Monday, February 9, 2015

ကံဆီးရွာတွင် ခိုလှုံနေသော စစ်ဘေးဒုက္ခသည်များကို နေရပ်ပြန်ခိုင်း



တိုက်ပွဲများကြောင့် ကံဆီးကျေးရွာတွင် ခိုလှုံနေကြ သော အောင်ဘာလေ ကျေးရွာ ဒေသခံများကို ဖေဖော်ဝါရီ ၁၀ ရက် နောက်ဆုံးထား၍ နေရပ်ပြန် ရန် နယ်မြေခံအစိုးရတပ်က စေ ခိုင်းနေကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC)မှ သတင်းရရှိသည်။
အစိုးရတပ်နှင့် ကေအိုင်အေ တို့ ဇန်န၀ါရီ ဒုတိယပတ်၌ ဖြစ်ပွားခဲ့သော တိုက် ပွဲများကြောင့် ဖား ကန့်မြို့နယ် အောင်ဘာလေ ကျေးရွာမှ ဒေသခံ တစ် ထောင် ကျော်မှာ ကံဆီးကျေးရွာသို့ တိမ်း ရှောင်ခဲ့ကြသည်။ လက်ရှိအချိန် တွင် ကံဆီးကျေးရွာ၌ အောင်ဘာလေဒေသခံ လေးရာခန့်ရှိနေပြီး အခြား ဒေသ ခံများမှာ ဖားကန့်အပါအ၀င် လုံခြုံရာသို့ ရွှေ့ပြောင်းသွားကြ ပြီဖြစ်ကြောင်း ဒေသ တွင်း အဖွဲ့အစည်းများကဆိုသည်။
ကံဆီးကျေးရွာတွင် ကျန်ရှိ နေသော တိမ်းရှောင်လာသူများ ကို ဖေဖော်ဝါရီ ၈ ရက်ကအစိုးရတပ်က ရွှေ့ပြောင်းရန် အကြောင်းကြားခြင်းဖြစ်ကြောင်း KBC အထွေထွေအတွင်းရေးမှူးဒေါက်တာ ခလမ်ဆမ်ဆွန်ကပြောသည်။
‘‘၁၀ ရက်နေ့ နောက်ဆုံး ထားပြီး အောင်ဘာလေဘက်ကို ပြန်ရွှေ့ရမယ်လို့ order (အမိန့်) ပေးတယ်လို့သိရတယ်’’ဟု ဒေါက်တာ ခလမ်ဆမ်ဆွန် ကဆိုသည်။

ကံဆီးတွင် တာဝန်ယူထား သည့် တပ်မ (၆၆) မှ ယာယီနည်း ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မင်းဇော်က ကံဆီးသို့ ရွှေ့ပြောင်း သွားသည့် ဒေသ ခံများအား တပ်မ တော်အပါအ၀င် အဖွဲ့အစည်း များက စားနပ်ရိက္ခာနှင့် ဆေးဝါး ကုသမှုများထောက်ပံ့ဆောင်ရွက် ပေးခဲ့ပြီး လက်ရှိအချိန်တွင် နယ် မြေအခြေအနေငြိမ်းချမ်းနေပြီ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၆ ရက် ၌ ၈၈ မျိုးဆက်ငြိမ်း/ပွင့်၏ အောင် ဘာလေခရီးစဉ်တွင် ပြောကြား သည်။
‘‘ပထမဆုံးအနေနဲ့ အိမ် ထောင်ဦးစီးတွေက ပြန်လာနေ ကြတယ်။ ကျန်တဲ့ မိသားစုတွေ လည်း ပြန်လည်ပြီး ရောက်ရှိနေ ပါပြီ။ ကံဆီးမှာတော့ ကျောင်း တက်နေတဲ့ ကလေးတွေရှိတဲ့ အတွက် အမေနဲ့ ကလေးတွေပဲ ကျန်ပြီး ကျန်တဲ့မိသားစုဝင်တွေ က ဒီကိုပြန်ရောက်နေပြီဖြစ် တယ်။ ပိတ်မိ တယ်ဆိုတာတော့ မရှိပါဘူး’’ဟု ယာယီနည်းဗျူဟာ မှူးကဆိုသည်။
အောင်ဘာလေဒေသခံများ ကမူ နယ်မြေအခြေအနေ ငြိမ် သက်မှုမရှိခြင်း ကြောင့် နေရပ် မပြန်လိုသေးဘဲ ပိုမိုလုံခြုံသည့် နေရာများသို့သာ တိမ်းရှောင် လို ကြောင်း ပြောသည်။
‘‘အောင်ဘာလေကို ပြန်ဖို့ သေနတ်သံက အခုထိကြားနေ တုန်းပဲ။ မိုင်းလား၊ သေနတ်လား မသိဘူး။ အသံတွေ ကြားနေရတော့မပြန်ရဲဘူး’’ဟု အောင်ဘာ လေဒေသခံ ဒေါ်လုဆိုင်းကပြော သည်။
ကံဆီးရွာတွင် ခိုလှုံနေသော စစ်ဘေးဒုက္ခသည်များနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ကွန်ယက် လူ့အဖွဲ့အစည်းမှ တာဝန်ရှိသူများ တွေ့ရစဉ် (ဓာတ်ပုံ − မရန်)
7Day

No comments:

Post a Comment