Tuesday, August 21, 2012

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရပြီးပေးမယ့် ဘယ့်အတွက်ကြောင့် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာလဲလို့ မေးပြီ

ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ၃၀ ရက် မြောက်နေ့ကို ၂၀-၈-၂၀၁၂ မွန်း လွဲ(၁)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အေ ဆာက်အအုံ ပြည် သူ့လွှတ်တော်ခန်းမ၌ ကျင်းပရာ ပြည်သူ့လွှ တ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမ န်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၃၉၁)ဦး တက် ရောက်ကြပြီး ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာဆန်း စစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ ၀င်များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့ တက် ရောက်ကြကြောင်းသိရသည်။

မေခွန်းများ မေးမြန်းဖြေ ကြားခြင်းကဏ္ဍ၌ ““လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ် အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် မည်သည့်အတွက် ကြောင့် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေခြင်းကို သိရှိလိုပါ ကြောင်း”” မိုင်းရယ် မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်၏ မေးမြန်း ချက်နှင့်ပတ်သက်၍ ရထားပို့ ဆောင်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ဖြေကြားရာတွင်—
တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့် တိုင်းရင်းသား များ၏အရေးကိစ္စသည် မြန်မာ နိုင်ငံလွတ်လပ်ရေးရရှိချိန်မှစ၍ ဖြစ်ပေါ်လာသည့်အချိန်ကာလရှည် စွာ ဖြစ်ပွားခဲ့သော ကိစ္စများဖြစ် ပါကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် သံသယများပျောက်ပြီး အမှန် ဘ၀ရောက်ရှိရန်အတွက် ကြိုးစား ရန်လိုအပ်ပါကြောင်း၊ နှစ်ပေါင်း (၆၀)ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော ပြဿနာများကို တစ်ရက်တည်း၊ တစ်ထိုင်တည်းဖြေရှင်းရန် မလွယ် ကူသည့် ကိစ်္စဖြစ်ပါကြောင်း၊နိုင်ငံ တော်သမ္မတက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အ ဆင့်၊ ပြည်ထောင်စုအဆင့်နှင့် ပြည်ထောင်စုလွှတ်တော်အဆင့် ဟူ၍ အဆင့်(၃)ဆင့် ပိုင်းခြားသုံး သပ်ပြီးဆောင်ရွက်သွားကြရန် လမ်းညွှန်ထားပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည် နယ်အဆင့်တွင် လုပ်ငန်းတာဝန် (၅)ရပ်နှင့် ပြည်ထောင်စုအဆင့် တွင် လုပ်ငန်းတာဝန်(၈)ရပ်ကို မူဝါဒချမှတ်ပေးထားပါကြောင်း၊ ယခုအခါတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့်သဘော တူညီချက်တွင်ပါရှိသည့် မူဝါဒ (၅)ချက်အနက် အပစ်အခတ်ရပ် စဲရေးကို ဆောင်ရွက်ပြီးဖြစ်သော် လည်း နှစ်ဦးနှစ်ဖက်သဘောတူ ညီမှု ညှိနှိုင်းရရှိထားသည့် သတ် မှတ်နေရာများတွင် နေထိုင်ရန် ကိစ္စ၊ သတ်မှတ်နေရောမှအပ အခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန်ကိစ်္စနှင့် ဆက် ဆံရေးစခန်းကို နှစ်ဖက်သဘော တူသည့် သင့်တော်ရာနေရာ၌ (လက်နက်မပါ)ထားရှိရန်ကိစ္စရပ် များကို ဆောင်ရွက်ဆဲဖြစ်ပါ ကြောင်း။
ရှမ်းပြည်နယ်အတွင်းဖြစ်ပွား ခဲ့သည့် ထိတွေ့မှုဖြစ်စဉ်များ၌ လုပ်ငန်းစဉ်တွင်ပါရှိသည့် နှစ်ဖက် တပ်များ နေရာသတ်မှတ်ခြင်း မပြုနိုင်သေးခြင်း၊ ဆက်ဆံရေးရုံး မဖွင့်လှစ်နိုင်သေးခြင်းတို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်းကို သုံး သပ်မိပါကြောင်း၊ နိုင်ငံတော် သမ္မတမှ ချမှတ်ပေးသော ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မူဝါဒများကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင် ပြီးချိန်တွင် ဤကဲ့သို့ပြဿနာများ ကွယ်ပျောက်သွားမည်ဖြစ်၍ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို အမြန်ဆုံး ကြိုးပမ်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဖြင့်ဖြေကြားသွားကြောင်းသိရ သည်


From -HotNewsJournal

No comments:

Post a Comment