Saturday, February 20, 2016

မလိုအပ်ဘဲ ဟွန်းရှည်တီ်းရင် ဒဏ်ငွေသုံးသောင်းနဲ့ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းအရေးယူတော့မယ်

ရန်ကုန်မြို့စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဟွန်းသံကင်းမဲ့ဇုန် ၃၁မြို့နယ်အတွင်းမလိုအပ်ဘဲ ဟွန်းရှည်တီးသည့် မော်တော်ယာဉ်များကို စီမံချက်အသွင်ဖြင့် စစ်ဆေးအရေးယူတော့မည်ဟုယာဉ်ထိန်းရဲတပ်ဖွဲ့ကသတိပေးလိုက်သည်။
ဟွန်းရှည်တီးလျှင် ၂၀၁၅ခုနှစ် မော်တော်ယာဉ်ဥပဒေ အပုဒ် ၆၅ တွင်ဒဏ်ငွေကျပ်သုံးသောင်းနှင့် ဟွန်းတီးသည့်ယာဉ်မောင်းအား လိုင်စင်ပတ်သိမ်းသည်အထိ အရေးယူရန်သတ်မှတ်ထားသည့်အတွက်ကြောင့်ဟု ခရိုင်ယာဉ်ထိန်းရဲမှူးအောင်ကိုဦးကပြောသည်။
ကျယ်လောင်စူးရှစွာ ဟွန်းရှည်လွန်ကဲစွာတီးခြင်းများသည် ယခုနောက်ပိုင်းတွင်များပြားလာသောကြောင်း၊အများပြည်သူက သတင်းပေးတိုင်တန်းမှုများရှိလည်းရှိလာကြောင်း၎င်းကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၁ဖွဲ့လျှင်၁၂ဦးပါဝင်သည့်အထူးအဖွဲ့ ၁၀ဖွဲ့ ဖြင့် ဟွန်းမတီးရနေရာများတွင်ယာဉ်များဟွန်းတီးခြင်းရှိ၊မရှိစစ်ဆေးမည်ဟုရဲမှူးကဆိုသည်။
"၁၉၈၉ မော်တော်ယာဉ်နည်းဥပဒေ အပုဒ် ၄၄မှာ သတိပေးဖို့ဟွန်းတပ်ဆင်ရပါမယ်၊အနည်းဆုံး ၆၁မီတာ၊ပေအားဖြင့် ပေ၂၀၀ခန့်အကွာအဝေးအတွင်း ကြားနိုင်လောက်တဲ့ ဟွန်းသံတစ်သံတည်းကိုတီးနိုင်ပါတယ်။ ဥသြသံလို၊လေချွန်သံလို၊ခေါင်းလောင်းသံလို ဟွန်းမျိုးတပ်ဆင်အသုံးပြုလို့ မရပါဘူး ၊အန္တရာယ်ရှိတဲ့ အခြေအနေမျိုးဖြစ်လာရင်တီးလို့ ရပါတယ်၊
အဲဒီလိုမဟုတ်ဘဲ အကျယ်ကြီး ဟွန်းသံရှည်ကြိးတီးထားမယ်ဆိုရင်တော့ နည်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာရောက်လို့အရေးယူပါမယ်’ ဟု ယာဉ်ထိန်းရဲအုပ်အောင်ဖြိုးသန့်ကရှင်းပြသည်။
ရန်ကုန်မြို့ တွင် ဟွန်းမတီးရဇုန်အဖြစ် မြို့ နယ်၃၁ မြို့ နယ်အား စည်ပင်သာယာနယ်နိမိတ်ဟွန်းမတီးရဇုန်အဖြစ် လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက သတ်မှတ်ခဲ့ပြီး ၊ယခုစီမံချက်တွင် ဒလမြို့ နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့ နယ်၂ခုကလွဲ၍ ကျန်သတ်မှတ်မြို့ နယ်အားလုံးအကျုံးဝင်မည်ဖြစ်သည်.။
ဟွန်းမတီးရဇုန်အဖြစ်သတ်မှတ်ထားသော်လည်း ယာဉ်ထိန်းရဲမရှိလျင် မရှိသလိုအလွန်အမင်းဟွန်းတီးမှုများရှိလာကြောင်း၊အများပြည်သူအနေဖြင့် ကန့် သတ်နေရာများတွင်ဟွန်းတီးနေမှုများတွေ့ ရှိပါက ယာဉ်နံပတ်နှင့်ဗွီဒီယိုမှတ်တမ်းတို ပေးပို့ တိုင်ကြားနိုင်ကြောင်းအမှတ်၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲ မှူးရုံးမှဒုတိယ ရဲမှုးကြီးအောင်ကိုဦးမှ ပြောကြားခဲ့သည်။

Popular News Journal

No comments:

Post a Comment