Tuesday, February 9, 2016

တရုတ်ဘောလုံးအသင်းများ ငွေကို ရေလိုသုံးမှု အစသာရှိသေးဟု ကာဟေးလ်ပြောကြား

ဥရောပအခြေစိုက် ထိပ်တန်းအရည်အချင်းရှိ ဘောလုံး သမားများကို ခေါ်ယူရေး တရုတ် အသင်းများ၏ ငွေအမြောက်အ မြား သုံးစွဲမှုမှာ ရူးသွပ်မှုတစ်ခုဖြစ် ပြီး ပြောင်းလာသော ကစားသမား အတွက် (သို့မဟုတ်) တရုတ် ဘောလုံးပြိုင်ပွဲများအတွက် ကျေး ဇူးအနည်းငယ်သာ ရှိလိမ့်မည်ဟု သြစတြေးလျလက်ရွေးစင် ရှန် ဟိုင်းအခြေစိုက် တိုက်စစ်မှူး တင်ကာဟေးလ်က ပြောသည်။

သြစတြေးလျလက်ရွေးစင် အသင်း၏ အထင်ရှားဆုံး ဂိုးသွင်း ရှင် ကာဟေးလ် (၃၆) နှစ်သည် ပြီးခဲ့သည့်နှစ်က နယူးယောက် ရက်ဘူးလ်အသင်းမှ တစ်နှစ်စာ ချုပ်ဖြင့် ပြောင်းရွှေ့လာကာ တရုတ်စူပါလိဂ် (CSL) ချန်ဟိုင်း ချန်ဟွာအသင်းနှင့် ဒုတိယရာသီ ကစားရန် ပြင်ဆင်နေသည်။

ပြီးခဲ့သည့် အောက်တိုဘာ က ချန်ဟွာအသင်းတွင် ကာ ဟေးလ် ထပ်မံစာချုပ်ချုပ်ဆိုပြီး နောက် CSL အသင်းများသည် ကစားသမား လေးဦးအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၃၀ အသုံးပြုထားသည်။

တရုတ်အသင်းများ ငွေအ မြောက်အမြား သုံးစွဲလာသော ကြောင့် ဥရောပတွင် အရည်အ ချင်းရှိ ကစားသမားများမရှိ ဖြစ် လာမည်ဆိုသော စိုးရိမ်မှုများ မြင့် တက်လာပြီး ဒေသဆိုင်ရာ သူဌေး ကြီးများ၏ ဘဏ္ဍာရေးအင်အား များ ကျောထောက်နောက်ခံပြု CSL အသင်းများနှင့် ဥရောပလိဂ်အသင်းများ ငွေကြေးအရ မယှဉ် ပြိုင်နိုင်ဖြစ်လာသည်။

ရိုးမားတိုက်စစ်မှူး ဂါဗင်ဟိုသည် ဟေဘေးချိုင်းနားဖော်ကျွန်း အသင်းသို့ ပြီးခဲ့သည့်လက ပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ်မှ ဒမ်ဘာဘာနှင့် ဆန်းဒါးလန်းတိုက်စစ်မှူးဟောင်း ဂျီယန်တို့လည်း ပြီးခဲ့သည့်နှစ်က တရုတ်အသင်းများ သို့ ပြောင်းရွှေ့ခဲ့သည်။

—Ref: Reuters

No comments:

Post a Comment