Friday, August 28, 2015

မန္တလေးတွင် ခိုးကူးခွေရောင်းချမှုဖြင့် နစ်နာကြေး ကျပ်သိန်း ၉၃၀ ပေးဆောင်ရမည့် ဆိုင်ပိုင်ရှင် တိမ်းရှောင်နေဆဲ


မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်တွင် တရားမဝင်ခိုး ကူးခွေအချပ် ၃,၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး ဆိုင်ပိုင်ရှင် ဦးထွန်းနိုင်ကို ကျပ်သိန်း ၉၃၀ ပေးလျော်ရန် မန္တလေးခရိုင်တရားရုံးက စီရင်ချက်ချမှတ်ခဲ့သော်လည်း တိမ်း ရှောင်နေကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)အတွင်း ရေးမှူး ဦးသားစိုးက ပြောသည်။ချမ်းအေးသာစံမြို့နယ်တွင် ၂၀၁၃ ဇန်နဝါရီက ထွန်းနိုင် Mobile Phone နှင့် DVD အခွေ အရောင်းဆိုင်မှ တရားမဝင်ခိုးကူး ခွေမြန်မာသီချင်းအချပ်ရေ ၃၀၀၀ ဖမ်းဆီးရမိခဲ့ပြီး အမှတ်(၆)နယ် မြေရဲတပ်ဖွဲ့စခန်းတွင် ဗီဒီယို အက်ဥပဒေပုဒ်မ ၃၂(ခ) အရ အ မှုဖွင့်ခဲ့သည်။ချမ်းအေးသာစံမြို့နယ် တ ရားရုံးက မတ်လ ၅ ရက်တွင် ပြစ် မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆို သော ဦးထွန်းနိုင်ကို ငွေဒဏ်ကျပ် တစ်သိန်းပေးဆောင်ရန်နှင့် မပေး ဆောင်နိုင်ပါက ထောင်ဒဏ်သုံး လကျခံရန် အမိန့်ချမှတ်ခဲ့ရာ ဦး ထွန်းနိုင်က ဒဏ်ငွေကျပ်တစ်သိန်း ပေးဆောင်ခဲ့သည်။ထို့အပြင် မြန်မာတေးဂီတ သီချင်းများကို တရားမဝင်ကူးယူ ၍ စီးပွားဖြစ်ရောင်းချခြင်းအပေါ် နစ်နာကြေးရလိုမှုဖြင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ဦးထွန်းနိုင် ကို မန္တလေးခရိုင်တရားရုံး၌ ထပ်မံ တရားစွဲဆိုခဲ့ရာ နစ်နာကြေး ကျပ် သိန်း ၉၃၀ တိတိ ပေးဆောင်ရန် ၂၀၁၄ ဇူလိုင် ၃၀ ရက်က အ မိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ဖမ်းမယ်ဆို ကတည်းက တရားရင်ဆိုင်နိုင်တဲ့ သူတွေကိုပဲ ဖမ်းပါတယ်။ လမ်း ဘေးမှာ ချရောင်းတဲ့ ဈေးသည် တွေ ဖမ်းတာမဟုတ်ဘူး။ ဖြေရှင်း နိုင်မယ့် အင်အားရှိတဲ့လူကိုပဲ နစ် နာကြေးတောင်းတာဖြစ်တယ်။ တရားရုံးကလည်း ဖမ်းဝရမ်းထုတ် ထားတာ နှစ်ခါရှိနေပြီ။ သူ မန္တ လေးမှာရှိနေတယ်ဆိုတာလည်း သိနေတယ်။ ဒါပေမဲ့ သူ့ကို မမိဘူးဖြစ်နေပါတယ်။ သူ့ကိုလည်း ပြောချင်ပါတယ်။ လာရောက်ဖြေရှင်း ပါ။ မဖြေရှင်းနိုင်ရင် ထောင်ထဲသာဝင်လိုက်ပါ’’ဟု မြန်မာနိုင်ငံဂီတ အစည်းအရုံးအတွင်းရေးမှူး အဆို တော်သားစိုးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ခိုးကူးခွေ အများဆုံးတွေ့ရှိသည့် နေရာမှာ မန္တလေးမြို့ဖြစ်နေပြီး ယင်းမှတစ်ဆင့် အထက်မြန်မာ နိုင်ငံတစ်လျှောက် ဖြန့်ချိလျက်ရှိ နေကြောင်း အဆိုတော်သားစိုးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် တရားမဝင်လိုင်စင်မဲ့၊ ဆင်ဆာမဲ့ များလုပ်ကိုင်ခြင်း၊ ခိုးကူးခွေများ ထုတ်လုပ်ခြင်း၊ နိုင်ငံခြားဇာတ် လမ်းခွေများ၊ ညစ်ညမ်းခွေများ ထုတ်လုပ်ဖြန့်ချိရောင်းဝယ်ခြင်း စသည့် စည်းကမ်းဖောက်ဖျက်သူ များကို ဖမ်းဆီးစစ်ဆေးနေပြီး မန္တ လေးခရိုင်အတွင်း ၂၀၁၅ သြဂုတ် ၁၈ ရက်အထိ တရားမဝင်ခိုးကူး ခွေများဖမ်းဆီးရမိမှုသည် ချမ်းမြသာစည်မြို့နယ်တွင် ငါးမှု၊ အမရပူရမြို့နယ် တစ်မှုနှင့် ပုသိမ်ကြီးမြို့နယ်တစ်မှုတို့ဖြစ်သည်။
7 day

No comments:

Post a Comment