Monday, February 9, 2015

လက်နက်ကိုင်လူတစ်စု ရဲကင်းကိုပစ်ခတ်၍ ရဲအရာရှိတစ်ဦးသေဆုံး


သီပေါမြို့နယ်ရှိ ရဲကင်း တစ်ခုကို လက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ရဲအရာရှိတစ်ဦးသေဆုံးသွားပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီ ၇ရက်ညက သီပေါမြို့နယ် ကုန်းသာရဲကင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲကင်းမှူးရဲအုပ်မျိုးအောင်ဆွေမှာ သေနတ်ဒဏ်ရာဖြင့်သေဆုံးသွားခဲ့သည်။ ထို့ပြင် တပ်သားပြည့်စုံညီညီ အောင်မှာ ခြေထောက်၌ဒဏ် ရာရခဲ့ပြီး သီပေါဆေးရုံတွင် ဆေး ကုသ နေရကြောင်း သီပေါရဲစခန်းမှ တာဝန်မှူးရဲအရာရှိက ပြော သည်။
‘‘ရဲအုပ်က ရဲကင်းရှေ့မှာ တပ်ဖွဲ့ဝင်တစ်ယောက်နဲ့စကား ပြောနေတုန်း တောင်ကုန်းပေါ် စာသင်ကျောင်းဝင်းထဲကနေ သေ နတ်နဲ့ ငါးချက် ပစ်သွားတာ။ ဘယ်အဖွဲ့ကပစ်သွားလဲဆိုတာစုံစမ်း တုန်းပဲ’’ဟု ၎င်းကပြော သည်။ ရဲကင်းနှင့် စာသင်ကျောင်းမှာ ကိုက်တစ်ရာခန့်ကွာဝေးကြောင်း သတင်းရရှိသည်။
ရဲအုပ်မျိုးအောင်ဆွေမှာ ကျောကုန်းနှင့်ရင်ဘတ်တွင်ရရှိသည့် သေနတ် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။ ၎င်း၏ရုပ် အလောင်းကို သီပေါမြို့ စံဖိတ် သုသာန်တွင် ဖေဖော်ဝါရီ ၈ ရက်၌သဂြုင်္ိဟ်လိုက်ကြောင်း ကုန်းသာရဲကင်းမှ တပ်ကြပ်ကြီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီက သီပေါမြို့နှင့်ကပ်လျက် ကျောက်မဲမြို့ရဲစခန်းအနီး ရဲအရာရှိ တစ်ဦး သေနတ်ဖြင့်အပစ်ခံခဲ့ရ ပြီးသေဆုံးမှုဖြစ်ခဲ့သည်။ လင်းခေးမြို့တွင်လည်း သစ်တောဝန်ထမ်း လေးဦးအသတ်ခံခဲ့ရကာ ရှမ်း ပြည်နယ် မြို့နယ်အချို့တွင် အရပ်သားအချင်းချင်း သေနတ် ဖြင့်လုပ်ကြံပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။
နေပြည်တော်နှင့်ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုတွင် ရဲမှူးကြီးအဆင့် တစ်ဦးစီတာဝန်ယူထားသော်လည်း ရှမ်းပြည်နယ်တွင် ရဲမှူးကြီးလေးဦး တာဝန်ထမ်းဆောင်သည်။ တောင်ကြီးမြို့တွင် ပြည်နယ်မှူးရဲမှူးကြီး နှစ်ဦးရုံးထိုင်၍ လားရှိုး၊ ကျိုင်းတုံမြို့တို့တွင် ရဲမှူးကြီးတစ်ဦးစီ စုစုပေါင်း ရဲမှူးကြီးလေးဦးရုံးထိုင်ကာ ဒေသတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေကြောင်း နေပြည်တော်မှသတင်းရရှိသည်။
ရှမ်းပြည်နယ်သည် မူးယစ် ဆေးဝါး၊ လောင်းကစားနှင့် ဆက် နွှယ်သော မှုခင်းများကြောင့် တရားဥပဒေစိုးမိုးမှု အားနည်းနေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့်ဖြစ်ပွားသောတိုက်ပွဲများ ကြောင့်လည်း အချို့ဒေသများ၌ ရဲတပ်ဖွဲ့၏လုပ်ပိုင်ခွင့်အာဏာ သက်ရောက်မှု နည်းပါးနေ ကြောင်း ပြည်နယ်ရဲအရာရှိတစ် ဦးကသုံးသပ်သည်။
ထို့ပြင် တပ်သားပြည့်စုံညီညီ အောင်မှာ ခြေထောက်၌ဒဏ် ရာရခဲ့ပြီး သီပေါဆေးရုံတွင် ဆေး ကုသနေရကြောင်း သီပေါရဲစခန်းမှ တာဝန်မှူး ရဲအရာရှိက ပြော သည်။
‘‘ရဲအုပ်က ရဲကင်းရှေ့မှာ တပ်ဖွဲ့ဝင်တစ်ယောက်နဲ့စကား ပြောနေတုန်း တောင်ကုန်းပေါ် စာသင်ကျောင်းဝင်းထဲကနေ သေ နတ်နဲ့ ငါးချက် ပစ်သွားတာ။ ဘယ်အဖွဲ့ကပစ်သွားလဲဆိုတာစုံစမ်း တုန်းပဲ’’ဟု ၎င်းက ပြောသည်။ ရဲကင်းနှင့် စာသင်ကျောင်းမှာ ကိုက်တစ်ရာခန့်ကွာဝေးကြောင်း သတင်းရရှိသည်။
ရဲအုပ်မျိုးအောင်ဆွေမှာ ကျောကုန်းနှင့်ရင်ဘတ်တွင်ရရှိသည့် သေနတ်ဒဏ် ရာဖြင့် သေဆုံးသွားခဲ့သည်။ ၎င်း၏ရုပ် အလောင်းကို သီပေါမြို့ စံဖိတ် သုသာန်တွင် ဖေဖော်ဝါရီ ၈ ရက်၌သဂြုင်္ိဟ်လိုက်ကြောင်း ကုန်းသာရဲကင်းမှ တပ်ကြပ်ကြီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီက သီပေါမြို့နှင့်ကပ်လျက် ကျောက်မဲမြို့ရဲစခန်းအနီး ရဲအရာရှိ တစ်ဦး သေနတ်ဖြင့်အပစ်ခံခဲ့ရ ပြီးသေဆုံးမှုဖြစ်ခဲ့သည်။ လင်းခေးမြို့တွင်လည်း သစ်တောဝန်ထမ်း လေးဦးအသတ်ခံခဲ့ရကာ ရှမ်း ပြည်နယ် မြို့နယ်အချို့တွင် အရပ်သားအချင်းချင်း သေနတ် ဖြင့်လုပ်ကြံ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။
နေပြည်တော်နှင့်ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုတွင် ရဲမှူးကြီးအဆင့် တစ်ဦးစီတာဝန်ယူထားသော်လည်း ရှမ်းပြည်နယ်တွင် ရဲမှူးကြီးလေးဦး တာဝန်ထမ်းဆောင်သည်။ တောင်ကြီးမြို့တွင် ပြည်နယ်မှူး ရဲမှူးကြီး နှစ်ဦးရုံးထိုင်၍ လားရှိုး၊ ကျိုင်းတုံမြို့တို့တွင် ရဲမှူးကြီးတစ်ဦးစီ စုစုပေါင်း ရဲမှူးကြီးလေးဦးရုံးထိုင်ကာ ဒေသတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေကြောင်း နေပြည်တော်မှသတင်းရရှိသည်။
ရှမ်းပြည်နယ်သည် မူးယစ် ဆေးဝါး၊ လောင်းကစားနှင့် ဆက် နွှယ်သော မှုခင်းများကြောင့် တရားဥပဒေစိုးမိုးမှု အားနည်းနေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့်ဖြစ်ပွားသောတိုက်ပွဲများ ကြောင့်လည်း အချို့ဒေသများ၌ ရဲတပ်ဖွဲ့၏လုပ်ပိုင်ခွင့်အာဏာ သက်ရောက်မှု နည်းပါးနေ ကြောင်း ပြည်နယ်ရဲအရာရှိတစ် ဦးကသုံးသပ်သည်။
7Day

No comments:

Post a Comment