Monday, March 21, 2016

စစ်တွေအခြေစိုက် စေတနာဆေးခန်းက မင်းပြားမြို့တွင် လူနာတစ်ထောင်ကျော်အား အခမဲ့ကွင်းဆင်းကုသပေး


စစ်တွေမြို့၊ ရွှေကရုဏာစေတနာဆေးခန်းမှ ဦး ဆောင်၍ မင်းပြားမြို့နယ်မှ လူနာတစ်ထောင်ကျော်အား အခမဲ့ကွင်း ဆင်းဆေးကုသပေးခဲ့ကြောင်းသတင်းရရှိသည်။
အဆိုပါ အခမဲ့ ဆေးကုသ ခြင်းကို မတ်လ ၁၉ ရက်က မင်း ပြားမြို့ မြို့နယ်ဓမ္မာရုံတွင်ဆေးကုသပေးခဲ့ခြင်းဖြစ်ပြီး အခမဲ့ ဆေးကုသရေးအဖွဲ့၌ အထူးကုဆရာဝန်၊ အထွေထွေရောဂါကုဆရာဝန်နှင့် သူနာပြုငါးဆယ်ကျော်ပါဝင်ကြောင်း ဆေးကုသရေးအဖွဲ့မှ ဆရာဝန်တစ်ဦးက ပြောသည်။

‘‘ရွှေကရုဏာ  စေတနာဆေးခန်းက အရင်ဆို စစ်တွေမြို့နယ်မှာရှိတဲ့ ကျေးရွာကြီးတွေနဲ့ မြောက်ဦးမြို့မှာ ကွင်းဆင်းဆေး ကုသပေးဖူးပါတယ်။ ကျန်တဲ့ မြို့ နယ်တွေမှာလည်း အခုလို ကွင်း ဆင်းကုသပေးဖို့ အစီအစဉ်ရှိပါ တယ်’’ဟု အထက်ပါဆရာဝန်က ဆိုသည်။
ယခုကဲ့သို့ အခမဲ့ဆေးကုသ ရေးအဖွဲ့များ ကွင်းဆင်းဆေးကု သပေးခြင်းအတွက် မြို့နယ်အသီး သီးမှ ငွေကြေးမတတ်နိုင်သူဝေဒ နာရှင်များအတွက် များစွာအကျိုး ရှိကြောင်းဆေးကုသရေးတွင်ပူး ပေါင်း ပါဝင်ခဲ့သည့် မင်းပြားမြို့ နာရေးကူညီမှုအသင်းမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

No comments:

Post a Comment