Thursday, June 25, 2015

မက်ဆီတစ်ဦးတည်း သတိမထားရန် ကိုလံဘီယာနောက်ခံလူ မာရီလို သတိပေး

စနေနေ့တွင် အာ ဂျင်တီးနားနှင့် ကိုပါအမေရိကဖ လား ကွာတားဖိုင်နယ် ကစားမည့် ကိုလံဘီယာနောက်ခံလူဂျိုင်ဆန် မာရီလိုက မက်ဆီတစ်ဦးတည်း သာခြိမ်းခြောက်မှုမဟုတ်ဘဲ တစ် သင်းလုံးကို  သတိထားရမည်ဖြစ် ကြောင်း ထုတ်ဖော်ပြောကြား သည်။
အင်တာနောက်ခံလူ မာရီ လိုသည် ကိုပါဖလားသမိုင်းတွင်  ၎င်းတို့အသင်းအတွက် ဒုတိယ မြောက်ဖလားကို လိုချင်နေပြီး အာဂျင်တီးနားကလည်း ၂၂ နှစ် ကြာ နိုင်ငံတကာအဆင့် ဖလား တစ်ခုမရရှိဘဲဖြစ်နေမှုကို အဆုံး သတ်လိုနေသည်။

‘‘ဒီကွင်းထဲမှာပဲ မက်ဆီနဲ့ ပြန်ရင်ဆိုင်ရမှာတော်တော်လေးကောင်းပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားဟာ သူတစ်ဦးတည်းကောင်းတာမဟုတ်ဘဲ တစ်သင်းလုံး ကောင်းတဲ့အသင်း ဖြစ်ပါ တယ်’’ ဟု ပွဲအကြိုကာလသတင်း စာရှင်းလင်းပွဲတွင် မာရီလို(၂၃) နှစ်က ဆိုသည်။ ကိုလံဘီယာ သည် နောက်တန်းတွင်အာရုံစူး စိုက်မှုအပြည့်ရှိရမည်ဖြစ်ပြီး ခံ စစ်လုံခြုံမှသာ ရှေ့တန်းကဂိုးများ ရှာနိုင်မည်ဟု ၎င်းကဆိုသည်။

‘‘အာရုံစိုက်မှုက အရေးကြီးပါတယ်။ နည်းပြ ပီကာမန်ကလည်း ဒါကိုပဲပြောတယ်။ ကျွန်တော်တို့ ခေါင်းအေးအေးထားပြီး အနိုင် စိတ်ဓာတ်နဲ့ မိနစ် ၉၀ အတွင်း တစ်ဆင့်တက်နိုင်အောင် သေချာလုပ်ရပါမယ်’’ဟု မာရီလိုကဆိုသည်။

ကိုပါအမေရိကဖလား ကွာတားပွဲများသည် ပွဲချိန်မိနစ် ၉၀ ပြည့်လျှင် အချိန်ပို မိနစ် ၃၀ ထပ်မကစားတော့ဘဲ ပင်နယ်တီ အဆုံး အဖြတ်ယူရမည်ဖြစ်သည်။

ကိုလံဘီယာ - အာဂျင်တီး နားပွဲမှနိုင်သူသည် ဘရာဇီး-ပါ ရာဂွေးပွဲမှ နိုင်သည့်အသင်းနှင့် အကြိုဗိုလ်လုပွဲတွင် တွေ့မည်ဖြစ် သည်။
 _Goal

No comments:

Post a Comment