Friday, September 25, 2015

စစ်ကိုင်းရှိ ရေကြီးနစ်မြုပ် ဒေသများတွင် အခြေခံ ငါးမွေးမြူရေး သင်တန်းဖွင့်မည်


စစ်ကိုင်းတိုင်းဒေသကြီးရှိ ရေကြီးနစ်မြုပ်ခဲ့သည့် ဒေသများ တွင် အခြေခံငါးမွေးမြူရေး သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သတင်းရရှိသည်။

‘‘ရေကြီးနစ်မြုပ်တဲ့ဒေသမှာ အသက်မွေးဝမ်းကျောင်း ပညာ ရပ်အဖြစ် အခြေခံငါးမွေးမြူရေး သင်တန်းတွေ ဖွင့်လှစ်ပို့ချနေပါ တယ်။ နောက်ထပ်ရေဦး၊ ကန့် ဘလူ၊ ကောလင်း၊ ကလေး စတဲ့ မြို့နယ်တွေမှာလည်း သင်တန်း တွေ ဆက်ဖွင့်ဖို့စီစဉ်ထားတယ်’’ ဟု စစ်ကိုင်းတိုင်းဒေသကြီး ငါး လုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးက ပြောသည်။



အခြေခံငါးမွေးမြူရေးသင်တန်းများကို ရေဦးမြို့နယ် ဘိုရုံကျေးရွာတွင် စက်တင်ဘာ ၂၄၊ ၂၅ ရက်၌ သင်တန်းသား ၁၂ ဦး၊ ကန့်ဘလူမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် စက်တင်ဘာ ၂၆၊ ၂၇ ရက်၌ သင်တန်းသား ၁၅ ဦး၊ ကောလင်းမြို့တွင် စက်တင်ဘာ ၂၃ မှ ၂၉ ရက်အထိ သင်တန်းသား ၆၀ ဦး၊ ကလေးမြို့  နတ်ကြီးကုန်း ကျေးရွာ အောက်တိုဘာ ဒုတိယပတ်အတွင်း သင်တန်းသား ၃၀ ဦးတို့အား သင်ကြားပေးမည် ဖြစ်သည်။

ယခုနှစ်အတွင်း စစ်ကိုင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနက ရေကြီးနစ်မြုပ်ခဲ့သော ဒေသများတွင် အသက်မွေးဝမ်း ကျောင်းပညာရပ်အဖြစ် တစ်နိုင် တစ်ပိုင်ငါးမွေးမြူရေး သင်တန်း များကို ချောင်းဦးမြို့နယ် တော ကျောင်းကြီးကျေးရွာ ပေါက်အင်း ဒေသ၌ ဇူလိုင် ၂၆ ရက်တွင် သင် တန်းသား ၂၇ ဦး၊ ချောင်းဦးမြို့ နယ် ကြည်ကုန်းကျေးရွာ သြဂုတ် ၂၉ ရက်တွင် သင်တန်းသား ၃၀ ဦး၊ စစ်ကိုင်းမြို့နယ် ငါးလုပ်ငန်း သင်တန်းကျောင်း၌ စက်တင်ဘာ ၁၄ မှ ၁၅ ရက်အထိ သင်တန်း သား ၁၆ ဦးတို့အား ဖွင့်လှစ်သင် ကြားခဲ့သည်။

ပြီးခဲ့သည့် ဇွန်၊ ဇူလိုင်များ အတွင်း မိုးသည်းထန်စွာရွာသွန်း ခဲ့၍ စစ်ကိုင်းတိုင်းရှိ မုံရွာ၊ အရာ တော်၊ ကောလင်း၊ ၀န်းသို၊ ကန့်ဘလူ၊ ရေဦး၊ ဒီပဲယင်း၊ ကလေး စသည့်မြို့နယ်များတွင် ငါးမွေးမြူရေးလုပ်ငန်း ရှင် ၁၅၃ ဦး၊ ငါးကန် ၃၆၁ ကန်၊ ငါးမွေးကန် ၄၅၆ ဒသမ ၇၄၉ ဧက၊ ဆုံးရှုံးမှုကာလတန်ဖိုး ကျပ် ၃၁၃ ဒသမ ၆၉၁၀ သန်း ပျက်စီးဆုံးရှုံးခဲ့သည်။
7 day

No comments:

Post a Comment