Saturday, September 12, 2015

လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး ကွင်းလုံးကျွတ် လွတ်တော့မလား လူသတ်လက်နက်ပေါက်တူးပေါ်ရှိ ဒီအင်န်အေသည် မြန်မာလုပ်သားနှစ်ဦးမှ မဟုတ်ကြောင်း နာမည်ကြီးထိုင်းအမျိုးသမီးမှုခင်းဆရာဝန် ထွက်ဆို

ထိုင်းနိုင်ငံတရားမျှတရေးဝန်ကြီးဌာန၊ မှုခင်းဆေးသိပ္ပံဌာနမှူး ဒေါက်တာ ပွန်တစ်သည် လိပ်ကျွန်းလူသတ်မှု ဒီအင်န်အေစစ်ဆေးချက်များနှင့်ပတ်သက်၍ တရားရုံးသို့ လာရောက်ထွက်ဆိုရာ ပေါက်တူးတွင်တွေ့ရှိသည့် ဒီအင်န်အေသည် မြန်မာလုပ်သား နှစ်ဦး၏ ဒီအင်န်အေနှင့် မတူညီ ကြောင်း ထွက်ဆိုခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့က လိပ်ကျွန်း လူသတ်မှု ဒီအင်န်အေစစ်ဆေး ရာတွင် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိဟု ဒေါက် တာ ပွန်တစ်က ထွက်ဆိုကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
‘‘တစ်ချက်က ပေါက်တူးကို ဒီအင်န်အေစစ်တယ်။ လူသတ် တရားခံရဲ့ ဒီအင်န်အေတွေ့တယ်။ ဒါပေမဲ့ အဲဒီဒီအင်န်အေက ဇော် လင်းရယ်၊ ၀င်းဇော်ထွန်းရယ်၊ မောင်မောင်တို့ရဲ့ ဒီအင်န်အေ မဟုတ်ဘူးလို့ ပြောပါတယ်။ ပြော ရမယ်ဆိုရင် ရှင်းနေတာပဲ။ တခြား သူတစ်ယောက် ရှိတယ်ပေါ့။ နောက်တစ်ချက်က ဒီအင်န်အေ ရယူတဲ့အခါမှာ အော်တိုစက်ကို သုံးမယ်ဆိုရင် မစစ်ခင်ကတည်း က စစ်မယ့်သူရဲ့ နာမည်၊ လိပ်စာ တို့ထည့်ရတယ်။ တရားရုံးမှာ တင်ထားတဲ့အမှုက အရင်စစ်ပြီးမှ နာ မည်၊ လိပ်စာတို့ယူထားတယ်။ စာသားတွေကို ပြင်ထားတယ်ဆိုတာ နာရီကွာခြားချက်၊ ရက်စွဲကွာခြား ချက်တွေမှာ တွေ့ရတယ်လို့ ထွက်ဆိုသွားပါတယ်။ ကွဲလွဲနေတာ ပေါ့’’ဟု ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။

ဟန်နာ၏ ရင်သားပေါ်တွင် တွေ့ရသည့် တံတွေးကိုမူ မည်သူ မည်ဝါ၏ တံတွေးဟု သတ်မှတ် ပြောဆို၍မရကြောင်း တရားရုံး ၌ ဒေါက်တာပွန်တစ်က ထွက် ဆိုသွားသည်။
သေဆုံးသူ ဒေးဗစ်နှင့် ဟန် နာတို့ကို သတ်ဖြတ်ရာတွင် လူ သတ်လက်နက်အဖြစ် အသုံးပြု သော ပေါက်တူးကို အခင်းဖြစ်ပွားစဉ်က စစ်ဆေးရာ မည်သည့် ဒီအင်န်အေမှ မတွေ့ရှိရကြောင်း တရားရုံး၌ ထိုင်းရဲတပ်ဖွဲ့က ထွက် ဆိုထားသည်။
သို့သော် ပေါက်တူးကို ဒေါက်တာပွန်တစ်က သြဂုတ်လတွင် ပြန်လည် စစ်ဆေးရာ ဒီအင်န်အေ တွေ့ရှိပြီး အဆိုပါ တွေ့ရှိမှုကို တရားရုံးသို့ လာရောက်၍ စက်တင်ဘာ ၁၁ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။
‘‘အစိုးရရှေ့နေက အပြန်အ လှန်မေးခွန်းကို မမေးနိုင်အောင် အချက်အလက်နဲ့ ပြောဆိုရှင်းပြသွားခဲ့တယ်။ နောက်ပြီး ဟန်နာရဲ့ လက်ထဲမှာ တွေ့ရတဲ့ဆံပင်မျိုးဆိုရင် ဆက်ပြီးစစ်ရင် တရားခံဟာ ဘယ်သူဆိုတာ သိနိုင်တယ်ဆိုပေမယ့်လည်း ဆံပင်ကို ဆက်မစစ်ဘဲ ဘာမှမသိဘူးဆိုတဲ့ ပုံစံမျိုးထားနေတာဟာ တော်တော်လေးမှားပါတယ်လို့ ပြောပါတယ်’’ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
အခင်းဖြစ်ပွားချိန်တွင် မှုခင်းပိုင်းဆိုင်ရာကျွမ်းကျင်သည့် ဆရာ ၀န်သည် လိပ်ကျွန်းအပိုင်မြို့ဖြစ် သော ဆူရတ်ဌာနီမြို့၌ ရှိနေပါ သော်လည်း ထိုင်းရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခိုင်းမရှိခဲ့ဟု ဒေါက်တာပွန်တစ်က ထွက်ဆိုသည်။
‘‘ဒေါက်တာက အခုလို တရားရုံးမှာ လာထွက်ဆိုသွားတာ ဟာ ရွှေ့ပြောင်းမြန်မာအလုပ်သ မားနှစ်ယောက်အတွက် အင်မ တန်မှ အားတက်စရာကောင်း တယ်လို့ မြင်တယ်။ ထိုင်းတရား ရုံးအနေနဲ့က တိတိကျကျသက် သေမရှိဘူးဆိုတော့ သူတို့ကို ကွင်း လုံးကျွတ်လွှတ်ပေးရမယ့်အနေ အထားရှိတယ်လို့ မြင်တယ်။ အဲဒါကြောင့် မြန်မာအစိုးအရအနေနဲ့ ဖိဖိစီးစီးအလေးထားပြီး ကိုင်တွယ်သင့်တယ်’’ဟု မြန်မာသံရုံးအထူး အဖွဲ့ အဖွဲ့ဝင် ဦးထူးချစ်က ပြော သည်။
ဒေါက်တာ ပွန်တစ်သည် ဒီ အင်န်အေစစ်ဆေးသည့် မှုခင်း ပိုင်းဆိုင်ရာတွင် နိုင်ငံတကာအ ဆင့်ပညာရှင်တစ်ဦးဖြစ်ပြီး ထိုင်း ဘုရင့်နန်းတော်က ပေးအပ်သော ဘွဲ့တံဆိပ်ရရှိထားသူဖြစ်ကာ လိပ်ကျွန်းလူသတ်မှု ဒီအင်န်အေစစ် ဆေးသည့် ရဲတပ်ဖွဲ့အား ဝေဖန်ပြောကြားခဲ့သူ ဖြစ်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူးချစ်က ပြောသည်။
‘‘ထိုင်းနိုင်ငံမှာရော ဒေသ တွင်းမှာပါ အင်မတန်မှ လေးစား စရာကောင်းတဲ့ မျိုးရိုးဗီဇပညာရှင်ပေါ့။ သူ့အနေနဲ့ ထိုင်းနိုင်ငံမှာ တကယ့်အစိုးရအာဏာပိုင်တွေ၊ ငွေကြေးချမ်းသာတဲ့ လူတွေ၊ နိုင်ငံ ရေးသမားတွေ အဲဒီလိုလူတွေ သတ်ဖြတ်ခဲ့တဲ့အမှုတွေကို အမြဲ တမ်းကိုင်တွယ်တဲ့ သူပေါ့။ နောက်တစ်ခုက ၂၀၀၄ မှာ ဆူနာမီ ဖြစ်တုန်းက မြန်မာအလောင်းတွေအပါအ၀င် အလောင်းတွေထောင် ပေါင်းများစွာကို မျိုးရိုးဗီဇစစ်ဆေး ပေးတာတွေကို လုပ်ခဲ့လို့ ပိုပြီး တော့ နာမည်ကြီးသွားတာ။ နောက်တစ်ခုက ထိုင်းဘုရင်မိသားစုကိုယ် တိုင်က လေးစားပြီး ဆုတံဆိပ်တော်တွေရထားတဲ့ တကယ့်လူ့အခွင့်အရေးအလေးထားတဲ့ သူ ဖြစ်တယ်’’ဟု ဦးထူးချစ်က ပြောသည်။
ဒေါက်တာပွန်တစ်သည် အ သက်(၆၀)အရွယ်ရှိပြီး မဟီဒေါတက္ကသိုလ်မှ ဒေါက်တာ ဘွဲ့ရရှိထားသူဖြစ်သည်။ ပြီးခဲ့သည့် နှစ် ၃၀ အတွင်း အလောင်းပေါင်းတစ် သောင်းကျော်ကို မျိုးရိုးဗီဇစစ် ဆေးပေးခဲ့သူ ဖြစ်သည်။ ထို့ ကြောင့် ဒေါက်တာ ပွန်တစ်ကို Dr. Death ဟုလည်း ခေါ်ဝေါ်ကြသည်။ အမြဲတမ်းနှုတ်ခမ်းနီဆိုးထားပြီး ဆံပင်များကို ဆေးရောင်စုံဆိုးထားကာ ခေတ်မီ၍ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်သူ ဖြစ်သည်။
၂၀၀၄ တွင် ဆူနာမီဖြစ်စဉ်ကြောင့် သေဆုံးသွားသော ထောင်နှင့်ချီရှိသည့် အလောင်းများ ဒီအင်န်အေစစ်ဆေးပေးရာမှ နာမည်ကြီးလာသူ ဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့က တင်သွင်း ထားသော တရားလိုပြသက်သေ များကို ရုံးချိန်း (၁၂) ကြိမ် စစ်ဆေးအပြီး စက်တင်ဘာ ၂ ရက်တွင်မြန်မာဘက်မှ တရားခံပြသက် သေအဖြစ် ဇော်လင်းအား စတင် စစ်ဆေးခဲ့သည်။ တရားခံပြသက် သေများကို စက်တင်ဘာ ၂၂ ရက် မှ ၂၅ ရက်အထိ ဆက်လက်စစ် ဆေးမည် ဖြစ်သည်။
7Day Daily

No comments:

Post a Comment