Thursday, August 30, 2012

မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

သတင်းစာရှင်းလင်းပွဲ ဖိတ်စာကို တွေ့ရစဉ်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ABSDF(NB) စခန်းအကျဉ်းထောင်၌ မတရားစွပ်စွဲခံရပြီး ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသူများက သြဂုတ် ၃၁ ရက်နေ့တွင် သတင်း စာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ရွှေဂုံတိုင် ရှိ တော် ၀င်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သွားမည်ဟု ဆက်လက် သိရသည်။ သတင်းစာရှင်းလင်းပွဲ ဖိတ်စာတွင် မသေအသက် ဆက်ခဲ့သူများ၊ သေဖော်ရဲဖက် လက်တွဲဖက်များ၊ တာဝန်တွေတွက် လျှို့ဝှက်ခဲ့သူများ၊ စာနာစိတ်ထား လုပ်ဖော်ကိုင်ဖက်များ၊ စုစည်းတွေ့ဆုံလို့ ….၊ ရက်ရက်စက်စက် အသက်ကို စွန့်ခဲ့ကြတဲ့ ကျောင်းသားတို့ရဲ သူရဲကောင်းသရုပ်ကို၊ အမှန်တရားနဲ့ ဖော်ဆိုကြမယ်၊ ကုသိုလ်မျှဝေ ကျွတ်လွတ်စေကြမယ်၊ မှတ်တမ်းပြုချီ ထိမ်းမှတ်တည်စေကြမယ်၊ တည်ကြည်လေးနက် ခံစားချက်နဲ့ အားလုံးပါဝင်စေဖိှု့ဆန္ဒပြု ဖိတ်ခေါ်ပါရစေ …..ဖော်ပြပါရှိသည်။

No comments:

Post a Comment