Wednesday, September 30, 2015

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက မန္တလေးမြို့အနှံ့ အလှပြယာဉ်များဖြင့် စတင်မဲဆွယ်


အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) က မန္တ လေးမြို့တွင် ပထမဆုံးမဲဆွယ် စည်းရုံးရေးလှုပ်ရှားမှုများကို အ လှပြယာဉ်များဖြင့် စက်တင်ဘာ  ၂၉ ရက်က စတင်ခဲ့ကြောင်း သ တင်းရရှိသည်။
‘‘အမျိုးသားရေးကို ဦးထိပ် ထားမည်’’ဟူသော ဆောင်ပုဒ် ရေးဆွဲထားသည့် အလှပြယာဉ် များဖြင့် မန္တလေးမြို့အနှံ့ လှည့် လည်မဲဆွယ်စည်းရုံးခဲ့ပြီး နောက် ရက်များတွင် မန္တလေးတိုင်းဒေသ ကြီးရှိ အခြားမြို့နယ်များသို့ ဆက် လက် မဲဆွယ်စည်းရုံးမည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)၏ မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးကျော်အောင်က ပြောသည်။
‘‘ကျွန်တော်တို့ အဓိက ပြော တာကတော့ အမျိုးသားရေးကို လည်း ဦးထိပ်ထားတယ်။ ဒီမိုက ရေစီအရေးကိုလည်း အလေး ထားမယ်ဆိုပြီး မဲဆွယ်စည်းရုံးပါ တယ်။ ဒီမိုကရေစီရေးနဲ့ အမျိုး သားရေး နှစ်ခုစလုံး အတူယှဉ်တွဲ သွားနိုင်မှ မြန်မာနိုင်ငံရဲ့ အနာ ဂတ်က လှပမှာဖြစ်ပါတယ်’’ဟု ဦးကျော်အောင်ကပြောသည်။

‘‘ဒီခေတ်ကြီးကို ပြောင်းပစ် ဖို့ ခမောက်ကို မဲထည့်စို့’’ဟုဆို ကာ မဲဆွယ်စည်းရုံးခဲ့သကဲ့သို့  ပြီး ခဲ့သည့် လွှတ်တော်သက်တမ်းအ တွင်း NDF ပါတီ၏ ကိုယ်စား လှယ်များ လွှတ်တော်အတွင်း ဆို တင်အောင်မြင်ခဲ့သည့် အချက် များနှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအကြောင်း ရိုက်နှိပ် ထားသည့် လက်ကမ်းကြော်ငြာ များကိုလည်း မန္တလေးမြို့ စည်းရုံးရေး လမ်းတစ်လျှောက်ဝေငှခဲ့ သည်။

အမျိုးသားဒီမိုကရေစီအင် အားစုပါတီ (NDF) သည်မန္တလေး တိုင်းဒေသကြီးအတွင်း ပြည်သူ့ လွှတ်တော် ၁၀ နေရာ၊ အမျိုး သားလွှတ်တော် တစ်နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၁၇ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၂၈ နေရာတွင် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအ တွင်း လွှတ်တော်မဲဆန္ဒနယ်မြေ ၉၅ နေရာရှိပြီး နိုင်ငံရေးပါတီ ၂၀ နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်း ၁၁ ဦးအပါအ၀င် စုစု ပေါင်းလွှတ်တော်ကိုယ်စားလှယ် လောင်း ၃၉၉ ဦး ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ် သည်။ နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းအများစု မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်နေပြီဖြစ်ပြီး အချို့နိုင်ငံရေးပါတီများနှင့် တစ် သီးပုဂ္ဂလကိုယ်စားလှယ်လောင်း များမှာမူ ဘဏ္ဍာရေးအခက်အခဲ ကြောင့် မဲဆွယ်စည်းရုံးမှုများလုပ် ဆောင်နိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။
7 day

No comments:

Post a Comment