Friday, September 18, 2015

သန်လျင်တံတား လမ်းအသုံးပြုခ ကောက်ခံရေးလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း တစ်သိန်းကျော် သတ်မှတ်


သန်လျင်တံတား ယာဉ် အသုံးပြုခကောက်ခံခြင်းလုပ်ငန်း အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ မည်ဖြစ်ပြီး ကြမ်းခင်းဈေး ကျပ် သိန်းပေါင်း တစ်သိန်းတစ်သောင်း တစ်ထောင် သတ်မှတ်ထား ကြောင်း မြန်မာ့မီးရထားဌာနမှ သတင်းရရှိသည်။

‘‘ကျွန်တော်တို့ ဒီတစ်ခါတင် ဒါခေါ်ယူမှုမှာ သုံးနှစ်သက်တမ်း လုပ်ကိုင်ခွင့်နဲ့ ခေါ်သွားမယ်။ ပြီး ခဲ့တဲ့နှစ်တွေက တစ်နှစ်သက်တမ်း လုပ်ကိုင်ခွင့်နဲ့ပဲ ခေါ်ယူခဲ့ပါတယ်။ တခြားတံတားများနဲ့တူအောင် ဒီ နှစ်မှာ သုံးနှစ်သက်တမ်းတိုးပြီး တင်ဒါခေါ်ယူတာပါ’’ဟု မြန်မာ့မီး ရထားဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးကပြောသည်။

စိတ်ပါဝင်စားသော နိုင်ငံ သား လုပ်ငန်းရှင်များသည် ယခု လ ၂၂  ရက်မှစ၍ မန်နေဂျာ (စီး ပွားရေး/တိုင်း) တိုင်းအမှတ် (၇) ရန်ကုန်ဘူတာကြီး ပထမထပ်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံး၊ သန်လျင်မြို့နယ်တွင် လျှောက် ထားနိုင်ပြီဖြစ်သည်။ သန်လျင် တံတား ယာဉ်အသုံးပြုခကောက် ခံခြင်းလုပ်ငန်းအတွက် အိတ်ဖွင့် တင်ဒါခေါ်ယူမှုကို ယခုလ ၂၉ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ်တွင် သန်လျင် တံတားယာဉ်အသုံးပြုခကောက် ခံခြင်းလုပ်ငန်းအတွက် အိတ်ဖွင့် တင်ဒါခေါ်ယူခဲ့ရာတွင် ကြမ်းခင်း ဈေး ကျပ်သိန်းပေါင်း ၉,၅၀၀ သတ်မှတ်ခဲ့ပြီး လုပ်ငန်းရှင်တစ်ဦး ကကျပ်သိန်းပေါင်း ၁၁၀,၀၀၀ခန့် နှင့် တင်ဒါအောင်မြင်ခဲ့သည်။

No comments:

Post a Comment