Friday, October 2, 2015

ကုန်ကားများကို အာဆီယံ သတ်မှတ်တန်ချိန်အတိုင်း ပြန်လည်တင်ဆောင်ခွင့်ပြု


 ပြည်တွင်းသုံးကုန်ကား များ အာဆီယံနိုင်ငံများအတွက် သတ်မှတ်ထားသည့် ကုန်တန်ချိန် များအတိုင်း တင်ဆောင်ခွင့်ကို အောက်တိုဘာ ၁ ရက်တွင် ပြန် လည်ခွင့်ပြုကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။ဆောက်လုပ်ရေးဝန်ကြီး ဌာနက မိုးတွင်းကာလတွင် လမ်း များကြံ့ခိုင်မှုရှိစေရန်နှင့် ကုန်တင် ကားများ တိမ်းမှောက်မှုမရှိစေရန် အာဆီယံသတ်မှတ်ကုန်တန်ချိန် ထက် ၂ တန်ခန့်လျှော့ချတင်ပို့ရန် ကုန်စည်ပို့ဆောင်ရေးဂိတ်များ အား ညွှန်ကြားခဲ့သည်။
‘‘ကုန်ကားတစ်စီးကို ပျမ်းမျှ တန်ချိန် ၁ တန်ကနေ ၂ တန်အထိပဲ တန်ချိန်တိုးမြှင့်လိုက်တာပါ။ ကုန် တင်ခနှုန်းထားတွေကတော့ အ တက်အကျမရှိနိုင်ပါဘူး’’ဟု မဏ္ဍိုင်ကုန်စည်ပို့ဆောင်ရေးလုပ် ငန်းမှ ကိုလင်းဦးက ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီး ဌာနက ဝင်ရိုးငါးခုပါ ၁၄ ဘီးကုန် တင်ကားတစ်စီးလျှင် (ကုန်+ ယာဉ်) ယခင်တန်ချိန် ၃၀ မှ ယခု ၃၁ တန်အထိ၊ ဝင်ရိုးလေးခုပါ ၁၄ ဘီးကုန်ကားတစ်စီးလျှင် (ကုန်+ ယာဉ်) ယခင်တန်ချိန် ၃၃ တန်မှ ယခု ၃၄ တန်အထိ၊ ဝင်ရိုးငါးခုပါ ၁၈ ဘီးကုန်တင်ကားတစ်စီးလျှင် (ကုန်+ယာဉ်) ယခင်တန်ချိန် ၄၁ တန်မှ ယခု ၄၆ တန်အထိ၊ ဝင်ရိုး ခြောက်ခုပါ ၂၂ ဘီးကုန်တင်ကား တစ်စီးလျှင် (ကုန်+ယာဉ်) ယခင် ၄၈ တန်မှ ၅၁ ဒသမ ၁ တန်အထိ တိုးမြှင့်တင်ဆောင်ခွင့်ပြုကြောင်း သတင်းရရှိသည်။

ထို့အတူ (ကုန်+ယာဉ်) တန် ချိန် စုစုပေါင်း ၅၅ တန်ထက် ပိုမို သယ်ဆောင်ပါက တန်ပိုကြေး ပေးဆောင်မှသာ တံတားများတွင် ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

လက်ရှိတွင် ကုန်များသည် သတ်မှတ်ထားသည့် တန်ချိန်များ အတိုင်း သယ်ဆောင်လျက်ရှိပြီး တန်ပိုသယ်မိပါက နီးစပ်ရာကုန် ကားဂိတ်များ၌ ကုန်များကို ချထားခဲ့ကြောင်း နိုင်သစ္စာ ကုန် စည်ပို့ဆောင်ရေးဂိတ်မှ ဦးကိုကို နိုင်က ပြောသည်။

ပြည်တွင်း ကုန်စည်ပို့ဆောင် ရေးလုပ်ငန်းများတွင် ၁၂ ဘီးကား၊ခြောက်ဘီးကားများကို အသုံးများပြီး ယခုကဲ့သို့ ကုန်တန်ချိန်ပြောင်း လဲသတ်မှတ်ခြင်းသည် ကုန်စည်ပို့ ဆောင်ခများကို ပြောင်းလဲမှုမရှိ နိုင်ကြောင်း ကုန်စည်ပို့ဆောင် ရေးလုပ်ငန်းရှင်များက သုံးသပ် သည်။
7 day

No comments:

Post a Comment