Sunday, November 29, 2015

တရုတ်နိုင်ငံက လှူဒါန်းသည့် ရဲတပ်ဖွဲ့သုံး ကားအစီးငါးရာကျော်ကို ကားမရှိသည့် နယ်မြေရဲစခန်းများတွင် ဦးစားပေးထားရှိမည်

တရုတ်နိုင်ငံကလှူဒါန်းထားသော ရဲတပ်ဖွဲ့သုံးကားအချို့
မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လှူဒါန်းသည့် တရုတ်ယွမ်မင်ဘီ ၉၉ သန်းဖိုးရှိ ရဲတပ်ဖွဲ့ဝင်သုံးမော် တော်ယာဉ်အစီးရေ ၅၀၅ စီးကို အဓိကလိုအပ်ချက်ရှိနေသည့် နယ်မြေရဲစခန်းများတွင် ဦးစား ပေးထားရှိသွားမည်ဟု သတင်းရ ရှိသည်။

တရုတ်ဝန်ကြီးချုပ်သည် ပြီးခဲ့သည့် ၂၀၁၄ က မြန်မာနိုင်ငံ သို့လာရောက်သည့် ခရီးစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကူညီဆောင် ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးချုပ်စိုး မြိုင်ကပြောသည်။

‘‘ကားတွေလည်း အကုန် ရောက်ပါပြီ။ လုပ်ငန်းသုံးကား တွေအားလုံးကို အောက်ခြေအ ဆင့် မြို့မရဲတပ်ဖွဲ့စခန်းအထိပေး ပါမယ်။ ကားမရှိသေးတဲ့စခန်း တွေကို အဓိကဦးစားပေးပြီး ပေး သွားမှာဖြစ်ပါတယ်။ အဓိကလို အပ်နေတာက လုပ်ငန်းသုံးယာဉ် တွေ လိုအပ်တယ်။ အခုလို လှူ ဒါန်းတာကလည်း အထောက်အ ကူ အများကြီးဖြစ်ပါတယ်’’ဟု ရဲမှူးချုပ် စိုးမြိုင်က ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ရဲတပ်ဖွဲ့ဝင်လုပ်ငန်းသုံးပစ်ကပ် ၂၄၅ စီး၊ ထရပ် ၁၃၅ စီး၊ ဆလွန်း ၁၂၀ စီးနှင့် မြေကျောက်သယ်ကား ငါးစီးတို့ကို နိုဝင်ဘာ ၂၇ ရက်က နေပြည်တော်တွင် လွှဲပြောင်းပေး ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သတင်းရရှိသည်။

တစ်နိုင်ငံလုံးတွင် ရဲတပ်ဖွဲ့ စခန်းပေါင်း ၆၆၀ ခန့်ရှိပြီး ရဲတပ် ဖွဲ့လုပ်ငန်းသုံးကားများပေးထား နိုင်ခြင်းမရှိသည့် စခန်းများလည်း ရှိနေသေးကြောင်း စုံစမ်းသိရ သည်။

‘‘အဓိကလုပ်ငန်းလိုအပ် ချက်ဖြစ်တဲ့ သယ်ယူပို့ဆောင်ရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို အ မြန်ဆုံးဆောင်ရွက်နိုင်မယ်။ အ ရေးပေါ်ကိစ္စပေါ်လို့ သွားမယ်ဆို ရင် ယာဉ်မရှိလို့ အဆင်မပြေတာ တွေလည်းဖြစ်ခဲ့တယ်။ စခန်းတစ် ခုမှာ တစ်စီးနှုန်းထားပေးနိုင်ရင် လုပ်ငန်းပိုတွင်ကျယ်လာနိုင်မှာ ပါ’’ဟု တံတားဦးမြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးတိုးလွင်က ပြောသည်။
7 day

No comments:

Post a Comment