Friday, July 31, 2015

အစ်မဖြစ်သူနဲ့လူမမှားဖို့ ပရိသတ်ကို မေတ္တာရပ်ခံတဲ့ အဆိုတော်မေသင်ချိုဆွေ

 အစ်မဖြစ်သူအဆိုတော် အေသင်ချိုဆွေနှင့် အမည်ရော အသံပါ ဆင်တူသည်ဟုထင်ရ ၍ ပရိသတ်များအနေဖြင့် ၎င်း၏သီချင်းများကို ခွဲခြား၍နားထောင်ပေးရန် တေးသံရှင် မေသင်ချိုဆွေက မေတ္တာရပ်ခံပြောကြားသည်။
‘‘နာမည်အရင်းကလည်း မေသင်ချိုဆွေဖြစ်နေတာကြောင့် သမီးကို အစ်မအေသင်ချိုဆွေ အမှတ်နဲ့ ပရိသတ်တွေမှားကြ တယ်။ အသံလည်းတူပေမယ့် မအေသင်ရဲ့သီချင်းဆိုဟန်နဲ့ တော့မတူဘူး။ ရုပ်ကလည်းမတူ ပါဘူး။ အသံတူနေတာတော့ ပရိ သတ်တွေကသည်းခံပြီးတော့ နား ထောင်ပေးပါလို့။ နာမည်က အရမ်းတူတော့ တစ်ခုခုရေးထား တာဆိုရင် အေသင်ရေးရင် မေသင်လို့ထင်ကြတယ်။ ဒါကြောင့် ပရိသတ်ကြီးက ခွဲပြီး ကြည့်ပေးပါလို့’’ဟုမေသင်ချိုဆွေ ကပြောသည်။


မေသင်ချိုဆွေသည် ၎င်း၏ ပထမဆုံး တစ်ကိုယ်တော်အခွေဖြစ်သည့် ‘ဘယ်နှစ်တန်းရောက်ပြီလဲ’ တေးစီးရီးကို သြဂုတ် ၃၁ရက်တွင် စီဒီအဖြစ် ဖြန့်ချိမည်ဖြစ်ပြီး တေးသီချင်း ၁၂ ပုဒ်ပါဝင်ထားသည်။

‘‘တစ်ကိုယ်တော်အခွေလုပ် ဖြစ်တာက တက္ကသိုလ်ပထမနှစ် ပြီးတော့ အမေ့ကိုသီချင်းဆိုချင် တယ်ပြောတော့ အမေကစီစဉ် ပေးတာပါ။ မေသင့်အခွေမှာ တစ်ခွေလုံးက သီချင်းချိုချိုအေး အေးလေးတွေပါပဲ။ အစ်မနဲ့တွဲဆို တာတော့မပါပါဘူး။ Featuring လည်းမပါဘူး။ တစ်ခွေလုံးကို သမီးတစ်ယောက်တည်းဆိုထား တာပါ’’ဟု မေသင်ချိုဆွေကပြော သည်။

ဘယ်နှစ်တန်းရောက်ပြီလဲ တစ်ကိုယ်တော်အခွေတွင် သုခ မိန်လှိုင်၊ နေမျိုးဆေး၊ စိုးလင်း၊ဖိုးကာ၊ မင်းကို၊ နေလ၊ လမင်း၊ ကလုန်းနှင့် အေသင်ချိုဆွေတို့ ရေးသားသောသီချင်းများပါဝင် သည်။ မေသင်ချိုဆွေသည် တစ် ကိုယ်တော်အခွေမထွက်မီ ကျော် ကြားသည့်သီချင်းအချို့ကို ကိုယ် တိုင်ဂစ်တာတီး၍ ကာဗာလုပ်ကာပြန်လည်သီဆိုထားသည့် ဗီဒီယိုဖိုင်ကို အွန်လိုင်းတွင် တင်ပေးခဲ့ပြီး ပရိသတ်များလက်ခံအားပေးမှုကို ရရှိထားပြီးဖြစ်သည်။

မေသင်ချိုဆွေသည် တေး သံရှင်အေသင်ချိုဆွေ၏ ညီမ အရင်းဖြစ်ပြီး လက်ရှိတွင် တတိယနှစ်အဝေးသင် အင်္ဂလိပ်စာကို အရှေ့ပိုင်းတက္ကသိုလ်၌ တက် ရောက်လျက်ရှိသည်။
7 day

No comments:

Post a Comment