Sunday, November 29, 2015

အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းအမျိုးအစားများဆိုင်ရာ အမိန့်မူကြမ်းကို ပညာရှင်များ အကြံပြုချက်တောင်းခံပြီး အတည်ပြုမည်

အန္တရာယ်ရှိ စွန့်ပစ် ပစ္စည်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုမှ ကာကွယ်ရန် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း အမျိုးအစားများဆိုင်ရာ အမိန့်ကို ရေးဆွဲလျက်ရှိကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနမှ သတင်းရရှိ သည်။

လက်ရှိတွင် ဘေးအန္တရာယ် ရှိ စွန့်ပစ်ပစ္စည်းအမျိုးအစားများ ဆိုင်ရာ အမိန့်(မူကြမ်း)ကို ရေးဆွဲ ၍ စီးပွားရေးလုပ်ငန်းရှင်အသင်း အဖွဲ့များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရှင်များ၊ ပညာရှင်များ၏အကြံပြု ချက်များ ရယူကာ အတည်ပြုလုပ် ဆောင်သွားမည်ဖြစ်ကြောင်းသိရ သည်။

မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ စက်ရုံအလုပ်ရုံကြီးများ၊ အထူးစီး ပွားရေးဇုန်များလုပ်ဆောင်ရန်ရှိ သည့်နေရာ၊ စက်ရုံများမှ ထွက်ရှိ သည့်စွန့်ပစ်ပစ္စည်းများတွင် အန္တ ရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများကို ထိန်းသိမ်း ကာကွယ်ရန်လိုအပ် လာကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးစိန်ထွန်းလွင်က ပြော သည်။

အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း များကာကွယ်ရေးနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပ ဒေတွင် ပါရှိသည့် နည်းတူ မြန်မာ နိုင်ငံသည် ပြီးခဲ့သည့် ဧပြီက ဘာ ဆယ်ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ၌ ပါဝင်ခဲ့၍ ကွန်ဗင်းရှင်းပါ အချက် အလက်များအတိုင်းပတ်ဝန်းကျင် ထိခိုက်စေသည့် စွန့်ပစ်ပစ္စည်း လျှော့ချရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆို သည်။

ယင်းအမိန့်(မူကြမ်း)တွင် စွန့်ပစ်ပစ္စည်များအမျိုးအစား သတ်မှတ်ခြင်း၊ အတန်းအစား သတ်မှတ်ခြင်း၊ ဘေးအန္တရာယ်ရှိ သော သွင်ပြင်လက္ခဏာများစ သည့်အချက်များအပြင် ဘေးအန္တ ရာယ်ရှိ စွန့်ပစ်ပစ္စည်းများနယ်စပ် ဖြတ်ကျော်ဝင်ရောက်လာခြင်းကို ကာကွယ်ခြင်း စသည့်အချက်များ ပါဝင်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ယခုနှစ်ပိုင်းအတွင်း ဘေးအ န္တရာယ်ရှိ အီလက်ထရွန်နစ်စွန့်ပစ် ပစ္စည်းများအား မြန်မာနိုင်ငံတွင် တရားမဝင် လာရောက်စွန့်ပစ် မည့် ကားနှစ်စီးကို တရားမဝင် ကုန်သွယ်မှု တားဆီးရေးဗဟို ကော်မတီက ဖမ်းဆီးရမိသည့်ဖြစ် စဉ်များရှိခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
7 day

No comments:

Post a Comment