Friday, August 3, 2012

ဗူးသီး သီးမှ အရီးတော်သူတို့ ကောင်းစားကြသည်။

လက် ရှိဖြစ်ပေါ်နေသောမြန်မာနိုင်ငံဧ။်  ဒီမိုကရေစီ အပြောင်းအလဲ လမ်းကြောင်းပေါ်သို့ မရောက်မီ
အချိန်ကာလများအတွင်း ပြည်တွင်း မီဒီယာများမှာ ချုပ်ချယ်မှု အကျပ်အတည်း အခက်အခဲပေါင်းများစွာထဲတွင် ရပ်တည်ခဲ့ကြရသည်။ အကျပ်အထည်းကြားများမှပင် ဒီမိုကရေစီရေး အပြောင်းအလဲ ညှင်သာနူးညံ့စွာ ဖြစ်ပေါ်ရေးအတွက် ရရှိသောဘောင်ဘင်အတွင်းများမှ ပင် တတ်နိုင်သမျှဆောက်ရွက်ခဲ့ကြသည်ကို  ငြင်းလို့ရမည်မထင်။ ၂၀၁၀ ရွေးကောက်ပွဲကာလများ

အတွင်း  ရွေးကောက်ပွဲလမ်းကြောင်းကိုထောက်ခံခဲ့ပြီး ရွေးကောက်ပွဲမှတဆင့် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ရန် ကြိုးစားလုပ်ဆောင်ခဲ့သော ပြည်တွင်းမီဒီယာအချို့မှာ ပြည်တွင်းပြည်ပမှ ဝေဖန်မှုမျိုးစုံခံစားခဲ့ရသည်။
တစ်ဖက်မှာလည်း ပြင်းထန်လှသောထိန်းချပ်မှုများ အရေးယူမှုများကြား မလူးသာမလွန့်သာ ရှင်သန်ခဲ့ရသည်။ ရွေးကောက်ပွဲ အသိပညာပေးမှုများ နိုင်ငံရေး ရင့်ကျက်မှုများရလာရန် အသိပေးမှုများကို လုပ်ဆောင်ခဲ့ ကြသည်မှာ ပြင်တွင်းမီဒီယာများဧ။် နိုင်ငံအပေါ်ထားရှိခဲ့ကြသော စေတနာအရင်းအမှန်များပင်ဖြစ်သည်
ဟုဆိုချင်သည်။
       သို့သော်လည်းယုံကြည်ခံရမှုများ မီဒီယာသြဇာများ မှာ ပြည်ပ အတိုက်အခံ မီဒီယာများကို မည်သို့မျှ မမီခဲ့သည်မှာ ပြောဖို့လိုမည်မထင် အာဏာအစိုးရဧ။် ကျောထောက်နောက်ခံပြုထားသော အင်အားကြီးပါတီ တစ်ခုထည်း လွှတ်တော်ထဲရောက်မသွားနိုင်ရန်  ကျန်ရှိသော ပါတီများ အနည်းနှင့်အများ အတိုက်အခံများ ဖြစ်လာနိုင်ရန်
ဝိုင်းဝန်းကြိုးစားခဲ့ကြသည်။၂၀၁၀ ရွေးကောက်ပွဲအား ပြည်ပမီဒီယာများ မှာ မှု ဝေဖန်မှုမျိုးစုံပြုလုပ်ခဲ့ကြသည်ကိုမှု အားလုံးသိမြင်ခဲ့ကြမှာပင်ဖြစ်သည်။
 စတုတ္တမဏ္ဍဉ် နေရာမှ ရပ်တည်ပြီး ညှင်သာသော အပြောင်းအလဲများ ဖြစ်ပေါ်လာရန် ကြိုးစားခဲ့ကြသော
ပြည်တွင်းမီဒီယာများမှာ ၂၀၁၀ ရွေးကောက်ပွဲကိုအခြေခံပြီး ဖြစ်ပေါ်လာခဲ့သော လက်ရှိအပြောင်းအလဲများကို မှု
ယနေ့ အချိန်ထိ ခံစားရခြင်းမရှိသေးဟုသာ ဆိုချင်တော့သည်။ မီဒီယာလွတ်လပ်မှုရလာသည်ဟု ဆိုသော်လည်း ပြောပလောက်သော လွတ်လပ်မှုများ ဟု မည်သို့မှ မဆိုနိုင်ပါ။
                 ၂၀၁၀ ရွေးကောက်ပွဲ ကာလ နှင့် နှစ်ပေါင်းများစွာ ဝေဖန်အတိုက်ခံ ပြုခဲ့ကြသော
ရွေးကောက်ပွဲ သပိတ်မှောက်ရေး  လမ်းကြောင်းကို ဆော်အော်ခဲ့ကြသော ပြည်ပမီဒီယာများမှာမှု
အပြောင်းအလဲဧ။်အကျိုးကိုခံစားနေကြရပြီဖြစ်သည်။အစိုးရသစ်မှ ပြည်ပရောက်နေသူများကိုပြန်လည်ဖိတ်ခေါ်သည်။
ပြည်ပမီဒီယာအချို့ ပြည်တွင်း အခြေစိုက် ရုံးခန်းဖွင့်လှစ်လာကြသည်။လွှတ်တော်အတွင်းမှာပင် သတင်းဝင်ရောက်ယူနိုင်လာကြသည်။
ရှင်းအောင်ပြောရရင် ဗူးသီး သီးမှ အရီးတော်သူတို့ ကောင်းစားကြသလိုဖြစ်နေသည်။
 ဒီနေရာမှာ ဒီလိုပြောခြင်းသည် ပြည်ပမီဒီယာများ အကျိုးခံစားခွင့်ရလာခြင်းကို မလိုလားသောကြောင့်ပြောနေခြင်းမဟုတ်ပါ
ပြည်ပမီဒီယာများအား  ဒိလိုမျိုးအခွင့်အရေးများ ပေးနိုင်နေတာတောင် ဘာကြောင့်များ ပြည်တွင်းမီဒီယာများကို ကျဉ်းထည်းကျပ်ထည်းရောက်အောင်tအထပ်ထပ် ဆက်ပြီး  ပိုဆောင်နေကြသည်နည်းဟု မေးချင်၍ဖြစ်သည်။
        အခုချိန်တွင် တစ်စုံတစ်ခု အရေးယူခံရပြီဆိုလျှင် မမေးနှင့် ပြည်တွင်းမီဒီယာများ ဖြစ်နေသည်ကိုတွေ့ရသည်။ လွတ်လပ်မှုများ
ပေးမည်ဟုဆိုလာကြသော်လည်း တရားစွဲခြင်းတွေက အရင်ရောက်လာသည်။

      ဆိုးတူကောင်းဘက် တိုင်းပြည်တည်ဆောက်ရေးအတွက်  စတုတ္တမဏ္ဍဉ် နေရာမှ ဘက်မလိုက်စွာ
ပါဝင်ဆောင်ရွက်ခဲ့ကြသော ပြည်တွင်းမီဒီယာများအား အရေးယူခြင်း၊ ပိတ်ပင်ခြင်း၊ တရားစွဲခြင်းတို့ဖြင့်
ကျေးဇူးတုံပြန်နေသလားဟုပင် ထင်မှတ်ရတော့သည်။

                                                                           ယခုဆောင်းပါးဖြင့်
                                                                           ပြည်တွင်းသတင်းဂျာနယ်များ များ၊ပြည်တွင်းမီဒီယာသမားများအား
                                                                            ဂုဏပြုပါသည်။
                                                                                                                                     မှူးသစ်

No comments:

Post a Comment