Friday, August 28, 2015

ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်


လက်ရှိအစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေး ကောက်ပွဲကော်မရှင်သို့ ကိုယ်စား လှယ်လောင်းအမည်စာရင်းတင် သွင်းထားသည်။
ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်များအတွက် ဝန်ကြီး ၁၄ ဦးနှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အတွက် ဝန်ကြီးလေးဦး အသီးသီး အမည်စာရင်း ပေးသွင်းထား ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။သမ္မတရုံးဝန်ကြီးခြောက်ဦး စလုံး ရွေးကောက်ပွဲပြန်ဝင်ကြပြီး သမ္မတရုံးဝန်ကြီးဌာန (၁) ပြည် ထောင်စုဝန်ကြီး ဦးသိန်းညွန့်က မအူပင်တွင်လည်းကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၂) ဝန်ကြီး ဦးစိုးမောင်က ရေစကြိုတွင်လည်း ကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၃) ဝန်ကြီး ဦးစိုးသိန်းက ကယား ပြည်နယ်မဲဆန္ဒနယ် အမှတ် (၉) တွင်လည်းကောင်း၊ သမ္မတရုံးဝန် ကြီးဌာန (၄) ဝန်ကြီး ဦးအောင်မင်း က ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၇)တွင်လည်းကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၆) ဝန်ကြီး ဦးလှထွန်းက ကျောက်ပန်းတောင်းတွင်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြသည်။

မကြာသေးမီ ရက်ပိုင်းက သမ္မတရုံးဝန်ကြီးဌာန (၅)မှ နုတ် ထွက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူးဖြစ်လာသူ ဦးတင် နိုင်သိန်းသည် ကလောမြို့ ပြည် သူ့လွှတ်တော်မဲဆန္ဒနယ်မှ ရွေး ကောက်ပွဲဝင်မည်ဖြစ်သည်။
သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း နှင့် ဦးအောင်မင်းတို့သည် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကယားပြည်နယ်တွင် ဝင် ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ကြသော်လည်း ပါတီက လက်မခံ သဖြင့် တစ်သီးပုဂ္ဂလသာ ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျန် ဝန်ကြီးများမှာ ပြည်ခိုင်ဖြိုးမှပင် ယှဉ်ပြိုင်မည်ဖြစ်သည်။
သမဝါယမဝန်ကြီး ဦးကျော် ဆန်းက ပုလဲမြို့နယ်၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီး ဦးဝင်းမြင့်က ဒီပဲယင်း၊ အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး ဒေါက်တာ ကံဇော်က စလင်း၊ ပို့ဆောင်ရေး ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က နွားထိုးကြီး၊ စက်မှုဝန်ကြီး ဦးမောင်မြင့်က မင်းကင်း၊ ယဉ် ကျေးမှုဝန်ကြီး ဦးအေးမြင့်ကြူက ညောင်ရွှေ၊ အားကစားဝန်ကြီး ဦးတင့်ဆန်းက မြောင်းမြ၊ မွေး/ရေဝန်ကြီး ဦးအုန်းမြင့်က ကျောက် တန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်း ရှိန်က တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇)၊ လယ်/ ဆည်ဝန်ကြီး ဦးမြင့်လှိုင်က ဒက္ခိ ဏသီရိ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာသန်းအောင်က လမ်း မတော်နှင့် လျှပ်စစ်စွမ်းအားဝန် ကြီး ဦးခင်မောင်စိုးက လှည်းကူး တို့မှ အသီးသီးဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။
အမျိုးသမီးဝန်ကြီးတစ်ဦး ဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ် အုန်းခင်ကမူ ဧရာဝတီတိုင်းဒေသ ကြီး မဲဆန္ဒနယ် အမှတ် (၁၀)မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။
ယခုလအတွင်း အနားယူ သွားသည့် ကာကွယ်ရေးဝန်ကြီး ဟောင်း ဦးဝေလွင်၊ လူဝင်မှုကြီး ကြပ်ရေးဝန်ကြီး ဦးခင်ရီနှင့် ဆက် သွယ်ရေးဝန်ကြီး ဦးမြတ်ဟိန်းတို့ လည်း ရွေးကောက်ပွဲဝင်ပြိုင်မည် ဖြစ်သည်။
7 day

No comments:

Post a Comment