Friday, December 18, 2015

စင်မြင့်ထက်ချော်လဲပေမယ့် ဟန်မပျက်ဆက်လျှောက်ခဲ့တဲ့ မေဘရဏီသော်ကို ပြည်တွင်းပြည်ပပရိသတ်များ ချီးကျူး

မယ်စကြ၀ဠာ ၂၀၁၅ အကြိုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် မေဘရဏီသော်သည် ညနေခင်းဝတ်စုံဖြင့် ယှဉ်ပြိုင်ရာတွင် ခြေချော်လဲကျခဲ့သော်လည်း ပြိုင်ပွဲ၌ ဟန်မပျက်ဆက်လျှောက်ခဲ့သောကြောင့် ပရိသတ်များက ချီးကျူးခဲ့ကြသည်။

ယင်းယှဉ်ပြိုင်မှုအစီအစဉ် ကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲတွင် အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မြို့၌ ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီးမယ်စကြ၀ဠာ ၂၀၁၅ အလှမယ်များက ပြိုင်ပွဲဝင်ဝတ်စုံသုံးစုံဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

ညနေခင်းဝတ်စုံနှင့် ယှဉ်ပြိုင်သည့်ကဏ္ဍတွင် မေဘရဏီသော် သည် စင်မြင့်လှေကားမှဆင်းစဉ် ခြေချော်ကာ လဲကျခဲ့သော်လည်း ဟန်မပျက်ထ၍ ဆက်လျှောက်နိုင်ခဲ့သောကြောင့် ယင်းပွဲကိုလာ ရောက်ကြည့်ရှုနေသည့် ပရိသတ် များက လက်ခုပ်တီး၍ အားပေးခဲ့ကြသည်။

‘‘ခန်းမထဲက ပရိသတ်တွေ ကတော့ ပိုသတိထားမိပြီး အား ပေးကြတယ်။ မြန်မာပြည်က ပရိ သတ်တွေကလည်း အံ့သြစရာ ကောင်းလောက်အောင် တော် တယ်ဆိုပြီး အားပေးကြပါတယ်’’ ဟု ယင်းပြိုင်ပွဲကို ကိုယ်တိုင်သွား ရောက်ကြည့်ရှုခဲ့သည့် မယ်စကြ ၀ဠာ မြန်မာ၏ National Director ဒေါ်စိုးယုဝေက ပြောသည်။

ထို့ပြင် ယင်းကိစ္စနှင့် ပတ် သက်၍ ၎င်း၏ ခံစားမှုကို ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် အောက်ပါ အတိုင်းရေးထားသည်။

‘‘မြန်မာဆိုတာ အခက်အခဲ အကျပ်အတည်းကြား ရုန်းထွက် နိုင်တဲ့ ခွန်အားရှိတယ်ဆိုတာ ပြ လိုက်သလိုပါပဲ။ ပထမတော့ မေ သော့်အတွက် စိတ်ပူသွားခဲ့ပါ တယ်။ ဒါပေမဲ့ မြန်မာတွေအပြင် တခြားပရိသတ်တွေကပါဝိုင်းပြီး အားပေးကြတာတွေကတော့ က တုန်ကယင်တောင်ဖြစ်မိပါတယ်’’ ဟု ရေးသားထားသည်။

မယ်စကြ၀ဠာ ၂၀၁၅ ပြိုင် ပွဲကြီးကို ဒီဇင်ဘာ ၂၀ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံအပါ အ၀င် နိုင်ငံပေါင်း ၈၀ ကျော် မှ အလှမယ်များပါဝင်ယှဉ်ပြိုင်နေ သည်။

‘‘ထို့ပြင် Miss Universe ၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာကလည်း Can't Keep Miss Universe Myanmar down (မယ်စကြ၀ဠာမြန်မာမယ်ကို လဲကျအောင် လုပ်၍မရ)’’ဟု ချီးကျူးရေးသားထားသည်။

No comments:

Post a Comment