Saturday, February 20, 2016

ထိုင်းတွင် ရက်ကျော်နေထိုင်သူ ပြည်ဝင်ခွင့်ပိတ်မည်

ထိုင်းလူဝင်မှုကြီးကြပ်ရေး ဗျူရိုက ထိုင်းနိုင်ငံလုံခြုံရေးကို တင်းကျပ်မှုအစိတ်အပိုင်းအဖြစ် လာမယ့်မတ်လ ၂၀ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၉၀ ပိုမိုနေထိုင်သူ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ခွင့်တားမြစ်မှုအစီအစဉ်သစ်ကို စတင်တော့မှာဖြစ်ပါတယ်။
ဒီသတ်မှတ်ချက်အရ ရက်ကျော်နေထိုင်သူ နိုင်ငံခြားသားတွေက မိမိဖာသာ လာရောက်ဝန်ခံရင် အရေးယူဆောင်ရွက်ပုံနဲ့ ရဲက ဖမ်းဆီးဖော်ထုတ်အရေးယူတဲ့အခါ အရေးယူပုံကွဲပြားမယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ထိုင်းပီဘီအက်စ်သတင်းကဆိုပါတယ်။

မိမိဖာသာ လာအကြောင်းကြားသူတွေအဖို့ ရက်ပေါင်း ၉၀ ကျော်နေထိုင်သူကို တနှစ်ပြန်လည်ဝင်ရောက်ခွင့်ပိတ်ပင်မှာဖြစ်ပြီး တနှစ်ကျော်ကာလ နေထိုင်သူကို တနှစ်ကျော်ပိတ်ပင်မှာပါ။ သုံးနှစ်ကနေ ငါးနှစ်ကျော်ကာလထက် ပိုမိုနေထိုင်သူကို သုံးနှစ်၊ ငါးနှစ်၊ ဆယ်နှစ် စသဖြင့် နှစ်အလိုက်ပိတ်ပင်သွားမယ်လို့ဆိုပါတယ်။

ဖမ်းဆီးတရားစွဲခံရတဲ့ နိုင်ငံခြားသားတွေအဖို့ တနှစ်နီးပါး ရက်ကျော် နေထိုင်သူဟာ ငါးနှစ်ပြန်ဝင်ခွင့်ပိတ်ပင်ပြီး တနှစ်ကျော်နေထိုင်သူအဖို့ ဆယ်နှစ်ပြည်ဝင်ခွင့် ပိတ်ပင်မယ်လို့ဆိုပါတယ်။

မိမိအခန်းကို နိုင်ငံခြားသားကို ငှားရမ်းထားတဲ့ ဟိုတယ်တွေ၊ တိုက်ခန်းတွေ၊ အဆောင်တွေ၊ အိမ်ပိုင်ရှင်တွေဟာ အဆိုပါ နိုင်ငံခြားသားနဲ့နေထိုင်မှုကို လာမယ့် အနီးစပ်ဆုံး လူဝင်မှုကြီးကြပ်ရေးရုံးမှာ အင်တာနက်ကတဆင့် အကြောင်းကြားရမှာဖြစ်ပြီး တာဝန်ရှိသူတွေက သူတို့နေထိုင်မှုကို စောင့်ကြည့်နိုင်ဖို့စီစဉ်တာဖြစ်ပါတယ်။
burmese.dvb.no

No comments:

Post a Comment