Thursday, August 30, 2012
သမ္မတ ဦးသိန်းစိန်ဟာ နောက်လအတွင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ထောက်ခံ အားပေးတဲ့ အနေနဲ့ အခုလို သမ္မတ ဦးသိန်းစိန်နဲ့တကွ ပြုပြင်ပြောင်းလဲရေးဝါဒီ ၀န်ကြီးတွေအပေါ် ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှုတွေ
ကင်းလွတ် ခွင့် ပြုလိုက်တာ ဖြစ်ကြောင်း၊ ဒါကြောင့် ဦးသိန်းစိန်နဲ့
သူ့ရဲ့အစိုးရအဖွဲ့ဟာ အမေရိကန် အရာရှိတွေ နဲ့ တွေ့ဆုံပြီး အမေရိကန်ရဲ့
ဒီမိုကရေစီနဲ့ မူဝါဒတွေ အကြောင်း ပိုပြီး သဘောပေါက် နားလည်လာနိုင် မှာ
ဖြစ်ကြောင်း၊ မိမိတို့ အနေနဲ့လည်း မြန်မာ အစိုးရတွင်းက အရေးပါတဲ့ ပြုပြင်
ပြောင်းလဲရေးသမားတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ပြီး မြန်မာ့ နိုင်ငံရေး၊
စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပိုမို တိုးတက် ကျယ်ပြန့်လာေ အာင်
ကူညီနိုင်မှာဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေး ပြောခွင့်ရသူ
Tommy Vietor က ပြော ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment