Wednesday, November 13, 2013

အလုပ်များသော သူတို့အတွက် ကျန်းမာရေးနှင့် လျော် ညီအောင် နေထိုင် နည်းများ


အလုပ်များသော သူတို့အတွက် အချိန်သည် လွန်စွာပင် အရေးကြီးပါသည်။ အလုပ်များကိုပင် နေ့စဉ်နေ့ တိုင်း လုပ်နေရသောကြောင့် အနားယူချိန်သည် အိပ်ချိန်မှ တစ်ပါး မရှိသလောက်ပင် ရှားပါသည်။ ဒါကြောင့် အလုပ်များသော သူများအတွက် ကျန်းမာရေးနှင့် လျော်ညီစွာ နေထိုင်စားသောက်ပုံ နည်း တစ်ချို့ ကို ရေးသား ဖော်ပြလိုက်ရပါသည်။

ဆီးဂိမ်းစ်အမီ မြန်မာ-ထိုင်း ဗီဇာကင်းလွတ်ခွင့် ရရှိရန် နိုင်ငံခြားရေးရာ ကောင်စစ်ရုံးမှ ညှိနှိုင်းနေ

K-13-11
ထိုင်းနိုင်ငံသို့ သွားရောက်ရန် ဗီဇာလျှောက်ထားမှုကို တွေ့ရစဉ်
ဆီးဂိမ်းစ်အမီ မြန်မာ-ထိုင်း ဗီဇာကင်းလွတ်ခွင့် ရရှိရန် နိုင်ငံခြားရေးရာ ကောင်စစ်ရုံးမှ ညှိနှိုင်းနေကြောင်း သိရသည်။

အရှေ့အနောက်စီးပွားရေးစင်္ကြံ EWEC ဖောက်လုပ်မှုပြီးစီးပါက မွန်ပြည်နယ်၊ မော်လမြိုင်၊ သထုံနှင့် ကရင်ပြည်နယ် ဘားအံ ဒေသများသည် စီးပွားရေးအရ အချက်အချာကျလာပြီး ခရီးသွား လုပ်ငန်းများလည်း ဖွံ့ဖြိုးလာနိုင်

E.13-11
မော်လမြိုင် စက်မှုဇုန်ကို နိုဝင်ဘာလအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)
မြန်မာနိုင်ငံ အပါအ၀င် အာဆီယံ လေးနိုင်ငံကို ဖြတ်ထားပြီး မြန်မာနိုင်ငံ မော်လမြိုင်မြို့နှင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ကို ဆက်သွယ်ထားသော အရှေ့အနောက် စီးပွားရေးစင်္ကြံ EWEC ဖောက် လုပ်မှုမှာ မကြာမီ ပြီးစီးတော့မည် ဖြစ်ပြီး ထိုသို့ပြီးစီးပါက မွန်ပြည်နယ် မော်လမြိုင်၊ သထုံနှင့် ကရင်ပြည်နယ် ဘားအံဒေသများသည် စီးပွားရေးအရ အချက်အချာကျမှုနှင့်အတူ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးမည့် နေရာများ ဖြစ်လာနိုင်ကြောင်း Competitiveness for AEC ခေါင်းစဉ်ဖြင့်  ကျင်းပသော အလုပ်ရုံ ဆွေးနွေးပွဲတွင် အာဆီယံ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ် ပြောကြားကြသည်။

မြန်မာနိုင်ငံသို့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စားလှယ်များ လာရောက်မည့် ခရီးစဉ်ကို ရန်ကုန်မြို့၌ ကန့်ကွက်ဆန္ဒပြ၊ စစ်တွေမြို့၌ ရဲများက ဟန့်တားသဖြင့် ဆန္ဒပြမည့် အစီအစဉ် ပျက်ပြယ်

C.13-11
နိုဝင်ဘာ ၁၂ ရက်က OIC လာရောက်မည့် အစီအစဉ်အား ကန့်ကွက်ဆန္ဒပြသူများ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ စတင် ထွက်ခွာလာသည်ကို တွေ့ရစဉ်
မြန်မာနိုင်ငံသို့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) လာရောက်မည့် ခရီးစဉ်ကို နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့၌ ကန့်ကွက်ဆန္ဒပြခဲ့ပြီး စစ်တွေမြို့၌ ရဲများက ဟန့်တားသဖြင့် ဆန္ဒပြမည့် အစီအစဉ် ပျက်ပြယ်ခဲ့ကြောင်း သိရသည်။