Sunday, November 29, 2015

ပါရမီယာဉ်အရှိန်လွန်ပြီး အငှားယာဉ်ရှစ်စီးကို ဆင့်တိုက်

လှည်းတန်းခုံးတံတား အောက်ရှိ မီးပွိုင့်အ၀င်တွင် ပါရမီ ယာဉ်လိုင်းမှယာဉ်တစ်စီး အရှိန် လွန်ပြီး အငှားယာဉ်ရှစ်စီးနှင့် အိမ်ကားတစ်စီးကို ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာ ၂၈ ရက် နံနက် ၉နာရီခန့်က စိုက်ပျိုးရေး မှတ်တိုင်ဘက်မှ လှည်းတန်းဘက်သို့ ပြည်လမ်းအတိုင်းမောင်းနှင်လာသည့်(၁၇၄) ပါရမီယာဉ်က ၀င်တိုက်ခဲ့ခြင်းဖြစ်ကာ အမျိုးသမီးတစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ယာဉ်မောင်း ထွက်ပြေးသွားခဲ့သော်လည်း ပါရမီယာဉ်လိုင်းမှ တာဝန်ရှိသူများက ယာဉ်မောင်းကို ရဲတပ်ဖွဲ့ထံ ပြန်လည် အပ်နှံခဲ့သည်ဟု ကမာရွတ်မြို့နယ် ယာဉ်ထိန်းရဲစခန်းမှ ဒုရဲမှူးအောင်ကြီးက ပြောသည်။
‘‘ကျွန်တော့်ကားကို အ နောက်ဘက်က အရှိန်နဲ့ဝင်တိုက် လိုက်တော့ ကျွန်တော်ရော ခေါင်း ခန်းကခရီးသည်ရော ဒဏ်ရာတွေ ရသွားတယ်။ ပြီးမှ အရှိန်ပြင်းပြင်း နဲ့ ဂျာနယ်ရောင်းနေတဲ့ ကောင်မ လေးရော တခြားကားတွေကိုပါ ဆက်တိုက်တိုက်သွားတယ်။ ဒရိုင်ဘာက ထွက်ပြေးသွားတယ်’’ဟု အငှားယာဉ်မောင်းက ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားချိန် တွင် မီးပွိုင့်နီစပြုနေသဖြင့် အရှိန် နှေးနေသည့် ကားတန်းကြားရှိ သတင်းစာများနှင့် ဂျာနယ်လက် ပွေ့ရောင်းနေသော အမျိုးသမီး ကိုဝင်တိုက်မိကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ အတွင်းလူနာ (မစိုး ရိမ်ရ)အဖြစ် ဆေးဝါးကုသနေရ ကြောင်း သတင်းရရှိသည်။

‘‘ဒုန်းဆို တိုက်လိုက်တော့ ရှေ့မှန်နဲ့မျက်နှာရိုက်မိပြီး သတိ မေ့သွားတယ်။ ပြန်သတိရတော့ ကားကပလက်ဖောင်းပေါ်ရောက် နေပြီ။ လူကတော့ မြင်တဲ့အတိုင်း ပဲ’’ဟု မျက်နှာတွင် ဒဏ်ရာရထား သည့် အမျိုးသားတစ်ဦးက ပြော ကြားသည်။

ယာဉ်တိုက်မှုဖြစ်ဖြစ်ချင်း လှည်းတန်းခုံးတံတားအနီးရှိ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များရောက် လာပြီး ဒဏ်ရာရသည့် အမျိုးသမီး အား ဆေးရုံသို့ တင်ပို့ကာ ယာဉ်တိုက်မှုဖြစ်သည့် ယာဉ် ၁၀ စီးကို မိနစ် ၃၀ အတွင်း ရှင်းလင်းဖယ်ရှားနိုင်ခဲ့သည်။

‘‘အနားမှာရှိတဲ့ မျက်မြင် သက်သေတွေကိုလိုက်မေးဖို့လုပ် တော့ အကုန်လုံး ထွက်ပြေးသွား ကြတယ်။ အဲဒီလို ကျွန်တော်တို့ အလုပ်ကို ၀ိုင်းမကူကြရင် ဘယ် လိုလုပ်မလဲ’’ဟု ယာဉ်တိုက်မှုကို ဖြေရှင်းနေသည့် တာဝန်ကျယာဉ် ထိန်းရဲအရာရှိတစ်ဦးက ပြော သည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ယာဉ်ကိုးစီးတွင် အငှားယာဉ်ရှစ်စီး သာ အမှုဖွင့်ခဲ့ပြီး အိမ်ကားပိုင်ရှင် က အမှုဖွင့်ခဲ့ခြင်းမရှိကြောင်း ဒုရဲမှူးအောင်ကြီးက ပြောသည်။

‘‘အတိုက်ခံရတဲ့ကားတွေအ ကုန်လုံးက အငှားယာဉ်တွေချည်း ပဲ။ ရှေ့ဆုံးက အိမ်ကားတစ်စီးက တော့ နည်းနည်းပဲထိလို့ဆိုပြီး တိုင်ချက်တော့မဖွင့်တော့ဘူးဆို ပြီး ထွက်သွားတယ်။ ကားက ဘရိတ်မမိဘဲ အရှိန်နဲ့နောက်က နေ အကုန်လုံးကို ဇယ်တောက် သလို ၀င်တိုက်သွားတာပါ’’ဟု ဒုရဲမှူးအောင်ကြီးက ပြောသည်။

ယာဉ်တိုက်မှုကျူးလွန်သည့် ခရီးသည်ယာဉ်မောင်းအများစု သည် ယာဉ်ကြံ့ခိုင်မှုစစ်ဆေးရာ တွင် အားနည်းပြီး အခေါက်ရေပိုရ ရေးနှင့် နေ့စဉ်ဝင်ငွေပိုရရေးတို့ကို သာ ဦးစားပေးမောင်းနှင်မှုများ ကြောင့် ဖြစ်ကြောင်း ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုကျူးလွန်သူ (၁၇၄) ပါရမီယာဉ်လိုင်းမှ ယာဉ် မောင်း စိန်ဝင်း (၅၈)နှစ်ကို ကမာ ရွတ်မြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၃၈/၂၇၉/၂၀၂ ဖြင့် အမှုဖွင့်စစ် ဆေးနေကြောင်း သိရသည်။
7 day

No comments:

Post a Comment