Thursday, November 21, 2013

သင်္ချာမရတဲ့ တတိယတန်း ကျောင်းသူတွေကို အပြစ်ပေးတဲ့ အနေနဲ့ဖက်နမ်း ခိုင်းခဲ့တဲ့ ကျောင်းဆရာကို ကသာ တရားရုံးမှာ တရားစွဲဆို

သင်္ချာမေးခွန်း မဖြေနိုင်တဲ့ ကျောင်းသူ(၅)ယောက်အား အတန်းဖေါ်ကျောင်းသား(၅)ယောက်ကို ဖက်နမ်းခိုင်းပြီး ထိုဖက်နမ်းသည့်ကိစ္စ မိဘများကို ပြန်ပြောသည် ဆိုပြီး ပြင်းထန်စွာ ရိုက်နှက် ခဲ့သည့် ဖြစ်ရပ်အပေါ် အတန်းပိုင်ကျောင်းဆရာအား ကသာမြို့နယ်တရားရုံးတွင် ၁၉၊၁၁၊၂၀၁၃ ရက်နေ့က ဥိးတိုက်လျှောက် တိုင်ကြားခဲ့ပြီဖြစ်ကြောင်း တိုင်ကြားခဲ့သူ ကျောင်းသူမိဘ များမှ HJL မီဒီယာရုံးခန်းသို့ လာရောက် အသိပေး ပြောဆိုသွားခဲ့ပါသည်။

7Dayမှာ တွေ့ရတဲ့ သမ္မတရဲ့ အမျိုးသမီးကိုယ်ရံတော်

7Dayမှာ တွေ့ရတဲ့ သမ္မတရဲ့ အမျိုးသမီးကိုယ်ရံတော်
Thursday, November 21, 2013

ဒီနေ့ထွက်တဲ့ဂျာနယ်များထဲမှာ ဆွဲဆောင်မှုအရှိဆုံးက 7Day ဂျာနယ် ဖြစ်ပါလိမ့်မယ်။

သတင်းထောက် အေးသူစံ ရေးသားတဲ့ "သမ္မတ၏အမျိုးသမီးကိုယ်ရံတော်" ဆိုတဲ့ မျက်နှာဖုံးဆောင်းပါးနဲ့ဓာတ်ပုံကြောင့် စာဖတ်သူ အများအပြား ဒီဂျာနယ်ကို ကောက်ကိုင်မိကြပါလိမ့်မယ်။

(အထူးတပ်ဖွဲ့ Special Task Force ရဲ့ လေ့ကျင့်ရေးကွင်းမှာ သင်ကြားပို့ချနေတဲ့ ဒုရဲအုပ် ဒေါ်ဇာဇာအောင်ရဲ့ပုံကို ဂျာနယ်မျက်နှာဖုံးမှာ အခုလို တွေ့ရပါတယ်)

ကိုယ်ရံတော်အမည်က ဒုရဲအုပ် ဒေါ်ဇာဇာအောင်။ ၂၀၀၃ မုံရွာတက္ကသိုလ် သမိုင်းအဓိကနဲ့ ဘွဲ့ရ။
သင်တန်းမှာ အကောင်းဆုံးသင်တန်းသား၊ သေနတ်ပစ် လက်အဖြောင့်ဆုံး။
အထူးတပ်ဖွဲ့ဝင် ၂ဝဝ ထဲက ဆန်ခါတင်ရွေးချယ်ထားတဲ့ သမ္မတလုံခြုံရေးအရာရှိများထဲက အမျိုးသမီး ၄ ဦးထဲမှာ သူက တယောက်အပါအ၀င် ဖြစ်တယ်၊ ဦးသိန်းစိန် သမ္မတရာထူးရကတည်းက ကိုယ်ရံတော်တာဝန် ထမ်းခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

ပိန်ပိန်သွယ်သွယ် သာမန်အရပ်သူ လို့ ထင်ရပေမယ့် ယောက်ျားကြီးငါးယောက်လောက်ကို တပြိုင်နက် လှဲသတ်နိုင်တဲ့အထိ အသတ်အပုတ်ကျွမ်းကျင်ကြောင်း ညွှန်းထားပါတယ်။

ဆောင်းပါးရှင် သတင်းထောက် အေးသူစံရဲ့ ဒီမျက်နှာဖုံးဆောင်းပါးကို စာဖတ်သူ အများအပြားက သဘောကျနေကြပါတယ်။

ဧရာဝတီblog ဒီနေ့ထွက်တဲ့ဂျာနယ်များထဲမှာ ဆွဲဆောင်မှုအရှိဆုံးက 7Day ဂျာနယ် ဖြစ်ပါလိမ့်မယ်။ သတင်းထောက် အေးသူစံ ရေးသားတဲ့ "သမ္မတ၏အမျိုးသမီးကိုယ်ရံတော်" ဆိုတဲ့ မျက်နှာဖုံးဆောင်းပါးနဲ့ ဓာတ်ပုံကြောင့် စာဖတ်သူ အများအပြား ဒီဂျာနယ်ကို ကောက်ကိုင်မိကြပါ လိမ့်မယ်။

ရခိုင်ပြည်နယ်အတွင်း အိုအိုင်စီရုံး ဖွင့်လှစ်ရန် တောင်းဆိုမှုအား ပြည်နယ်အစိုးရအနေဖြင့် လက်ခံခြင်းမပြုရန် ပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်း

ရခိုင်ပြည်နယ်အတွင်း အိုအိုင်စီရုံး ဖွင့်လှစ်ရန် တောင်းဆိုမှုအား လက်မခံသည့် အနေဖြင့် ပြည်သူများက တစ်ခဲနက် ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှုများကို နိုဝင်ဘာ ၁၅ရက်နှင့် ၁၆ ရက်တို့တွင် ရခိုင်ပြည်နယ် နေရာအနှံ့အပြား၌ ကျင်းပပြုလုပ်ခဲ့သဖြင့် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်မှ ပြည်နယ်လွှတ်တော်သို့ ရခိုင်ပြည်နယ်အတွင်း အိုအိုင်စီရုံး ဖွင့်လှစ်ရန် တောင်းဆို မှု အား လက်ခံခြင်းမပြုရန် အဆိုကို တင်သွင်းခဲ့ကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေးအတွက် ခိုး၊ ဆိုး၊ နှိုက် ပြစ်ချက်ဟောင်း ရှိသူများကို စစ်ဆေးပြီး ခြေချုပ်ခံဝန် ပြုလုပ်မည်

Z.21.11
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ဥရောပသမဂ္ဂက အောက်တိုဘာလအတွင်းက လေ့ကျင့် သင်ကြားပေးနေစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေးအတွက် မှုခင်းများ ကျူးလွန်နိုင်သည်ဟု ထင်မြင်ယူဆရသူများကို စစ်ဆေးပြီး ခြေချုပ်ခံဝန် ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေးက နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ပြော ကြားသည်။

မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း အရည်အသွေးနှင့် ထုတ်လုပ်နိုင်မှု စွမ်းအားမှာ အာဆီယံနိုင်ငံများထဲတွင် ဖွံ့ဖြိုးမှုနောက်ကျသော လာအိုထက်ပင် ကျဆင်းနေဟု ပညာရှင်များဆို

မြန်မာနိုင်ငံတွင် လူတစ်ဦးချင်းစီ၏ အရည်အသွေးနှင့် ထုတ်လုပ်နိုင်မှု စွမ်းအားမှာ အာဆီယံနိုင်ငံများ ထဲတွင် ဖွံ့ဖြိုးမှုနောက်ကျသော လာအိုနိုင်ငံထက်ပင် ကျဆင်းနေကြောင်း စီးပွားရေး ပညာရှင် များ၏ ပြောကြားချက်အရ သိရသည်။

မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ နေအိမ်တစ်ခုမှ ဂျင်ကလိ အပါအ၀င် တုတ်၊ ဓား လက်နက်များ သိမ်းဆည်းရမိ

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ နေအိမ်တစ်ခုမှ ဂျင်ကလိ အပါအ၀င် တုတ်၊ ဓားလက်နက်များ သိမ်းဆည်း ရမိခဲ့ကြောင်း၊ သတင်း ထွက်ပေါ် နေသကဲ့သို့ ဖောက်ခွဲရေးပစ္စည်းများ မပါဝင်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။