Sunday, July 26, 2015

ထိုင်းတောင်ပိုင်း ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးနှင့် ရဲတစ်ဦး သေဆုံး

ထိုင်းတောင်ပိုင်း ခွဲထွက်ရေးသူပုန်များ လှုပ်ရှားရာဒေသတွင် ဗုံးခွဲတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးနှင့် ရဲတစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း Fox news သတင်းတစ်ရပ်က ဖော်ပြထားသည်။

ခွဲထွက်ရေး မွတ်ဆလင် တိုက်ခိုက်ရေးသမားများက ထိုင်းတောင်ပိုင်းတွင် စစ်ဘက်နှင့် အရပ်ဘက်ပစ်မှတ်များကို ဦးတည်သော တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။

အဆိုပါ ဗုံးဒဏ်ကြောင့် ဒဏ်ရာရရှိသူ ခြောက်ဦးရှိသည်။


ထိုင်းတောင်ပိုင်း ပတ္တာနီပြည်နယ်တွင် ဆွမ်းခံကြွလာသော သံဃာတော်များနှင့် လုံခြုံရေးပေးထားသော ရဲတပ်ဖွဲ့ဝင်များကို ဗုံးထောင်ပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဘုန်းကြီးတစ်ပါးနဲ့ ရဲတစ်ဦးတို့ သေဆုံးသွားပါတယ်” ဟု ရဲမှူးကြီးတစ်ဦး ဖြစ်သူ ပိုင်ယာကာရာဝါနန်က ပြောကြားခဲ့သည်။

ဒဏ်ရာရသူများတွင် ဘုန်းကြီးတစ်ပါး၊ ရဲနှစ်ဦးနှင့် အရပ်သားသုံးဦးတို့လည်း ပါဝင်ကြသည်။

ဗုဒ္ဓဘာသာအများစု နေထိုင်ရာ ထိုင်းနိုင်ငံတွင် ပတ္တာနီပြည်နယ်သည် မွတ်ဆလင် ထိုင်းနိုင်ငံသားများ အများစုရှိရာ ပြည်နယ်သုံးခုအနက်မှ တစ်ခုဖြစ်သည်။

၂၀၀၄ တွင် စတင်ခဲ့သော ထိုင်းတောင်ပိုင်း မွတ်ဆလင် သူပုန်ထမှုအတွင်း လူပေါင်း ငါးထောင်ကျော် သေဆုံးခဲ့ရသည်။

ထိုင်းစစ်အစိုးရနှင့် သူပုန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မလေးရှားအစိုးရက ကြားဝင်စေ့စပ်ပေးသော်လည်း မအောင်မြင်ခဲ့ပေ။

လွတ်လပ်သော မွတ်ဆလင်ပြည်နယ် တည်ထောင်နိုင်ရန်အတွက် သူပုန်များက လိုလားလျက်ရှိသည်။

The Voice Weekly

1 comment:

  1. ထိုင်းနိုင်ငံသားတွေ မင်းတို့ စစ်တပ်မှာဦးသန်းရွေလိုလူမရှိဘူးလား။ခွေးကုလားကိုမျိုးပြုတ်အောင်သတ်ပစ်ရမှာ။ငါတို့ နိုင်ငံမှာဒီမိုကရေစီနာမည်တပ်ပြီးလုပ်စားနေတဲ့ သူတောင်းစားအုပ်စုရှိနေပေမဲ့ အမျိုးချစ်တဲ့ စစ်တပ်ရှိတယ်။တို့ နိုင်ငံမှာကုလားခေါင်းမထောင်ရဲဘူး။မင်းတို့ စစ်တပ်ကိုရောအမျိုးချစ်တတ်အောင်သင်ပါ။လူ့ အခွင့် အရေးနာမည်တပ်ပြီးကုလားကောင်းစားေ၇းလုပ်နေတဲ့ သူမှန်သမျှရှင်းပစ်ပါ။ဗုဓသာသနာအရှည်တည်တံ့ပါစေ။

    ReplyDelete