Tuesday, August 21, 2012

(၄)နှစ်သမီးမေသူခိုင် ခိုးယူခံရမှုပေါ်ပေါက်ခြင်း မရှိသဖြင့်မိဘများစိုးရိမ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက် ဥက္ကလာ ပမြို့နယ်၊ ဝေဘာဂီလမ်း အမှတ် (၃၇၃)နေ ““ဆည်းဆာချိန်”” စားသောက် ဆိုင် ပိုင်ရှင်ဦးသန်း ဆွေနှင့် မိခင်ဒေါ်ကေခိုင်တို့၏ (၄)နှစ် အရွယ် သမီးဖြစ်သူ မမေ သူခိုင်ကိုမသမာသူများက လွန် ခဲ့သော ဇူလိုင်(၃၁)ရက်နေ့ည(၉) နာရီခွဲ၌် နေအိမ်ရှေ့ဝေဘာဂီ လမ်းေ ပ်ါမှ သွေးဆောင်ဖြား ယောင်းခေါ်ဆောင်သွားသဖြင့် ဖခင်ဖြစ်သူက ဝေဘာဂီရဲစခန်းသို့ တိုင်ကြားခဲ့ရာ ယနေ့တိုင်သတင်း အစအနတစ်စုံတစ်ရာမရရှိသဖြင့် မိခင် ဖခင်များမှာ စိုးရိမ်သောက ရောက်
ပူဆွေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ပျောက်ဆုံးသူ၏ ဖခင်ဦးသိန်း ဆွေ၏ပြောပြချက်အရ မေသူခိုင် ပျောက်ဆုံးသွားသည့် ည(၉)နာရီ ခန့်တွင် ၎င်း၏ စားသောက်ဆိုင် သို့ ဝေဘာဂီရဲစခန်းမှနယ်ထိန်း တာဝန်ခံ ဒုရဲအုပ်ထွန်းတင့်ဦးနှင့် ရဲတပ်သား (၁)ဦး၊ ရာအိမ်မှူး တစ်ဦးတို့ရောက်ရှိလာပြီး အရက် ဖြူလိုင်စင်ဖြင့် အနီရောင်းချခြင်း အတွက် ၀င်ရောက်ရှာဖွေမှုပြုခဲ့ ကြောင်း၊ ဆိုင်အတွင်း၊ အိပ်ခန်း များပါမကျန် ၀င်ရောက်ရှာဖွေခဲ့ ကြောင်း၊ ထိုအချိန်တွင်၎င်း၏ သမီးမေသူခိုင်အား တစ်ဦးဦးက ကားလမ်းတစ်ဖက်တွင်ရောင်းချ လျက်ရှိသော အသားကင်ဆိုင် သို့သွားရောက်ဝယ်ခိုင်းခဲ့ပြီး ဆိုင် ပိတ်သဖြင့် ပြန်လာစဉ် စက်ဘီး ပေါ်တင်ဆောင်၍ ခိုးယူခေါ် ဆောင်သွားခဲ့ကြောင်း မျက်မြင် သက်သေတစ်ဦးထံမှ သိရှိရကြောင်း၊  ၎င်း၏ သမီးခိုး ယူခံရမှုအပေါ်အချိန်နှင့်တစ်ပြေး ညီ ထိထိရောက်ရောက် ကူညီ ဆောင်ရွက်ပေးခြင်း မပြုခဲ့သည့် အပြင်ယနေ့အထိထူးထူးခြားခြား စုံစမ်းစစ်ဆေးဖော်ထုတ်ပေးမှု မပြုခဲ့ကြောင်း၊ ၎င်းနှင့် ဇနီးဖြစ် သူတို့မှာစိုးရိမ် ပူပန်ထိတ်လန့် မှုများ၊ ၀မ်းနည်း ကြေကွဲမှုများ ကြုံတွေ့နေရလျက် ရှိကြောင်း၊ မေသူခိုင်ပျောက်ဆုံး ချိန်နှင့် ရဲများဆိုင်အတွင်းဝင်ရောက်ရှာဖွေ ဖမ်းဆီးချိန်မှာ တစ်ထပ်တည်း ဖြစ်သည်ဟု ၎င်းအနေဖြင့် ယူဆ ကြောင်း ပြောကြားသည်။
မေသူခိုင်၏ မိခင်ဖြစ်သူ ဒေါ်ကေခိုင်ကလည်း  သမီးလေးကို ခိုးယူသွားခဲ့တာ ဒီနေ့ဆိုရင် (၂၀)ရက်ရှိနေပြီဖြစ် ကြောင်း၊ သေလားရှင်လား မသိ ဘဲ သတင်းတစ်စုံတစ်ရာကြားသိ ရခြင်းလည်းမရှိကြောင်း၊ ၎င်း၏ သမီးလေးအတွက် ရက်ကြာလာ သည်နှင့်အမျှ စိုးရိမ်ပူပန်သောက ရောက်မှုများ ပိုလာလေလေဖြစ် ရာ သမီးဖြစ်သူ မေသူခိုင် မိဘနှစ်ပါး ရင်ခွင်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိစေရန်နှင့် မသ မာသူများအား ဥပဒေနှင့်အညီ အမြန်ဆုံးဖော်ထုတ်နိုင်ရေးအတွက် လက်ရှိရဲများအပြင် နိုင်ငံတော် အဖွဲ့အစည်းများမှ ကျွမ်းကျင်သူ ရဲဝန်ထမ်းများ၊ သတင်းတပ်ဖွဲ့များ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ စုံစမ်း ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ ပါ ပါဝင်ပူးပေါင်းကူညီဆောင် ရွက်ပေးစေလိုကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ မေသူခိုင်ကို ခိုးယူသွားကြောင်း သိသိချင်း ဖခင်ဖြစ်သူကဝေဘာဂီရဲစခန်းကို သတင်းပေးတိုင်ကြားခဲ့သော်လည်း ချက်ချင်းအမှုဖွင့်မပေးဘဲ နောက် တစ်နေ့မှသာ အမှုဖွင့်ပေးကြောင်း  သိရှိရသည်။
 From -HotNewsJournal

No comments:

Post a Comment