Tuesday, August 21, 2012

စုံစမ်းရေးကော်မရှင် ရခိုင်သွားပြီးနောက် အစီရင်ခံစာမူကြမ်း အောက်တိုဘာ ၁၆ တွင် တင်ရန်ရည်မှန်း


ရန်ကုန်၊ သြဂုတ် - ၂၁ရခိုင်ပြည်နယ်တွင်း ပဋိပက္ခဖြစ်ပွားမှုများအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်က ဖွဲ့စည်းထားသော လုပ်ငန်းကော် မတီအလိုက် ရခိုင်ပြည်နယ်သို့ သွားရောက်စုံစမ်းမည်ဖြစ်ပြီး အစီရင်ခံ စာမြူ ကမ်းကို အောက်တို ဘာ ၁၆ ရက်တွင် တင်နိုင်ရန် ရည်မှန်းေ ဆာ င် ရွက်ေ နသည်ဟု ကော်မရှင် အဖွဲ့ ၀င်ဒေါ်သန်းသန်းနုက ပြောကြားသည်။သြဂုတ် ၂၁ ရက် နံနက်ပိုင်းက နယ်စပ်ရေးရာဝ န်ကြီး ဌာ နနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာ နပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ရခိုင်ပြည်နယ် သို့သွားရောက်သည့် အကြိမ်တိုင်း  ဖြစ်စဉ် အခြေအနေများ ကိုကော်မရှင်အဖွဲ့ဝင်များအား အသေးစိတ်
ရှင်းလင်းပြောကြား ကြောင်း ၎င်းကဆက်လက်ပြောသည်။ ကော်မရှင်သည် လုပ်ငန်းကော်မတီ ၈ ခုကိုဖွဲ့စည်းပြီး အကြောင်းအချက်အလက်များ ရှာဖွေခြင်း၊ ဒေသခံများနှင့် တွေ့ဆုံခြင်းစသည်တို့ကို အစုအဖွဲ့အလိုက်သာမက အားလုံးဆက်စပ်၍ ဆောင်ရွက်သွားမည်ဟု သတင်းရရှိသည်။

ကော်မရှင်မှ တွေ့ရှိချက် ဒုတိယမူကြမ်း သို့မဟုတ် အပြီးသတ် အစီရင်ခံစာကို နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တင်ပြ ရမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများဆင့် ခေါ်ခြင်း၊စာရွက်စာတမ်းများတောင်းခံခြင်းနှင့်လိုအပ်သည့် နေရာများသို့ သွားရောက်စစ်ဆေးခွင့်ရှိကြောင်း နိုင်ငံတော်သမ္မတ၏ အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။


ကော်မရှင်မှ မည်သို့ပင်ဆောင်ရွက်စေကာမူ အဖွဲ့ဝင်များကြားတွင် အရေးကြီးဆုံးလိုအပ်ချက်မှာ အချက်အလက်များ ရှာဖွေရာတွင် တစ်ဦးနှင့် တစ်ဦးပွင့်လင်းမြင်သာမှုရှိရန်သာဖြစ်ကြောင်းလည်း ဒေါ်သန်းသန်းနုက

ပြောကြားသည်။ ကော်မရှင်တွင် ပါဝင်သောအဖွဲ့ဝင်အားလုံးပါဝင်မည့် အစည်းအဝေးကို သြဂုတ် ၂၅ ရက်တွင် ထပ်မံကျင်းပမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင်များက ပြောသည်။
 
From -7DayNewsJournal

No comments:

Post a Comment