Friday, September 18, 2015

တနင်္သာရီတိုင်းတွင် ဒုတိယအကြိမ်ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်း၌ ခုနစ်သောင်းကျော်တိုးလာ


 တနင်္သာရီတိုင်းဒေသ ကြီးအတွင်း ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းထုတ်ပြန်ရာတွင် ပထမအကြိမ်ထုတ်ပြန်သည့် မဲဆန္ဒရှင် အရေအတွက်ထက် ၇၀,၀၀၀ကျော် ထပ်မံတိုးလာကာ စုစုပေါင်းမဲဆန္ဒရှင် ကိုးသိန်းခန့်ရှိလာပြီး မဲရုံများ ထပ်မံတိုးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တနင်္သာရီ တိုင်းဒေသကြီး ရှိ အခြေခံမဲဆန္ဒရှင်စာရင်းကို ပြီးခဲ့သည့် ဇွန်လအတွင်းက ပထမ အကြိမ်ထုတ်ပြန်ခဲ့ရာ စုစုပေါင်း မဲဆန္ဒရှင် ၈၂၀,၀၀၀ ကျော်ရှိခဲ့ပြီး စက်တင်ဘာ ၁၄ ရက်က ထပ်မံထုတ်ပြန်ခဲ့သည့် မဲဆန္ဒ ရှင်စာရင်း တွင် ၈၉၂,၁၃၈ ဦးအထိ ရှိလာခဲ့ ကြောင်း တိုင်းဒေသကြီး ရွေး ကောက်ပွဲ ကော်မရှင်ထံမှ သိရ သည်။‘‘အခုထုတ်ပြန်ခဲ့တဲ့ မဲစာရင်း မှာ အခြေခံမဲဆန္ဒရှင်စာရင်းမှာ မပါသေးတဲ့ သူတွေက ပုံစံ (၃)နဲ့ လျှောက်ထားတဲ့ သူတွေ၊ ဒေသအတွင်းမှာ ရှိတဲ့ တပ်နဲ့ ရဲတွေရဲ့ စာရင်းလည်း ပါဝင်လာပါတယ်။ ပုံစံ (၃) (က)နဲ့ လျှောက်ထားရ မယ့်သူတွေက မဲရုံအလိုက် ခွဲ ပေးတဲ့ မဲဆန္ဒရှင်စာရင်းမှာ ပါလာ လိမ့်မယ်။ အဲဒီအချိန်ကျရင် လည်း မဲဆန္ဒရှင်စာရင်းထပ်တိုး လာနိုင်သေးတယ်’’ဟု တိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင် အရာရှိက ပြောကြားသည်။ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်၌ ဘုတ်ပြင်းမြို့နယ်သည် ယခင်ထုတ်ပြန်ခဲ့သည့် အခြေခံမဲဆန္ဒရှင် စာရင်းထက် လျော့နည်းခဲ့ပြီး ကျန်မြို့နယ်များ၌မူ မဲဆန္ဒရှင် အရေအတွက် တိုးလာကြောင်း သိရသည်။


ထို့အပြင် ယခုနှစ် ရွေး ကောက်ပွဲအတွက် တိုင်းဒေသကြီးအတွင်း ယခင်က မဲရုံပေါင်း၁,၁၅၃ ရုံဖွင့်လှစ်ရန် လျာထားခဲ့ပြီး ယခု အခါမဲဆန္ဒရှင်များ တိုးလာသောကြောင့် မဲရုံ ၁,၁၇၀ ရုံရှိလာမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မဲပေးနိုင်သူ ပြည်သူ ၃၀၀ ဦးရှိလျှင် မဲရုံတစ်ရုံဖွင့်လှစ်ပေးမည် ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး အတွင်း လူဦးရေ ၃,၀၀၀ မှ ၂,၈၀၀အထိ မဲပေးရကြမည့် မဲရုံ ငါးရုံ နှင့် လူဦးရေ ၂,၈၀၀ မှ ၂,၁၀၀ အထိ မဲပေးကြရမည့် မဲရုံ ၂၂ ရုံ ရှိ ပြီး မဲဆန္ဒရှင် ဦးရေ ၇၀၀ အောက်မဲပေးကြရမည့် မဲရုံ ၆၀၀ ကျော် ရှိကြောင်း သတင်းရရှိသည်။

ယခုနှစ်ရွေးကောက်ပွဲတွင် မဲရုံများ ပိုမိုလုံခြုံမှုရှိစေရန် အထူး ရဲများ၊ ရွေးကောက်ပွဲစောင့်ကြည့် ရေးအဖွဲ့များ၊ ရွေးကောက်ပွဲဆိုင် ရာ ပဋိပက္ခနှင့် ပြဿနာဖြေရှင်း ရေးဆိုင်ရာအဖွဲ့များပါ ဆောင် ရွက်သွားမည်ဖြစ်သည်။

တနင်္သာရီ တိုင်းဒေသကြီး အတွင်း မြို့နယ်တိုင်းတွင် မဲရုံများဖွင့်လှစ်သွားမည်ဖြစ်ပြီး ၂၀၁၁ အထွေထွေရွေးကောက်ပွဲ၌ မဲရုံ ပေါင်း ၁,၀၃၀ ရုံဖွင့်လှစ်နိုင်ခဲ့ ကြောင်း သိရသည်။
7 day

No comments:

Post a Comment