Monday, August 20, 2012

မိုးသီးဇွန် အတွက် ဗကသ သမိုင်း

ပီနန်ဆရာတော်ဘုရားကြီး ဆီက လက်နက်ကိုင် တော်လှန်ရေး အတွက် ငွေလိမ်တောင်းတဲ့ ကိစ္စတွေ၊ ကိုဋ္ဌေးနိုင် ကို ကျင်းထဲမှာ ထည့်သတ်ခဲ့တာတွေ၊ ရိုလင်ဂျာတွေ ဆီက ပိုက်ဆံယူပြီး တိုင်းပြည်ကို
သစ္စာဖောက်ဖို့ လုပ်တဲ့ ကိစ္စအပါအဝင်၊ မိုးသီးဇွန် ရဲ့ မကောင်းမှု ဒုစရိုက်တွေ အားလုံးကိုတော့ သက်ဆိုင်ရာ လူတွေကပဲ မေးခွန်းထုတ် အရေးယူကြပါတော့။
ဗကသ ရဲဘော်တို့ရေ-

မိုးသီးဇွန် ဆိုတဲ့ ငနဲ၊ ပြည်တွင်းကို ပြန်ဝင်လာမယ် ဆိုတော့ သူ့ကို ကျောင်းသားသမဂ္ဂ သမိုင်းလေးဘာလေး သင်ပေးလိုက်ကြပါ။


၁၉၉၈ မှာ ထိုင်းနယ်စပ်ကို ရောက်တော့ သူနဲ့တွေ့တယ်။ ၁၉၈၉ နဲ့ ၁၉၉၀ မှာ ကျင်းပခဲ့တဲ့ ဗကသ ညီလာခံအကြောင်း ကို ပြောတိုင်း သူဟာ လုံးဝ လက်မခံခဲ့ဘူး။ နယ်စပ်မှာ ဓါးပြ ဂိုဏ်းလိုလို အုပ်စုဖွဲ့၊ ဗကသ ကို သူတယောက်တည်းက ပဲ အမွေရသရောင်ရောင် လက်ဝါးကြီးအုပ် အနိုင်ကျင့်ခဲ့တဲ့ မိုးသီးဇွန် ကို တကွေ့ကွေ့မှာ တွေ့ကြမယ် လို့ တေးထားခဲ့ပါတယ်။


သြဂတ်စ် (၂၈) မှာ ကျင်းပတဲ့ ဗကသ ညီလာခံကိုသာ သူက လက်ခံသတဲ့။

မင်းတို့ မန္တလေးညီလာခံက ဘယ်သူ့ကို ကိုယ်စားပြုသလဲ တဲ့။

ကဲ- လူတွေ သက်ရှိထင်ရှားရှိနေပါသေးတယ်။ မန္တလေးညီလာခံကို လာခဲ့ဘူး တဲ့ ကိုပြုံးချို၊ ကိုကိုကြီး အပါအဝင် ၈၈၈၈ ခေါင်းဆောင်များလည်း မိုးသီးဇွန်ဆိုတဲ့ ငနဲ ကို သမိုင်းလေး ဘာလေး သင်ပေးလိုက်ပါအုံး။

နောက်ထပ်ရှင်းရမဲ့ ကိစ္စကတော့ ဗကသ မြေအောက်လှုပ်ရှားမှုအတွက်ဆိုပြီး နိုင်ငံတကာဆီက ငွေလိမ်တောင်းတဲ့ ကိစ္စပါ။
နော်ဝေ၊ အမေရိကား နဲ့ ဒိန်းမတ်အပါအဝင် စကန်ဒီနေးဗီးယန်းနိုင်ငံတွေ ဆီကနေ ဒေါ်လာ သိန်းပေါင်းများစွာရခဲ့ပါတယ်။

မိုးသီးဇွန် တယောက် ဒီငွေတွေကို ဗကသ ရဲဘော်တွေဆီ တကယ်ပို့ခဲ့ပါသလား။ ငွေစာရင်းရှင်းတန်းလည်း ရှင်းပေးဖို့ တိုက်တွန်းပါ။
ကျောင်းသားသမဂ္ဂ ရဲဘော်တွေ အနေနဲ့လည်း သက်ဆိုင်ရာ နိုင်ငံတွေထံ ငွေစာရင်း တောင်းကြည့်လို့ရပါတယ်။ သူတို့မှာ နှစ်အလိုက် မှတ်တမ်းတွေ ရှိပါတယ်။ တောင်းယူကြပါ။ အနစ်နာခံခဲ့တဲ့ ဒီမိုကရေစီတိုက်ပွဲဝင်ရဲဘော်တွေရဲ့ သွေးစက်တွေကိုမှ အားမနာ ငွေနောက်ကောက်ကောက်ပါပြီး ပျက်စီးချင်တိုင်းပျက်စီးနေတဲ့ အတိုက်အခံတွေကိုလည်း ခြစားမှုတွေကို ဆက်မလုပ်ကြဖို့ တိုက်တွန်းကြပါ။

ကျန်တဲ့ ရာဇဝတ်မှုတွေ၊ ပီနန်ဆရာတော်ဘုရားကြီး ဆီက လက်နက်ကိုင်တော်လှန်ရေးအတွက် ငွေလိမ်တောင်းတဲ့ ကိစ္စတွေ၊ ကိုဋ္ဌေးနိုင် ကို ကျင်းထဲမှာ ထည့်သတ်ခဲ့တာတွေ၊ ရိုလင်ဂျာတွေ ဆီက ပိုက်ဆံယူပြီး တိုင်းပြည်ကို သစ္စာဖောက်ဖို့ လုပ်တဲ့ ကိစ္စအပါအဝင်၊ မိုးသီးဇွန် ရဲ့ မကောင်းမှု ဒုစရိုက်တွေ အားလုံးကိုတော့ သက်ဆိုင်ရာ လူတွေကပဲ မေးခွန်းထုတ် အရေးယူကြပါတော့။
ဗမာပြည်သူတွေအတွက် စိတ်မကောင်းပါဘူး။ တိုင်းပြည်က နည်းနည်းပွင့်လင်းလာတော့ ပြည်ပမှာ  အနှစ် (၂၀) ကျော် ကလိမ်ကကျစ်ကျ၊ အမြှီးထွက် အမြှီးစား၊ ခေါင်းထွက်ခေါင်းစား ၊ ကိုယ်ကျင့်သိက္ခာ တစက်မှ မရှိတဲ့ လူရှုပ် တွေ ပြည်တွင်းမှာ လာရှုပ်ကြတော့မယ်။ ကြည့်ပြီးတော့သာ တောထုတ်ကြပေတော့ ရဲဘော်တို့ရေ။
From -အောင်မိုးဝင်း Facebook
 
 
 
 

2 comments:

  1. အောင်မိုးဝင်း...ခင်ဗျားဟာ တော်တော်မီးမွေးတဲ့လူပဲ...တခုပြီးတခု မရိုးနိုင်အောင်ပဲလားဗျာ..မြောက်ပိုင်းကိစ္စငြိမ်သွားပြီးတာနဲ့ နောက်တခု မီးထပ်မွေးပြီ...ခင်ဗျားကကော ရိုးမှရိုးသားရဲ့ လား...သံသယ ၀င်မိတယ်ဗျာ..

    ReplyDelete
  2. အမှန်တစ်ကယ်မရိုးတာက သိန်းစိန်အစိုးရပါ..အောင်မင်းကိုလွတ်ပြီးမိုးသီးကိုဘာကြောင့်ပြန်ဝင်ခွင့်ပေးခဲ့ရတာလဲ..ပြည်တွင်းစည်းလုံးမှုမရှိအောင် ဆန့်ကျင်ဘက်တွေများမှ nld အင်အားချိနဲ့မှာလေ..။တစ်ယောက်တစ်ပေါက်နဲ့သူတလူ..ငါတမင်းဆိုတာဖြစ်လာတော့မယ်..စောင့်ကြည့်ကြ..စစ်တပ်အကြံ..ပေါ့သေးသေးမတွက်နဲ့..2015 မှာ nld ကိုသည်အတိုင်းထိုးအပ်မယ်လို့ထင်ရင်..မှားမှာပေါ့.။

    ReplyDelete