၂၀၀၃
ခုနှစ်အတွင်းက အာရွန်ရာလ်စတန်ဆိုသည် အမျိုးသားတစ်ဦးသည်
နက်ရှိုင်းမတ်စောက်လှသည့် Blue John Canyon လျှိုချောက်ကြီးဆီသို့
တောင်တက်ခရီးထွက်ရန် ရောက်ရှိလာခဲ့သည်။
ကျောက်နံရံပေါ်သို့ တွယ်တက်နေစဉ် ပဲ့ကျလာသည့် ကျောက်တုံးကြီးတစ်တုံးက
သူ၏ညာလက်ဖျံကို ကြိတ်ချေလျက်သားအနေအထားဖြင့် အောက်သို့ ဆက်မကျဘဲ
နံရံပက်ကြားအက်ထဲတွင် သပ်ရိုက်သကဲ့သို့ ညပ်သွားခဲ့သည်။
