Thursday, August 27, 2015

ကျောက်စိမ်းလုပ်ကွက် ဧရိယာနည်းပြီး အထွက်လျော့၍ လုပ်ကိုင်လိုသူ နည်းလာ


ဖားကန့်ရှိ ကျောက်စိမ်း တူးဖော်ရေးလုပ်ကွက်များတွင် ထပ်မံတူးဖော်ရန် လုပ်ကွက်ဧရိ ယာနည်းပါးသွားပြီး ကျောက် ထွက်ရှိမှုလျော့ကျလာ၍ လုပ်ကိုင်လိုသည့် ကုမ္ပဏီများနည်းပါး လာကြောင်း သတ္တုတွင်းဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောသည်။
‘‘လုပ်ကွက်တွေက ကုန်သွားတယ်။ တူးဖော်လာတာကြာပြီဆို တော့ လုပ်ကွက်တွေက သက်တမ်းတွေလည်း ကုန်ပြီး ကျောက် မရှိတော့ဘူး’’ဟု ဦးဝင်းထိန်က ဆိုသည်။
ထို့အပြင် ကုမ္ပဏီအများစု က ဒေသတွင်းလုံခြုံရေးအခြေအ နေအရ လုပ်ကွက်များကို ပြန် လည်အပ်နှံသည့် ကုမ္ပဏီများ လည်း များပြားလာပြီး အများစုမှာ သက်တမ်းကုန်သွားသဖြင့် လုပ် ကွက်များကို ပြန်လည်အပ်နှံကြခြင်းဖြစ်သည်ဟု ဆိုသည်။

ကချင် ပြည်နယ်တွင် ကျောက်စိမ်းတူးဖော်ခွင့်ကို ဒေသ လုံခြုံရေးအခြေအနေကြောင့် ၂၉ လကြာ ပိတ်ပင်ထားပြီးနောက်၂၀၁၄ စက်တင်ဘာက ပြန်လည် ခွင့်ပြုပေးထားရာ လုပ်ကိုင်လို သည့် လုပ်ငန်းရှင်တစ်နှစ်ထက် တစ်နှစ် နည်းပါးလာခြင်း ဖြစ် သည်။

ဝန်ကြီးဌာနက မကြာခဏ နိုင်ငံပိုင် သတင်းစာများမှ တစ် ဆင့် လုပ်ကွက်လုပ်ကိုင်နေသူများအား အဆိုပြုလွှာခေါ်ယူရာ စိတ် ၀င်စားသူ အရေအတွက်မှာ နည်း ပါးနေသည်ဟု ဆိုသည်။

ကချင်ပြည်နယ် မိုးညှင်း ခရိုင် ဖားကန့်မြို့နယ်တွင် ကျောက်မျက်ကုမ္ပဏီ ၆၀၀ ကျော်ရှိရာ ပြန်လည်ခွင့်ပြုစဉ်က ကုမ္ပဏီ ၅၀ ကျော် စတင်လည်ပတ်ခဲ့ပြီး နောက်ပိုင်းတွင် ကုမ္ပဏီများ နည်းလာကာ အရေအတွက်အတိအကျကိုမူ သတ္တုတွင်းဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းမရှိပေ။

‘‘ကုမ္ပဏီတွေက နှစ်ပေါင်း များစွာ ဒီမှာလာတူးပြီး ပြန်သွား ကြတယ်။ ဒေသအတွက် ဘာအ ကျိုးခံစားမှုမှ မရှိဘူး။ အိမ်တွေ၊ ရွာတွေပဲ ပျက်ပြီး ကျန်ခဲ့တာ’’ဟု ဖားကန့်မြို့ ဒေသခံ ဦးရန်ဂျာက ပြောသည်။

ကုမ္ပဏီအများစုကမူ လုပ် ကွက်များ အစိုးရထံ ပြန်လည်အပ်နှံရခြင်းမှာ ဒေသတွင်းလုံခြုံရေး အခြေအနေကြောင့်သာဖြစ်ပြီး ကျောက်ထွက်နှုန်းမှာ ထင်သ လောက်မလျော့နည်းသေးဟု ဆိုသည်။

‘‘အမှန်တော့ လုံခြုံရေး အခြေအနေကြောင့် မတူးရဲတာ ပါ။ အစိုးရအနေနဲ့ ဒီကိစ္စကို မြန် မြန်လေးကိုင်တွယ်စေချင်တယ်’’ ဟု စစ်ကိုင်းတိုင်းကျောက်မျက် အသင်းဥက္ကဋ္ဌ ဦးအောင်ကြီးက ပြောသည်။

လက်ရှိတွင် ဖားကန့် လုံ ခင်း ရတနာ နယ်မြေ၌ မှတ်ပုံ တင်ထားသည့် ရတနာ ကုမ္ပဏီ ၆၀၀ ကျော်ရှိပြီး လုပ်ကွက်ပေါင်း ၇,၀၀၀ ကျော်ရှိသည်။
7 day

No comments:

Post a Comment