Tuesday, December 1, 2015

‘‘မြန်မာပရိသတ်ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အခုရုပ်ရှင်ကို အစွမ်းကုန်ကြိုးစားသွားမှာပါ’’ ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေနှင့် တွေ့ဆုံခြင်း

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သော အလှဓာတ်ပုံများကြောင့် မြန်မာပရိသတ်များ၏ အားပေးမှုရရှိခဲ့သည့် ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေသည် ယနေ့ ညနေ ၆ နာရီခွဲတွင် မြန်မာနိုင်ငံ သို့ ရောက်ရှိမည်ဖြစ်သည်။ လာ မည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် လုပ်ဆောင်မည့် အနုပညာလှုပ်ရှားမှုများအကြောင်း မိတ်ဆက်ရန် လာရောက်ခြင်းဖြစ်ပြီး မြန်မာသရုပ်ဆောင် နေတိုးနှင့်လည်း ရုပ်ရှင်တွဲဖက်ရိုက်ကူးမည်ဖြစ်သည်။ ထို့ကြောင့်မြန်မာပရိသတ် များ၏ အားပေးမှုရရှိထားသည့် ငုရင်ထရန်ဟုရန်မေကို မြန်မာနိုင်ငံတွင် အနုပညာလှုပ်ရှားမှုများ လာရောက်လုပ်ကိုင်ဖြစ်သည့်အကြောင်းအပါအဝင် လတ်တလောလှုပ်ရှားမှုများအကြောင်းကို အီးမေးလ်မှ တစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။
အရင်ဆုံးညီမရဲ့အကြောင်းကို ပရိသတ်တွေကို မိတ်ဆက်ပေးပါ ဦး။
ကျွန်မရဲ့ နာမည်က ငုရင်ထ ရန်ဟုရန်မေ (Nguyen Tran Huyen My)ပါ။ ကျွန်မမှာ ဖေဖေ၊ မေမေနဲ့ မောင်လေးတစ်ယောက် ရှိပါတယ်။ ကျွန်မ အခုဖက်ရှင် ဒီဇိုင်နာပညာသင်ယူနေပါတယ်။ တေးဂီတ၊ အနုပညာ၊ ပန်းချီနဲ့ ရေကူးဝါသနာပါပါတယ်။
မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာတာလား။ မြန်မာနိုင်ငံနဲ့ပတ် သက်ပြီး ဘာတွေသိထားတာရှိ သလဲ။ နောက်ပြီး မြန်မာနိုင်ငံကိုလာတဲ့ ပြည်ပအနုပညာရှင်အများစုက မြန်မာနိုင်ငံက အစားအ သောက်တွေနဲ့ပတ်သက်ပြီး စိတ် ဝင်စားကြတာရှိတော့ ညီမအနေ နဲ့ မြန်မာအစားအသောက်တွေကို ကော စိတ်ဝင်စားလား။
ကျွန်မ မြန်မာနိုင်ငံကို ဟိုး အရင်က တစ်ခေါက်ရောက်ခဲ့ဖူး ပါတယ်။ ဗီယက်နမ်နိုင်ငံ လုပ် ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အခုရုပ်ရှင်ကြောင့် နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ လူ မှုရေး၊ ယဉ်ကျေးမှုတွေမှာ ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ မြန်မာအစားအစာအ နေနဲ့ ငါးထမင်း၊ လက်ဖက်ကို ကြိုက်ပါတယ်။ စားလို့တော့ ကောင်းတယ်။ များများစားရင် အိပ်မပျော်ဖြစ်တယ်။ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေဟာ ကမ္ဘာကျော်အောင် နာမည်ကြီး ပါတယ်။ Myanmar Media 7ကတောင် လက်ဆောင်ကျောက် စိမ်းလည်ဆွဲလေးတွေ ပေးသေးတယ်။ အရမ်းကြိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရုပ်ရှင်ရိုက်တာနဲ့ပတ်သက်ပြီး အစစအရာရာအ ဆင်ပြေပြီး အောင်မြင်ပါစေလို့ ဆုတောင်းနေပါတယ်။
မြန်မာနိုင်ငံကိုရောက်တဲ့အချိန် ဘာလုပ်မယ်လို့ စဉ်းစားထားတာ ရှိသလဲ။ အစီအစဉ်တွေရှိရင် ပြောပြပေးပါဦး။
မြန်မာနိုင်ငံသားတွေလည်း ဗီယက်နမ်နိုင်ငံသားလိုပဲ ဗုဒ္ဓဘာ သာကိုးကွယ်တယ်လို့ သိရပါ တယ်။ ရွှေတိဂုံဘုရားက အလွန် တန်ခိုးကြီးကြောင်း သိရပါတယ်။ အခုတစ်ခေါက် ရွှေတိဂုံဘုရားကို သွားဖူးမှာပါ။ အင်းလေးကန် လည်း အရမ်းလှပါတယ်။ အချိန် မရလို့ သွားမလည်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။
အလှမယ်တစ်ယောက်ဘဝကနေ သရုပ်ဆောင်အဖြစ် ဇာတ်ကား တွေရိုက်ကူးတော့မှာဆိုတော့ ဗီ ယက်နမ်နိုင်ငံမှာကော အနုပညာ နဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖြစ် သလဲ။
ဗီယက်နမ်နိုင်ငံရဲ့ Miss Vietnem 2014 မှာ 1st Runner Up ဆုရရှိပြီးနောက်ပိုင်း ကျွန်မကို တချို့ရုပ်ရှင်ရိုက်ကူးရေး ကုမ္ပဏီ တွေက ရုပ်ရှင်ရိုက်ကူးဖို့ ကမ်း လှမ်းကြပါတယ်။ ဒါပေမဲ့ ငြင်းခဲ့ ပြီး မြန်မာနိုင်ငံက ရိုက်ကူးမယ့် ရုပ်ရှင်ကိုတော့ လက်ခံခဲ့ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ ဒီရုပ်ရှင်မှာ ကျွန်မသရုပ်ဆောင်ရ မယ့်စရိုက်က ကျွန်မကြိုက်နှစ် သက်တဲ့စရိုက်ဖြစ်နေလို့ပဲဖြစ်ပါ တယ်။ နောက်တစ်ခုက ဗီယက် နမ်-မြန်မာ ချစ်ကြည်ရေးအတွက် တစ်ထောင့်တစ်နေရာက အကျိုး ရှိမယ့်ဇာတ်ကားဖြစ်တာလည်းပါ တယ်။ နောက်တစ်ခုက မြန်မာ နိုင်ငံကို လာရောက်လည်ပတ်ခွင့် ရပြီး မြန်မာနိုင်ငံက ပရိသတ်တွေ နဲ့ ရင်းနှီးခွင့်၊ တွေ့ခွင့် ရရှိတဲ့အ တွက် ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂ ရက်မှာ မြန်မာနိုင်ငံ မှာလုပ်မယ့် အနုပညာလှုပ်ရှားမှု တွေကို မိတ်ဆက်တော့မှာဆို တော့ အဲဒီပွဲနဲ့ပတ်သက်ပြီး ဘာ တွေပြောပြချင်သလဲ။
ပထမဦးစွာ ကျွန်မအထူး ကျေးဇူးတင်ရှိတာကတော့ Mya-nmar Media 7 က ကျွန်မကို ရုပ် ရှင်ရိုက်ဖို့ ကမ်းလှမ်းတဲ့အတွက် ဖြစ်ပါတယ်။ ထို့အတူ ဗီယက်နမ် မှာရှိတဲ့ မြန်မာသံရုံးကိုလည်း အစစအရာရာ ကူညီဆောင်ရွက် ပေးတဲ့အတွက် အထူးကျေးဇူး တင်ရှိပါတယ်။ ဗီယက်နမ်-မြန်မာချစ်ကြည်ရေးအသင်းကို လည်း အထူးကျေးဇူးတင်ပါတယ်။ Myanmar Media 7 က ဗီယက်နမ် မှာရှိတဲ့ မြန်မာသံရုံးကို ရုပ်ရှင် ရိုက်ကူးလိုကြောင်း ဆက်သွယ်၊ မြန်မာသံရုံးက ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းကို ဆက် သွယ်၊ ဗီယက်နမ်-မြန်မာ ချစ် ကြည်ရေးအသင်းက ကျွန်မကို ဆက်သွယ်တဲ့အတွက် တွေ့ဆုံ ဆွေးနွေးသဘောတူလက်မှတ် ရေးထိုးခြင်းတွေ ဆောင်ရွက်နိုင် ခြင်းဖြစ်ပါတယ်။ ကျွန်မအနေနဲ့ Myanmar Media 7 ကို အပြည့် အဝယုံကြည်ပါတယ်။ ဒါကြောင့် နှစ်နာရီအတွင်း နှစ်ဖက်သဘော တူစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ ခြင်းဖြစ်ပါတယ်။ လက်မှတ်ရေး ထိုးပြီးတော့ ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းရဲ့ ဖိတ်ကြားချက်အရ ကျွန်မတို့ နေ့လယ် စာ အတူစားသုံးခဲ့ပါတယ်။ ကျွန်မ အနေနဲ့ Myanmar Media 7 ကို ဝက်ဘ်ဆိုက်ကနေကြည့်တဲ့အခါ Myanmar Media 7 ရဲ့ လုပ် ဆောင်ချက်တွေ၊ လှုပ်ရှားမှုတွေ အများကြီးတွေ့ရပါတယ်။ ဒီဇင် ဘာ ၂ ရက်မှာလုပ်မယ့် စာနယ် ဇင်းမိတ်ဆက်ပွဲက အလွန်ကြီး ကျယ်ခမ်းနားတဲ့ ပွဲဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုတောင်းပန်ထားချင် တာက ကျွန်မအနေနဲ့ အင်္ဂလိပ်လို အနည်းငယ်ပြောတတ်ပြီး မြန်မာ လို မပြောတတ်တာပါပဲ။ ရုပ်ရှင် ရိုက်ပြီးရင်တော့ မြန်မာလိုအနည်းငယ်ပြောတတ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အလှမယ်ဘဝကနေ သရုပ် ဆောင်ဘက်ကို ကူးလာတာဆို တော့ အနုပညာနဲ့ပတ်သက်ပြီး ဘာတွေလေ့လာဖူးသလဲ။ အနုပညာနဲ့ပတ်သက်ပြီး ကျောင်းတွေတက်ဖူးရင် ပြောပြပေးပါလား။
ကျွန်မက ပန်းချီဆွဲတာ ကောင်းတဲ့အတွက် ဒီဇိုင်နာပညာ ကို ဆည်းပူးနေပါတယ်။ ဒါ့အပြင်ဗီယက်နမ် တီဗီလိုင်းမှာလည်း MC လုပ်သလို မော်ဒယ်လည်း လုပ်နေပါတယ်။ အခုရုပ်ရှင်ပြီး ရင် နောက်ထပ်ရုပ်ရှင်တွေ အများကြီးထပ်ရိုက်ဖို့ အခွင့်အရေးတွေ မျှော်လင့်ပါတယ်။
မြန်မာနိုင်ငံမှာရိုက်မယ့် ရုပ်ရှင်မှာ အတူသရုပ်ဆောင်မယ့် မင်းသား နေတိုးနဲ့ပတ်သက်ပြီး ဘာတွေသိ ထားသလဲ။ မြန်မာနိုင်ငံက ဝါရင့် သရုပ်ဆောင်တစ်ယောက်နဲ့ တွဲ ဖက်သရုပ်ဆောင်ရမှာဆိုတော့ ဘာတွေပြင်ဆင်ထားသလဲ။
ရုပ်ရှင်မင်းသား ကိုနေတိုး ဟာ အသက် (၃၄)နှစ်ရှိပြီး ၂၀၀၉ က မြန်မာနိုင်ငံက ချီးမြှင့်တဲ့ အ ကောင်းဆုံးအကယ်သမီသရုပ် ဆောင်ဆုရရှိထားတဲ့ အနုပညာ ရှင်ဖြစ်ပါတယ်။ အရင်တုန်းက တော့ ကျွန်မလိုပဲ မော်ဒယ်ဘွိုင်း လုပ်ခဲ့တယ်လို့ သိရပါတယ်။ ကိုနေတိုးက သင်္ချာအရမ်းတော် တယ်လို့ သိရပါတယ်။ ရန်ကုန် တက္ကသိုလ်မှာ သင်္ချာနဲ့ ဘွဲ့ရထား တယ်လို့ သိရပါတယ်။ ကျွန်မ မျှော်လင့်တာက ကျွန်မတို့နှစ် ယောက် ရုပ်ရှင်ရိုက်ကူးတဲ့ကာလ အတွင်း ပိုမိုရင်းနှီးလာမယ်လို့ မျှော်လင့်ပါတယ်။
ညီမရဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး တချို့ကလည်း ဆာဂျရီလုပ်ထား တာလို့ ဝေဖန်သူတွေရှိတော့ အဲဒီ လို ဝေဖန်မှုတွေအပေါ်မှာ ဘာ ပြောချင်လဲ။
ဗီယက်နမ်နိုင်ငံရဲ့ Miss Vietnem 2014 မှာ 1st Runner Up ဆုရရှိပြီးနောက်ပိုင်းမှာ တခြားပြည်ပနိုင်ငံတွေနဲ့ ဆက်သွယ် ဆောင်ရွက်ရာမှာ အဆင်ပြေစေ ဖို့ဆိုပြီး ကျွန်မရဲ့ သွားအနည်း ငယ်ပြုပြင်ခဲ့ပါတယ်။ ကျန်တဲ့ ပလတ်စတစ်ဆာဂျရီလုပ်ထား တာမရှိပါဘူး။
မြန်မာအမျိုးသမီးတွေဝတ်တဲ့ ရင် ဖုံးအင်္ကျီနဲ့ လုံချည်ကိုကော စိတ် ဝင်စားလား။ ကိုယ်တိုင်ဝတ် ကြည့်ချင်တဲ့ စိတ်ကောရှိလား။
မြန်မာရိုးရာအဝတ်အစား ကိုလည်း နှစ်သက်ပါတယ်။ ထဘီဝတ်ရတာလည်း နှစ်သက်ပါတယ်။
ပရဟိတအလုပ်တွေနဲ့ပတ်သက် ပြီးတော့ စိတ်ဝင်စားမှု ဘယ် လောက်ရှိလဲ။ ဗီယက်နမ်နိုင်ငံမှာ ကော ပရဟိတနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်လဲ။
ကျွန်မအနေနဲ့ ပရဟိတလုပ် ရတာ ဝါသနာပါတယ်။ မြန်မာ နိုင်ငံကိုမလာခင် ကျွန်မရဲ့ ဖေဖေ၊မေမေ၊ မောင်လေးနဲ့ ကျွန်မသူ ငယ်ချင်းတွေက ဟနွိုင်းမြို့မှာရှိ တဲ့ ဟနွိုင်းကလေးဆေးရုံကိုသွား ပြီး တတ်နိုင်သလောက် လှူဒါန်း ခဲ့ပါတယ်။ မြန်မာနိုင်ငံက ပြန် ရောက်ရင်လည်း ဗီယက်နမ်နိုင်ငံ က တောင်ပေါ်ဆင်းရဲတဲ့ဒေသဖြစ်တဲ့ Ha Giang ပြည်နယ်မှာရှိတဲ့ဆင်း ရဲတဲ့ကျောင်းသားလေးတွေ ကို ကူညီဖို့အတွက် တတ်နိုင် သလောက် ပရဟိတလုပ်ငန်းတွေ သွားရောက်လုပ်ကိုင်ဆောင်ရွက် မှာ ဖြစ်ပါတယ်။ ဒါက မြန်မာနိုင်ငံ နဲ့ ချစ်ကြည်ရေး ရုပ်ရှင်ရိုက်ကူး ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။
ညီမရဲ့ ဓာတ်ပုံတွေကို လူမှုကွန် ရက်စာမျက်နှာကနေတွေ့ပြီး မြန်မာပရိသတ်တွေက အားပေး နေတာကို သိလား။ အဲဒီအပေါ် မှာ ဘယ်လိုခံစားရလဲ။
ကျွန်မအနေနဲ့ အင်တာနက် ပေါ်မှာ နာမည်ကြီးရာကနေတစ် ဆင့် ဂျာနယ်ထဲအထိပါ ရောက်ရှိ နေတဲ့အတွက် သိသိချင်းအရမ်း အံ့ဩရသလို အရမ်းလည်းဝမ်း သာမဆုံးဖြစ်မိပါတယ်။ ကျွန်မရဲ့ ဖေ့စ်ဘွတ်ခ်မှာလည်း မြန်မာပရိ သတ်တွေ မကြာခဏ Comment ပေးတာ တွေ့ရပါတယ်။ ဒါ ကြောင့်မို့လို့ ကျွန်မအနေနဲ့ မြန်မာပရိသတ်ကို ကျေးဇူးတုံ့ပြန်တဲ့အ နေနဲ့ အခုရိုက်ကူးမယ့်ရုပ်ရှင်ကား ကို အစွမ်းကုန်ကြိုးစားသွားမှာပါ။
ညီမကို အားပေးနေတဲ့ မြန်မာပရိ သတ်တွေကို 7Day Daily စာ မျက်နှာကတစ်ဆင့် စကားလက် ဆောင်လေးပြောပေးပါဦး။
ကျွန်မရဲ့ ဖေ့စ်ဘွတ်ခ်မှာ မြန်မာပရိသတ်များ မကြာခဏ Comment ပေးတာ တွေ့ရပေ မယ့် အချိန်မရတဲ့အတွက် အ ကြောင်းပြန်နိုင်ခြင်းမရှိတာကို တောင်းပန်ပါတယ်။ အခုရိုက်ကူး မယ့်ရုပ်ရှင်ကားကိုလည်း အား ပေးခြင်းဖြင့် ကျွန်မကို အားပေး ကြပါလို့ ပရိသတ်ကြီးကို တောင်း ဆိုချင်ပါတယ်။ ကျွန်မကို ချစ်တဲ့ ပရိသတ်ကြီးကို အရမ်းချစ်ပါ တယ်။ ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။
7Day Daily

No comments:

Post a Comment