ဗီဒီယိုဖိုင်များ၊ တေးဂီတအစီအစဉ်များနှင့် ကမ္ဘာတစ်လွှားရှိ သုံးစွဲသူများ Video Clip ပေါင်းများစွာကို စုစည်းထားသော YouTube ၀န်ဆောင်မှုလုပ်ငန်းကို အင်တာနက်နှင့် အွန်လိုင်းရရှိသောနေရာများတွင် သာ သုံးစွဲနိုင်နေရာမှ ယခုအခါ အင်တာနက် မလိုအပ်ဘဲ အော့ဖ်လိုင်း (Offline) သုံးစွဲနိုင်စေရန် စီစဉ် လျက်ရှိကြောင်း သတင်းရရှိပါသည်။
Friday, November 15, 2013
YouTube ကိုအင်တာနက်မလိုဘဲ ကြည့်ရှုနိုင်တော့မည်
ဗီဒီယိုဖိုင်များ၊ တေးဂီတအစီအစဉ်များနှင့် ကမ္ဘာတစ်လွှားရှိ သုံးစွဲသူများ Video Clip ပေါင်းများစွာကို စုစည်းထားသော YouTube ၀န်ဆောင်မှုလုပ်ငန်းကို အင်တာနက်နှင့် အွန်လိုင်းရရှိသောနေရာများတွင် သာ သုံးစွဲနိုင်နေရာမှ ယခုအခါ အင်တာနက် မလိုအပ်ဘဲ အော့ဖ်လိုင်း (Offline) သုံးစွဲနိုင်စေရန် စီစဉ် လျက်ရှိကြောင်း သတင်းရရှိပါသည်။
ငြိမ်းချမ်းရေးအဖွဲ့အစည်းပိုင်နံပါတ်ပြားတပ်ဆင်ကာ မောင်းနှင်နေသော လိုင်စင်မဲ့ယာဉ်များကို ပို့ကုန်/သွင်းကုန်ဥပဒေဖြင့်အရေးယူသွားမည်

ငြိမ်းချမ်းရေးအဖွဲ့အစည်းပိ
ရခိုင်ရောက် OICကို ဒေသခံ ၈၀,၀၀၀ ဆန္ဒဖော်ထုတ်
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OICသည် ရခိုင်ပြည်နယ်သို့
နိုဝင်ဘာလ ၁၅ရက်က သွားရောက် ချိန်တွင် ရခိုင်ဒေသခံ သံဃာနှင့် လူဦးရေ
၈၀,၀၀၀ခန့်က စစ်တွေလေဆိပ် တွင် စောင့်ဆိုင်း ကာ ဆန္ဒထုတ်ဖော်ခဲ့သည်ဟု
ဆန္ဒပြခေါင်းဆောင် ဦးမောင်နုက မဇ္ဈိမကိုပြောသည်။
နိုင်ငံရေး အကျဉ်းသား ၆၉ ဦးလွတ် ဒေါ်နော်အုန်းလှ၊ ဦးနေ၀င်း ၏ မြေးနှစ် ဦး အပါ အ၀င် ပုဒ်မ ၁၈၊ ၅၀၅ (ခ) တို့ဖြင့် အကျဉ်းကျခံနေရသူ ၃၂ ဦးပါဝင်
နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက
ထောက်ခံ တင်ပြခဲ့သည် နိုင်ငံရေး အကျဉ်းသား (၆၉) ဦးကို နိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ(၂၀၄) (က) နှင့် အညီ ပြစ်မှုဆိုင်ရာ ကျင့်ထုံး
ဥပဒေ ပုဒ်မ ၄၀၁ (၁) အရ နိုဝင်ဘာ ၁၅ ရက်တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်း
ချမ်းသာခွင့် ပြုလိုက်ကြောင်း သိရသည်။
ပြည်သူလူထု၏ ယုံကြည်မှုကို မရရှိသော မည်သည့်အစိုးရမျှ စီးပွားရေး လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုကို အကာအကွယ် ပေးနိုင်မည် မဟုတ်ကြောင်း မြန်မာ-အီးယူ ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် သတိပေး ပြောကြား

ကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးချုပ်တွင် နိုဝင်ဘာ ၁၄ ရက်က
EU-Myanmar Taskforce ခေါင်းစဉ်ဖြင့် ကျင်းပသော ဆွေးနွေးပွဲအား တွေ့ရစဉ်
(ဓာတ်ပုံ-ကြည်နိုင်)
ပြည်သူလူထူ၏ ယုံကြည်မှုကို မရရှိသည့် မည်သည့် အစိုးရကမှ ၀င်ရောက်မည့်
စီးပွားရေး လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုကို အကာအကွယ် ပေးနိုင်မည်
မဟုတ်သည့် အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည် ဆိုပါက
နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုသည့် အမြင်မှ
ထည့်သွင်း စဉ်းစားရန် မမေ့သင့်ကြောင်း နိုဝင်ဘာ ၁၄ ရက်တွင် ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံ
NLD ပါတီ၏၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် ပြည်သူ့သဘောထား ရယူမှု ဒီဇင်ဘာ ၂၁ ရက်ထိ ဆက်လက် ပြုလုပ်မည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေး ပြည်သူ့ဆန္ဒ သဘောထား ရယူရေး ဟောပြောပွဲများကို ဒီဇင်ဘာ ၂၁ ရက်ထိ ဆက်လက်ပြုလုပ်ရန် ညွှန်ကြားထားကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက The Daily Eleven သို့ ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် OIC ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံရန် အစီအစဉ်မရှိ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
(OIC) နှင့် တွေ့ဆုံရန် မရှိကြောင်း ဒေါ်အောင်ဆန်း စုကြည်၏ ကိုယ်ရေးအရာရှိ
ဒေါက်တာတင်မာအောင်က The Daily Eleven သို့ ဖုန်းမှ တစ်ဆင့် ပြောကြားသည်။
သမ္မတဟောင်း ကလင်တန် သမ္မတဦးသိန်းစိန်၊ ဒေါ်စုတို့နဲ့တွေ့
အမေရိကန်သမ္မတဟောင်းဘီလ်ကလင်တန်နဲ့ မြန်မာသမ္မတဦးသိန်းစိန် နိုင်ငံတော်သမ္မတအိမ်တော်တွင်
တွေ့ဆုံစဉ်။ (သတင်းမှတ်တမ်း Credit to နိုင်ငံတော် သမ္မတရုံး
မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်ကို ဒီကနေ့
မနက်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်က လက်ခံတွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ကလင်တန်ရဲ့
ကလင်တန် ဖောင်ဒေးရှင်း နဲ့ မြန်မာ အစိုးရအကြား ပူးပေါင်းဆောင်ရွက်သွားမယ့်
ကိစ္စရပ်တွေနဲ့ အကူအညီပေးရေး ကိစ္စရပ်တွေကို မြန်မာသမ္မတနဲ့ အမေရိကန်
သမ္မတဟောင်း တို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက
ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။
ယာဉ်မရပ်ရ လမ်းမကြီးများတွင် ရပ်ထားသော ယာဉ်များကို ဖယ်ရှားအရေးယူမှု စတင် ဒဏ်ငွေ တစ်သောင်းမှ ငါးသိန်း၊ ကရိန်းယာဉ်ဆွဲခ ငါးသောင်းမှ ခုနစ်သောင်း ပေးဆောင်ရမည်

စည်းကမ်းမဲ့ လမ်းဘေးတွင် ရပ်နားမှုကြောင့် ဖမ်းဆီးထားသော ယာဉ်များကို
မြေနီကုန်း ယာဉ်နားစခန်းအတွင်း၌ တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ်
သတ်မှတ်ထားသော ခြောက် လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိကလမ်း ၃၇ လမ်းတွင်
ရပ်နားနေသည့် ယာဉ်များ အရေးယူနေမှု စတင်နေပြီး ဒဏ်ငွေ တစ်သောင်းမှ
ငါးသိန်းအထိ၊ ကရိန်းယာဉ်ဖြင့်ဆွဲခ ကျပ်ငါးသောင်းမှ ခုနစ်သောင်းအထိ
ပေးဆောင်ရမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ဒုရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီး လင်းထွဋ်က နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ပြည်ပမှ တင်သွင်းလာသည့် ကားများ ဆိပ်ကမ်းအတွင်း နေရာပြောင်းရွှေ့မှု တွင် ထိခိုက်မှု၊ ပစ္စည်းပျောက်ဆုံးမှုများ ရှိနေသဖြင့် ကားတင်သွင်းသူအချို့ နစ်နာမှုများရှိနေ
ပြည်ပမှ တင်သွင်းလာသည့် ကားများ
ဆိပ်ကမ်းသို့ ရောက်ရှိလာပြီးနောက် အဆိုပါ ကားများတွင် ပါဝင် လာသည့်
အပိုပစ္စည်းများ ပျောက်ရှခြင်း၊ သင်္ဘောအတင်အချတွင် ထိခိုက်မှုနှင့် ဆိပ်ကမ်း
တွင်း နေ ရာပြောင်းရွှေ့မှုကြောင့် ကားထိခိုက်မှုအချို့ ရှိနေသဖြင့်
ကားတင်သွင်းသူအချို့ နစ်နာမှုများ ရှိနေကြောင်း ပြည် ပမှ ကားတင်သွင်းသည့်
လုပ်ငန်းရှင်အချို့က ပြောကြားခဲ့သည်။
Subscribe to:
Posts (Atom)