီကျရင် အားကောင်းတဲ့ မိုးတိမ်တောင်ကြီးတွေ ဖြစ်တယ်။ မွန်းလွဲညနေပိုင်းမှာ ဖြစ်တယ်။ လက်ရှိမှာ မြန်မာနိုင်ငံအောက် ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေ မှာ မိုးရေချိန် ၁ လက်မနီးပါးရွာ နေတာ တွေ့ရတယ်’’ဟု ညွှန် ကြားရေးမှူးဦးကျော်လွင်ဦးက ထပ်မံ ပြောကြားသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် မေလနောက်ဆုံးပတ်ထိ နေ့အ ပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်မှ ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ ပြီး ဇွန်လဆန်းတွင် အပူချိန်ကျဆင်းသွား၍် အပူချိန်ထပ်မံမြင့် တက်နိုင်ဖွယ် မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးတို့တွင် မေလကုန်မှ ဇွန်လ ၂ ရက်အထိ အမြင့်ဆုံးနေ့အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့သည်။

ယခုရက်ပိုင်းတွင် အနောက် တောင်မုတ်သုံလေသည် မြန်မာ နိုင်ငံအလယ်ပိုင်းနှင့် ဘင်္ဂလားပင် လယ်အော်မြောက်ပိုင်းသို့ ၀င် ရောက်တော့မည့် အခြေအနေရှိ သည်ဟု ခန့်မှန်းထားပြီး နံနက် ပိုင်း၌ တိမ်အသင့်အတင့်ဖြစ်ထွန်းကာ ညနေပိုင်းတွင် မိုးတိမ်တိုက် ကြီးများဖြစ်ထွန်း၍ နေရာကွက် ကျား  မိုးထစ်ချုန်းရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်သည်။

ဇွန်လ ၂ ရက် နံနက် ၆ နာရီ ခန့်က မိုးကုတ်မြို့တွင် မိုးရွာသွန်း မှုကြောင့် အောင်သိဒ္ဓိရပ်ကွက် စာသင်ကျောင်းအနီး၌ မြေပြိုမှုဖြစ်ပွားခဲ့ပြီး နေအိမ်အတွင်း အိပ်ပျော်နေသည့် ဆယ်နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအ၀င် အမျိုးသမီးလေးဦး သေဆုံးခဲ့ကာ အမျိုး သားတစ်ဦးနှင့် ကလေးငယ် တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
7 day

No comments:

Post a Comment