Sunday, August 9, 2015

ရေလွှမ်းမိုးမှုကြောင့် ပုသိမ်-ကြံခင်းရထား ခရီးတိုသာ ပြေးဆွဲနိုင်

ဧရာဝတီတိုင်းတွင် ရေ ကြီးရေလွှမ်းမိုးမှုဖြစ်ပေါ်နေသော ကြောင့် ပုသိမ်-ကြံခင်း ရထား လမ်းပေါ် ရေကျော်နေ၍ လမ်း ကြောင်းပြည့်မပြေးဆွဲနိုင်ဘဲ ခရီး တိုသာပြေးဆွဲနေရကြောင်း မြန် မာ့မီးရထားမှ သတင်းရရှိသည်။

ပုသိမ်-ကြံခင်း ရထားခရီး စဉ်အတွင်း ဒါးကဘူတာနှင့်ဂုံမင်း ဘူတာကြားတွင် ရထားလမ်းရေ ကျော်မှု ဖြစ်ပွားခဲ့သည့်အတွက် အဆိုပါ လမ်းပိုင်းတစ်ခုလုံး၏ လမ်းကြောင်းပြည့်ရထားပြေးဆွဲ မှုကို သြဂုတ် ၆ ရက်က ရပ်နားခဲ့ပြီး ခရီးတိုပြေးဆွဲမှုများ စတင်ဆောင်ရွက်ခဲ့သည်။

ပြေးဆွဲနေသော ခရီးတိုများ မှာ ကြံခင်းဘူတာမှ ဟင်္သာတဘူ တာအထိ အသွားအပြန်အမြန်ရ ထားတစ်စီးနှင့် ကြံခင်း ဘူတာမှ အသုတ်ဘူတာအထိ အသွားအပြန် စာပို့ရထားတစ်စီးပြေးဆွဲပေး နေသည်။


ရထားလမ်း ရေကျော်နေ သော ဒါးကဘူတာနှင့် ဂုံမင်းဘူ တာကြားသည် သြဂုတ် ၈ ရက် အထိ ရေပြန်လည်ကျဆင်းခြင်း မရှိသေးဘဲ ရထားသံလမ်းပေါ်ရေ ၁၉ လက်မခန့် ကျော်နေဆဲ ဖြစ်သည်။

‘‘ဘယ်အချိန် ရထားလမ်း ကြောင်းပြည့်ဆွဲနိုင်မလဲဆိုတာက တော့ လက်ရှိမှာ ပြောလို့မရသေး ဘူး။ ရေကျသွားရင် လမ်းပိုင်းတွေ ပြန်ကောင်းအောင် ပြန်ပြင်ရဦး မယ်’’ ဟု မြန်မာ့မီးရထား တိုင်း (၉) မှ အဆင့်မြင့်အရာရှိတစ်ဦး ကပြောသည်။

ယခုကဲ့သို့ ခရီးတိုပြေးဆွဲနေ သော်လည်း ခရီးသည်စီးနင်းမှုကျ ဆင်းသွားခြင်းမရှိဘဲ လမ်းကြောင်း ပြည့် ပြေးဆွဲစဉ်ကအတိုင်း ခရီး သည်ပုံမှန်စီးနင်းနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ရေကြီးရေလျှံမှုများကြောင့် ဧရာဝတီတိုင်းတွင်  ပြေးဆွဲနေ သည့် ရန်ကုန် (လှိုင်သာယာ)- ဟင်္သာတ လမ်းပိုင်းကို ယခုလဆန်းပိုင်းမှစတင်ပြီး ရပ်ဆိုင်းထားရကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ရေ ကြီးရေလျှံမှုများကြောင့် ရထား လမ်းပိုင်းများရေကျော်ခြင်းနှင့် ရ ထားလမ်းပျက်စီးခြင်းများကြောင့်  မြစ်ကြီးနား-မန္တလေးလမ်းပိုင်းကို လည်း ဇူလိုင် လကုန်ရက်တွင် လမ်းကြောင်းပြည့် မပြေးဆွဲဘဲ ခရီးတိုသာပြေးဆွဲလျက်ရှိသည်။
7 day

No comments:

Post a Comment