Sunday, July 5, 2015

အမေရိကန်ဒေါ်လာဈေး ပြန်လည်မြင့်တက်

မြန်မာနိုင်ငံဗဟိုဘဏ်က သတ်မှတ်သည့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း မြှင့်လိုက်ခြင်းနှင့်အတူ ပြင်ပဈေးကွက်၌လည်း ဒေါ်လာဈေးများ ပြန်လည်မြင့်တက်ခဲ့ကြောင်း ငွေကြေးဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။
ပြင်ပဈေးကွက်၌ ယခင်ရက်များက အမေရိကန် တစ်ဒေါ်လာလျှင် အရောင်း ၁၁၈၅ ကျပ် အဝယ် ၁၁၈၇ ကျပ်ဖြင့် ရက်အတန်ကြာ ဈေးငြိမ်လျက်ရှိရာမှာ ဇူလိုင် ၄ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၁၉၀ ကျပ်အထိ မြင့်တက်ကြောင်း ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။
“အရင်ဒေါ်လာဈေး ငြိမ်နေတုန်းက ရွှေဈေးလည်းငြိမ်တယ်။ အခုဒေါ်လာဈေး ပြန်တက်လာလို့ ရွှေဈေးကလည်း အခေါက်ရွှေ တစ်ကျပ်သားကို လေး၊ ငါးထောင်လောက် ပြန်တက်လာတယ်” ဟု ရွှေလုပ်ငန်းရှင် ဦးဇော်အောင်က ပြောဆိုသည်။

ဗဟိုဘဏ်၏ ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းမှာ ဇူလိုင်လ ၂ ရက်နေ့က တစ်ဒေါ်လာလျှင် ၁၁၁၀ ကျပ်ဖြစ်ပြီး ဇူလိုင်လ ၃ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၁၂၅ ကျပ်သို့ တိုးမြင့်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်လာဈေး ဆက်လက်မြင့်တက်နိုင်ခြေ ရှိမရှိမှာမူ တနင်္လာနေ့ ဈေးကွက်အဖွင့်ကို စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ပြင်ပငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment